LATEST STORIES

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁။ (အင်္ဂါ)

ဒီနေ့တော့မနက်အိပ်ရာနိုးတာနဲ့မနေ့ကအကြောင်းတွေးမိတယ်။ မနေ့က၂ငါး လုံးအရေးတော်ပုံကြီး အကြောင်း ကမ္ဘာသတင်းတွေမှာတက်လာပြီ။ တစ်ကမ္ဘာလုံးအံသြမှင်သက်ကြတဲ့လူထုလှုပ်ရှားမှုကြီး အနေနဲ့ပေါ့။ ဒီနေမနက်ခင်းလေးကိုဒီသတင်းတွေနဲ့ဖြတ်သန်းရတာအရသာရှိလိုက်တာ။ ဆန္ဒပြသူတော်တော်များများ အင်အားလျော့သွားတယ်။ မနေ့က ပင်ပန်းထားကြတယ်လေ။ ဒါပေမဲ့ အဓိ ကကျတဲ့နေရာတွေမှာတော့ သူ့အစုနဲ့သူရှိနေတုန်းပဲ။ ဒီနေ့အင်ဒိုသံရုံးရှေ့ဆန္ဒသွားပြကြလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနေပြည်တော်လာမယ့်အစီအစဥ်ဖျက်သိမ်းသွားတယ်လို့သိရတယ်။ ကောင်းတယ်။...

Read moreDetails

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁။ (တနင်္လာ)

နွေဦးတော်လှန်ရေးသပိတ်။ တစ်နိုင်ငံလုံးဟုန်းဟုန်းတောက်စည်ကားတယ်။ ၂၂ ရက်အတွင်းမှာ အစည် ကားဆုံးနေ့လို့တောင်ပြောလို့ရတယ်။ ရန်ကုန်တစ်မြို့တည်းမှာတင်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ လည်း မြို့တိုင်းနေရာတိုင်းမှာစည်ကားလို့နေတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ တောင်ငူ တွေတင်မကပါဘူး။ အခြား မြို့ငယ်လေးတွေမှာ ရော...

Read moreDetails

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁။ (တနင်္ဂနွေ)

ဒီနေ့ ညဖက် ၁၀ နာရီကျော် ဝန်းကျင်လောက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တစ်ရပ်ကိုထုတ်ပြန်လိုက်တယ်။ ပြည်သူတစ်ယောက်အနေနဲ့ CRPH ကလည်း တစ်တောင့်တစ်နေရာကနေ အားကိုးရချင်တယ်။ မနက်ဖြန်က ၂၂၂၂၂ အထွေထွေသပိတ်မို့အားလုံးက ကြိုတင်ပြင်ဆင်ထားကြတယ်။ မနက်ဖြန်အားလုံး လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမယ်။...

Read moreDetails

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ (စနေ)

စစ်အာဏာရှင်တွေဟာ သေနတ်ပစ်ဖြိုခွင်းတဲ့အလုပ်ကိုထပ်လုပ်လိုက်တယ်။ မန္တလေးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ရက်ရက်စက်စက်ပစ်သတ်နေတဲ့ ဗီဒီယိုဖိုင်တွေ ဖေ့စ်ဘုတ်ပေါ်တက်လာတယ်။ သတင်းဌာနတွေမှာတက်လာတယ်။ လူတွေအုတ်အော်သောင်းနင်းဖြစ် ကုန်တယ်။ တစ်နိုင်ငံလုံးက ဗီဒီယိုဖိုင်တွေကြည့်ပြီး မျက်ရည်တွေဝဲကုန်တယ်။ တော်တော်ရက်စက်တဲ့ကောင်တွေပါ။ သေသွားတဲ့ လူငယ်လေးရဲ့ “သား မရတော့ဘူး” ဆိုတဲ့ နောက်ဆုံးပြောစကားကို...

Read moreDetails

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁။ (သောကြာ)

မန္တလေးမှာ လူတွေကိုပစ်သတ်သွားတယ်။ ကချင်ပြည်နယ်မှာ လူတွေကိုလိုက်ဖမ်းတယ်။ ခေါ်သွား တယ်။ ဘယ်နေရာကိုခေါ်သွားမှန်းလည်းမသိ၊ အစလိုက်ရှာလို့လည်းမရ။ ရန်ကုန်မဟုတ်တဲ့ ဒေသတွေ မှာ အဲဒီလိုအဖြစ်အပျက်တွေများလာတော့ အားလုံးက စိတ်ပူလာကြတယ်။ အနုပညာရှင်တစ်ချို့ကို လည်း ခြိမ်းခြောက်ဖုန်းဆက်ပြီး CDM လှုံ့ဆော်ရေးကမ်ပိန်းတွေဆက်မလုပ်ဖို့ အာဏာရှင်တွေကတားဆီး...

