စစ်ကော်မရှင်ကအသဲအသန်အလိုရှိနေတဲ့လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့အခြားသပိတ်ခေါင်းဆောင်နှစ်ဦးဟာဒီနေ့မနက်အစောပိုင်းမှာမန္တလေးမြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့စျေးချိုတော်မှာလက်ကမ်းစာစောင်တွေကြဲပြီးလျက်တပြတ်ဆန္ဒပြခဲ့ပါတယ်။သူတို့ဟာအချိန်တိုလေးအတွင်းမှာပဲစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှပြုလုပ်မယ့်အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ပေးကြဖို့ပြောသွားတယ်။
ဒေါက်တာတေဇာဆန်းဟာနာမည်ကြီးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီးအရင်ကလဲမန္တလေးမြို့ထဲထိဝင်ကာဆန္ဒပြခဲ့ဖူးတယ်။စစ်ကော်မရှင်ကအပြည့်အဝထိန်းချုပ်ထားတဲ့မန္တလေးလိုမြို့လည်ခေါင်မှာဆန္ဒပြရဲတဲ့သတ္တိကတော့လေးစားစရာပဲ။


