LATEST STORIES

စက်တင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂ​နွေ)

မြန်မာပြည်ရဲ့လျှပ်စစ်ဓာတ်အားပေးနိုင်မှု အခြေအနေဟာ ပိုမိုဆိုးရွားလာနေပါပြီ။ရေအားလျှပ်စစ်အပြည့်အဝ ထုတ်လုပ်နိုင်တဲ့မိုးရာသီမှာတောင် ဓာတ်အားပြတ်တောက်မှုတွေ ဆိုးရွားလာနေတယ်။အာဏာသိမ်းကာစက မိုးရာသီဆိုရင် တစ်နိုင်ငံလုံးကို ၂၄နာရီဓာတ်အားအပြည့်ပေးနိုင်ခဲ့တယ်။နောက်ပိုင်းနှစ်တွေမှာတော့ နေ့ပိုင်းတွေမှာအလှည့်ကျ ဓာတ်အားပေးလာရပြီးညပိုင်းတွေကိုတော့ မီးမှန်အောင်ပေးထားတယ်ပေါ့။ဒီနှစ်မှာတော့ မိုးရာသီမှာတောင်နေ့ရောညပါ အလှည့်ကျစနစ်နဲ့ မီးပေးနေရတယ်။နောက်လကစပြီး မနက်အစောပိုင်းတွေပါ မီးပျက်တော့မှာပါ။မနက်အစောကြီး လျှပ်စစ်မီးမရတဲ့အတွက် အလုပ်သမားတွေ၊ကျောင်းသားတွေမနက်စာထမင်းဘူးအတွက် ချက်ပြုတ်ဖို့ဒုက္ခရောက်ကြတော့မယ်။ဒါဟာရန်ကုန်က...

Read moreDetails

သြဂုတ် ၂၉၊ ၂၀၂၄။ (သောကြာ)

အ​ထွေ​ထွေကုန်​ဈေးနှုန်းများတက်ပြီး ပြည်သူအများစု စီးပွား​ရေးကြပ်တည်း​နေချိန်တွင် စစ်​ကောင်စီကလျှပ်စစ်ဓာတ်အားခ နှစ်ဆ ကျော် တိုးမြှင့်လိုက်ပါတယ်။ တိုးမြှင့်လိုက်သည့် မီတာခ နှုန်းများအရ ယခင် က ၅,၀၀၀ ကျပ်ကျသည့် အိမ်သုံးမီတာ များမှာ ၁၂, ၀၀၀ ကျပ်ပေးရနိုင်ပြီး စက်မှုသုံး...

Read moreDetails

သြဂုတ် ၂၈၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ရခိုင်ပြည်နယ်၊သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်းကို အေအေတပ်တော်က သိမ်းပိုက်လိုက်ပါပြီ။သံတွဲတစ်မြို့နယ်လုံးမှာ ထိုရေတပ်စခန်းတစ်ခုပဲ ကျန်တော့ပြီး စစ်တပ်ကထိုနေရာကနေ ကြည်း၊ရေ၊လေသုံးခုပေါင်းပြီး ခုခံနေလို့တလကျော်ကြာ တိုက်ခိုက်ခဲ့ရတယ်။တော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ရေတပ်စခန်းတစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်တာဖြစ်ပြီး သံတွဲမြို့ဟာလဲ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပါပြီ။အေအေဟာသံတွဲမြို့တောင်ဘက်ရှိဂွမြို့ကိုပါဆက်လက်တိုက်ခိုက်နေပါပြီ။ မန္တလေးတိုင်းမြောက်ဘက်က သပိတ်ကျင်းမြို့ကိုလဲ MDYPDFတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုမြို့ကိုရလိုက်တာကြောင့် မန္တလေးတိုင်းမြောက်ပိုင်းတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပါပြီ။ထီးချိုင့်မြို့ကိုသာ...

Read moreDetails

သြဂုတ် ၂၇၊ ၂၀၂၄။ (အင်္ဂါ)

စက်သုံးဆီလို ပြည်တွင်းမှာ ပြတ်လတ်နေတာက စားသုံးဆီပါ။စားသုံးဆီကိုလဲ ပြည်ပကနေဒေါ်လာဘီလီယံနဲ့ချီပြီး တင်သွင်းနေရတဲ့အချိန်မှာ စစ်ကောင်စီဟာဆီတင်သွင်းမှုကို တဖြည်းဖြည်းနဲ့လျော့ချလာပါတယ်။ဒါကြောင့်စားသုံးဆီစျေးဟာ ပြင်ပစျေးကွက်မှာ တပိသာ၁၈၀၀၀ကျပ်အထိဖြစ်လာတယ်။စစ်ကောင်စီကတော့ ရည်ညွန်းစျေး၆၀၀၀ကျပ်လောက်နဲ့ရောင်းပေးနေတယ်ဆိုပေမယ့် အလွယ်တကူဝယ်မရပဲ တန်းဆီတိုးကြိတ်ဝယ်နေရတယ်။ဒါပေမယ့်လဲ လိုသလောက်မရပဲတစ်အိမ်ထောင်ကို ရေသန့်ဘူးတစ်ဘူးသာရပါတယ်။စူပါမားကတ်ကြီးတွေမှာတောင်မှ ဆီကိုဝယ်ယူလို့မရတော့ပါဘူး။ အခုဆိုရင်စစ်ကောင်စီဟာ စားသုံးဆီဝယ်ယူခွင့်စာအုပ်တွေ ထုတ်ပေးတော့မယ်တဲ့။ထိုစာအုပ်ပါမှ ဆီဝယ်လို့ရတော့မယ်ပေါ့။ထိုစနစ်ဟာ၁၉၈၈ခုနှစ်မတိုင်မီက...