Read moreDetails

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁။ (ကြာသပတေး)

မနေ့က တစ်နိုင်ငံလုံးအပြင်ထွက်ထားကြတော့ ဒီနေ့ လူနည်းမယ်ထင်ထားတာ။ ဒါပေမဲ့မနည်းဘူး။ ကျွန် တော်တို့ရဲ့ စည်းလုံးမှုအားက ပြင်းထန်တယ်။ တက်ညီလက်ညီရှိကြတယ်။ ဆန္ဒပြတဲ့ပုံစံကိုတစ်မျိုးပြောင်းလိုက်ကြပြန်တယ်။ မနေ့က ကားပျက်တော့ သူတို့က ကားမှန်ရိုက်ခွဲတာ မျိုး၊ ကရိန်းကားခေါ်တာမျိုးတွေကို ကြိုလုပ်ထားတယ်။ ဒီတော့ ပြည်သူတွေက...

Read moreDetails

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

တစ်တိုင်းပြည်လုံး အိမ်ပြင်ထွက်တဲ့နေ့လို့သတ်မှတ်ထားကြတယ်။ စစ်အာဏာရှင်တွေဟာ ဆန္ဒပြသူတွေတစ်ဖြည်းဖြည်းလျော့လာမယ်လို့မှန်းဆထားကြတယ်။ ဒါပေမဲ့ လုံး ဝလျော့မသွားဘူးဆိုတာ ဒီနေ့က သက်သေပြလိုက်တယ်။ ဒီနေ့ ပုံစံ (၂) မျိုးနဲ့ ဆန္ဒပြကြတယ်။ ပထမတစ် မျိုးက ရန်ကုန်တစ်မြို့လုံးကားပျက်ကြတာ။ တကယ်ပျက်တာတော့မဟုတ်ဘူးပေါ့။ ကားလမ်းမပေါ်ကားတွေကိုထွက်မောင်းပြထားပြီး ဒီအတိုင်းရပ်ထားကြတယ်။...

Read moreDetails

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁။ (အင်္ဂါ)

ဆန္ဒပြတဲ့ပုံစံလေးတွေ တစ်ချို့ ကွဲပြားသွားတာတွေ့ရတယ်။ အရင်လို လှည်းတန်းနဲ့ ဆူးလေမှာချည်းပဲ လူ စုမနေတော့ဘူး။ နေရာတိုင်းမှာ အရင်လောက်လူမများသလိုခံစားရတော့ စိုးရိမ်မိသွားတယ်။ ဒီအတိုင်းပဲ ပြီးသွားမလားပေါ့။ ဗဟိုဘဏ်မှာလူတွေစုနေတယ်။ လူ ၄၀၀ လောက်ပဲရှိမယ်။ အမေရိကန်သံရုံးရှေ့မှာတော့ လူပေါင်း သောင်းချီရှိတယ်။...

Read moreDetails

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁။ (တနင်္လာ)

သူတို့ရဲ့ခြေလှမ်းသစ်တစ်ခုက မနက်ခင်းကိုကြိုဆိုနေတယ်။ မြန်မာ့စီးပွားရေးဘဏ်ကနေ ပိုက်ဆံတွေလာထုတ်သွားတယ်တဲ့။ စစ်အာဏာရှင်တွေဟာ အစိုးရရဲ့ ဆိုင် ရာ ပိုက်ဆံတွေမှန်သမျှကိုလိုက်လံသိမ်းယူနေတယ်။ ရွှေတိဂုံဘုရားဘဏ္ဌာငွေ၊ ကျိုက်ထီးရိုးဘုရားဘဏ္ဌာ ငွေတွေကိုလည်းသိမ်းယူခဲ့တယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုက်ဆံတွေကိုလည်းသိမ်းယူခဲ့တယ်။ ကိုဗစ် ကာကွယ်‌ဆေးအတွက်ပြည်သူတွေ လှူထားတဲ့ပိုက်ဆံကိုလည်းသိမ်းယူသွားခဲ့တယ်။ သူတို့ဟာ ညဖက် ဆို ရပ်ကွက်တွေကိုခိုးဝင်တယ်။...

Read moreDetails

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်တပ်ရဲ့ခြေလှမ်းတစ်ခုစတင်လိုက်တယ်။ ဒီနေ့က ချစ်သူများနေ့။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချစ်သူတွေပျော်ရွှင်ကြပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ချစ်သူစုံ တွဲတွေကတော့ အပူမီးတွေနဲ့ရှင်သန်နေကြရတယ်။ နေ့ဖက်ရော ညဖက်ပါ ကောင်းကောင်းမွန်မွန်မနေ ကြရဘူး။ တနင်္ဂနွေနေ့ ညနေ ငါးနာရီကျော်ကနေစပြီး စစ်အာဏာရှင်ဟာ တစ်ခုခုကိုထပ်ပြီးကြံစည်ပြန်တယ်။ စစ် ကားတွေ တန်းစီးပြီး...

Read moreDetails
Page 233 of 235 1 232 233 234 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist