စစ်တပ်ရဲ့ခြေလှမ်းတစ်ခုစတင်လိုက်တယ်။
ဒီနေ့က ချစ်သူများနေ့။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချစ်သူတွေပျော်ရွှင်ကြပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ချစ်သူစုံ တွဲတွေကတော့ အပူမီးတွေနဲ့ရှင်သန်နေကြရတယ်။ နေ့ဖက်ရော ညဖက်ပါ ကောင်းကောင်းမွန်မွန်မနေ ကြရဘူး။
တနင်္ဂနွေနေ့ ညနေ ငါးနာရီကျော်ကနေစပြီး စစ်အာဏာရှင်ဟာ တစ်ခုခုကိုထပ်ပြီးကြံစည်ပြန်တယ်။ စစ် ကားတွေ တန်းစီးပြီး ရန်ကုန်တစ်မြို့လုံးကိုပတ်သွားနေတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးနား မှာ မြင်သလိုတစ်ချို့ကလည်း သမိုင်းလမ်းဆုံနားမှာမြင်ကြတယ်။ အင်တာနက်ပေါ်တင်ကြတော့ကျန်တဲ့ သူတွေကလည်းသိကြပြီး ဒီကောင်တွေဘာထပ်ပြီး ဉာဏ်နီဉာဏ်နက်လုပ်ပြန်ပြီလဲလို့တွေးကြရပြန် တယ်။
ရဲကားတွေကလည်း တစ်စခန်းထပြန်တယ်။ ညဖက်ဆိုရင် သူခိုးသူဝှက်ရန်ကနေကြောက်ရတာမို့ ရပ် ကွက်တိုင်း၊ လမ်းတိုင်းလိုလိုမှာလုံခြုံရေးအစီအမံတွေလုပ်ကြတယ်။ ကိုယ့်လမ်းထဲကိုသူစိမ်းမဝင်အောင် အတားအဆီးတွေနဲ့ကာထားတာမျိုး၊ လမ်းလုံခြုံရေးအတွက် ကိုယ်နဲ့မသိတဲ့သူတွေကို ညဖက်မှာလမ်းထဲ ပေးမဝင်တာမျိုးတွေလုပ်ကြတယ်။ ရပ်ကွက်လုံခြုံရေးအတွက်တားဆီးထားတဲ့အကာအရံတွေကို ရဲတွေ က လိုက်လံဖျက်ဆီးပြန်တယ်။ ဗိုလ်တစ်ထောင်မှာ သူတို့တွေဖျက်ဆီးသွားတဲ့ပုံတွေ ဖေ့စ်ဘုတ်မှာတက် လာတယ်။
အကူအညီလည်းမပေးဘူး။ ကိုယ့်လုံခြုံရေးကိုကာကွယ်ဖို့လုပ်ထားတာကိုလည်းဖျက်ဆီးသွားတယ်။ စစ် ကားတွေကလည်း ညနေကတည်းက တစ်မြို့လုံးကိုလိုက်ပတ်နေတယ်။ ပြီးတော့ ဒီည ၁ နာရီကနေ မ နက် ၉ နာရီအထိ အင်တာနက်ဖြတ်တောက်မယ်လို့လည်း ကြေညာထားတယ်။ သူတို့တစ်ခုခုလုပ်တော့ မယ်လို့ အားလုံးကထင်ကြေးပေးနေကြတယ်။
ဆန္ဒပြမှု အဓိကရုဏ်းကတော့ ဘာသတင်းမှမကြားရဘူး။ အားလုံးအေးအေးဆေးဆေးပဲ။ ဒါပေမဲ့ ကချင် ပြည်နယ်မှာတော့ ပစ်တာခတ်တာတွေ့ရတယ်။ Live လွှင့်တဲ့ပုံတွေလည်းတက်လာတယ်လေ။
ပြီးတော့ သတင်းတွေလွှင့်တယ်။ CDM မှာပါဝင်သူတွေကို လိုက်ဖမ်းမယ်တဲ့။ ပြီးရင် ရုံးကိုခေါ်သွားမယ်။ ပြန်မလွှတ်တော့ဘူး။ အလုပ်ဆင်းခိုင်းမယ်လို့ဆိုတယ်။ အထူးသဖြင့် ဆရာဝန်တွေတဲ့။ အဲဒီတော့ ဆရာ ဝန်တွေ၊ သူနာပြုတွေနဲ့ CDM မှာပါဝင်သူတွေက အိမ်မှာမနေဘဲ သူတို့ရဲ့အမျိုးအိမ်တွေမှာခဏတာရှောင် နေဖို့ သတင်းပေးကြတယ်။ ကျွန်တော့် အဒေါ်သူနာပြုကိုလည်း အခြားတစ်နေရာမှာ ခဏတာသွားရှောင် နေဖို့ ဖုန်းဆက်လိုက်ရတယ်။ ညတစ်နာရီ အင်တာနက်ပြတ်တဲ့အချိန်အထိ ကျွန်တော်တို့မျှော်လင့်ထား တဲ့ ထူးထူးခြားခြားသတင်းတစ်ခုမှ မတက်လာခဲ့ဘူး။ ဒါပေမဲ့။
>>>>>