Read moreDetails

သြဂုတ် ၂၆၊ ၂၀၂၄။ (တနင်္လာ)

မြောက်ပိုင်းနဲ့ဆန့်ကျင်စွာပဲ တောင်ပိုင်းမှာတော့အတော်လေး ငြိမ်သက်နေပါတယ်။မြောက်ပိုင်းမှာ စစ်ဆင်ရေးကြီးတွေပြန်စလာတာ ၂လကြာပြီဖြစ်ပေမယ့်တောင်ပိုင်းကတော့ သူနဲ့မဆိုင်သလိုပါပဲ။ တောင်ပိုင်းကရင်ပြည်နယ်မှာဧပြီလကတည်းက တိုက်ပွဲတွေငြိမ်သက်သွားတာ အခုဆိုရင်လေးလကျော်ရှိလာပါပြီ။မြဝတီမြို့ကိုရရှိခဲ့ပေမယ့် BGFလက်ထဲ ထိုးပေးခဲ့ရတယ်။BGFကလဲ စစ်ကောင်စီကိုပြန်လွဲပေးခဲ့တယ်။ကြားထဲကအသက်တွေရင်းပြီး တိုက်ယူခဲ့တဲ့KNUပဲနစ်နာခဲ့ရတယ်။ဖြစ်ဖြစ်မြောက်မြောက်ဘာမှမလုပ်ပြသေးပဲ KNUခေါင်းဆောင်တွေဟာလေလှိုင်းပေါ်မှာ လေလုံးထွားနေဆဲပါပဲ။ကိုယ်ကျိုးစီးပွားတွေနဲ့ စစ်ရေးနိုင်ငံရေးဆက်နွယ်နေတဲ့KNUဟာ မြဝတီတိုက်ပွဲပြီးတဲ့နောက် ဦးကျိုးသွားပြီလား။

Read moreDetails

သြဂုတ် ၂၅၊ ၂၀၂၄။ (တနင်္ဂ​နွေ)

၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဟာ နှစ်လတိတိပြည့်သွားပါပြီ။ဒီနှစ်လအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ၈မြို့ခန့် ထပ်မံသိမ်းပိုက်ထားနိုင်တယ်။တစ်ပတ်ကိုတစ်မြို့ခန့် သိမ်းယူနေတဲ့သဘောပါပဲ။ထိုရှစ်မြို့ထဲမှာ လားရှိုးလိုတိုင်းစစ်ဌာနချုပ်ကြီးတွေပါဝင်လာတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။မန္တလေးမြို့နားထိ တော်လှန်ရေးအဖွဲ့တွေရောက်လာဖို့ဆိုတာဒီနှစ်လယ်ခန့်အထိ အတော်အလှမ်းဝေးနေဆဲအခြေအနေကနေ အခုဆိုရင်မန္တလေးကိုအချိန်မရွေးဝင်တိုက်နိုင်တဲ့ အခြေအနေတွေဖြစ်လာပါပြီ။ဒါတွေဟာ ရှမ်းမန်းစစ်ဆင်ရေးတွေရဲ့တိုးတက်မှုတွေပါ။ ဒါ့အပြင် နိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာလဲ အေအေတပ်တော်ဟာစစ်ကောင်စီကို မရပ်မနားအစွမ်းကုန်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေတောင်ပိုင်းအထိရောက်ရှိလာတယ်။တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အမ်းမြို့ကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။ကျွမ်းကျင်သူတွေကတော့...

Read moreDetails

သြဂုတ် ၂၄၊ ၂၀၂၄။ (စနေ)

အာဏာသိမ်း စစ်ကောင်စီက စစ်ရှုံးနေမှုကို တန်ပြန်ထိန်းချုပ်ပြီး  ကျန်ဒေသများကို ကာကွယ်နိုင်ရေးအတွက် အရပ်ဘက်များ ပါဝင်လာသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်တယ်။ ထိုအဖွဲ့ကို တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမယ်လို့ သိရတယ်။...

Read moreDetails

ကရင်နီတော်လှန်ရေးတပ်တွေ လွိုင်ကော်ကနေ ဘာကြောင့် ပြန်ဆုတ်လိုက်ရတာလဲ

ကရင်နီတော်လှန်ရေးတပ်တွေ လွိုင်ကော်ကနေ ဘာကြောင့် ပြန်ဆုတ်လိုက်ရတာလဲ   ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေရဲ့ ၁၁၁၁ စစ်ဆင်ရေးဆိုတဲ့နာမည်နဲ့ နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဟာ ခြောက်လကျော်အကြာမှာ ရည်မှန်းချက် မပေါက်ဘဲ တပ်ပြန်ဆုတ်ခဲ့ရပါတယ်။...

Read moreDetails

သြဂုတ် ၂၃၊ ၂၀၂၄။ (သောကြာ)

ပီးခဲ့တဲ့ရက်တွေထဲအကြပ်အတည်းဖြစ်နေတဲ့ ဒေါ်လာစျေးနဲ့စက်သုံးဆီကိစ္စကတော့ အတိုင်းအတာတစ်ခုအထိပြေလည်သွားပါပြီ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကဒေါ်လာသန်းတစ်ရာခန့် စက်သုံးဆီလုပ်ငန်းရှင်တွေကို ထုတ်ရောင်းခဲ့တယ်။ဒါ​ကြောင့်ဒေါ်လာစျေးဟာလဲ ၇၂၀၀ကျပ်မှ၆၀၀၀ကျပ်ခန့်အထိ ကျဆင်းသွားခဲ့တယ်။​ဒါပေမယ့်လဲ​ဒေါ်လာစျေးနဲ့အတူ လိုက်တက်သွားခဲ့တဲ့ကုန်စျေးနှုန်းတွေကတော့ ပြန်မဆင်းလာတော့ပါဘူး။နှစ်ပတ်ဆက်တိုက်ဒေါ်လာစျေးဟာ အတက်ဘက်ပဲဖြစ်ခဲ့တာကြောင့်လမ်းဘေးဆိုင်ကမုန့်တွေကအစစျေးတက်သွားခဲ့တယ်။ စက်သုံးဆီအခြေအနေကလဲ ဒီရက်ပိုင်းမှာပြန်ပြေလည်သွားခဲ့တယ်။ဒါပေမယ့်ဒါဟာလဲ ခဏတာဖြစ်မှာပါ။ဗဟိုဘဏ်ကထုတ်ရောင်းခဲ့တဲ့ ဒေါ်လာသန်း၁၀၀ရဲ့အရှိန်ကုန်သွားရင် စက်သုံးဆီပြတ်လတ်မှုကပြန်ဖြစ်လာမှာပဲ။ဒီပြသနာတွေဟာ ဆေးမှီးတိုနည်းတွေနဲ့ကုနေသမျှ ဘယ်တော့မှပြေလည်မှာမဟုတ်ပါဘူး။

Read moreDetails

သြဂုတ် ၂၂၊ ၂၀၂၄။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းစတဲ့မြန်မာပြည်အလယ်ပိုင်းမြေလတ်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ တိုးလာတာအားရစရာပါ။အခုဆိုရင်မန္တလေးတိုင်းမြင်းခြံ၊တောင်သာ၊နွားထိုးကြီးမြို့နယ်တွေကတိုက်ပွဲတွေကြောင့် စစ်ကောင်စီအရပ်ဘက်ဝန်ထမ်းတွေအားလုံးထွက်ပြေးသွားကြပြီးအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီ။ထိုဒေသတွေမှာမြို့တွေမသိမ်းနိုင်သေးပေမယ့် စစ်ကောင်စီအနေနဲ့မစိုးမိုး​နိုင်တော့ပါဘူး။ ရှမ်းမြောက်မှာတော့စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုး အသစ်ခန့်အပ်လိုက်ပါတယ်။မရှိတော့တဲ့စစ်ဌာန​​ချုပ်တစ်ခုအတွက် တိုင်းမှုးခန့်တယ်ဆိုတော့ရယ်စရာပဲ။ဒါပေမယ့်သူတို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းကနန့်လမ်မြို့မှာ ပြန်လည်အင်အားစုစည်းနေပါတယ်။ထိုမြို့ဟာTLNAသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ရဲ့တောင်ဘက်မှာ တည်ရှိတယ်။ထိုဒေသကိုအခြေပြုပြီး စစ်ကောင်စီဟာလားရှိုးမြို့ကိုပြန်လည်ရယူဖို့ ကြံစည်နေပါတယ်။အခုလဲနောင်ချိုမြို့ဘက်ကိုစစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်တယ်။လက်ရှိအခြေအနေတွေအရစစ်အုပ်စုဟာ တန်ပြန်ထိုးစစ်ပြုလုပ်နိုင်ဖို့ထပ်ရှမ်းတောင်ပိုင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ ဆင်းမလာရေးကာကွယ်ဖို့က ပိုအရေးကြီးနေပါတယ်။

Read moreDetails
Page 46 of 233 1 45 46 47 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist