ဖေဖော်ဝါရီ ၁၊ ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏စစ်တပ်အာဏာသိမ်းမှု အဖြစ်အပျက်များကို စုစည်းဖော်ပြထားသောဝက်ဘ်ဆိုက်ဖြစ်ပါသည်။
ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း သုံးနှစ် သားကလေး တစ်ဦးအပါ ဒေသခံ ကိုးဦး သေဆုံးခဲ့ကြပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိသည်ဟု ဖားကန့် ဒေသခံများထံက သိရသည်။ ဩဂုတ်လ ၃ ရက်နေ့မှစတင်ကာ...

Read moreDetails

နောက်ဆုံးရသတင်းများ

အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)

မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေး-တမူး အာရှလမ်းမကြီးကိုလဲ...

အောက်တိုဘာ ၂၀၊ ၂၀၂၅။ (တနင်္ဂနွေ)

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်နေတာကြောင့် လက်ကျန်မိုးကုတ်ဒေသခံတွေဟာ စစ်ရှောင်ဖို့...

အောက်တိုဘာ ၁၉၊ ၂၀၂၅။ (စနေ)

ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းများမှာ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ရာနှင့်ချီ၍ ဖမ်းဆီးခြင်း ခံနေရတယ်။...

အောက်တိုဘာ ၁၈၊ ၂၀၂၅။ (သောကြာ)

မန္တလေးမြို့​​မြောက်ဘက်မတ္တရာမြို့နားထိနယ်မြေစိုးမိုးနိုင်ခဲ့တဲ့MDY PDFတပ်တွေလဲစစ်တပ်ရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့်နယ်မြေတွေပြန်လည်လက်လွတ်နေရတယ်။ ကနဦးကာလမှာနှစ်ဖက်စစ်ဆိုင်ထားတဲ့မတ္တရာမြို့အနောက်ခြမ်းက​​ကျေးရွာတွေကိုစစ်တပ်ကနယ်မြေစီုးမိုးမှုရယူသွားတယ်။ပီးတော့ဖယောင်းတောင်နဲ့အယ်ဖာဘိလပ်မြေစက်ရုံလိုမျိုးအရေးပါတဲ့နေရာတွေကိုဆက်ပြီးလက်လွတ်လိုက်ရတယ်။အခုဆိုရင်MDF PDFတပ်ဖွဲ့တွေအခိုင်အမာခြေကုတ်ယူထားတဲ့မတ္တရာမြို့အနောက်ခြမ်းကိုစစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်နေရာအတော်များများကဆုတ်ခွာပေးလိုက်ရတယ်။မတ္တရာမြို့မြောက်ဘက်ကသပိတ်ကျင်းမြို့ကိုစစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်သွားပြီးစဉ့်ကူးမြို့ဟာလဲစစ်အုပ်စုလက်ထဲအလွယ်တကူကျရောက်သွားနိုင်တာကြောင့်မတ္တရာနယ်ကိုလဲတော်လှန်ရေးတပ်ဖွဲ့တွေဆက်ထိန်းထားနိုင်ဖို့မလွယ်တော့ပါဘူး။

သုံးသပ်ချက်များ

LATEST STORIES

အောက်တိုဘာ ၁၉၊ ၂၀၂၅။ (စနေ)

ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းများမှာ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ရာနှင့်ချီ၍ ဖမ်းဆီးခြင်း ခံနေရတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၅၁ ဦး မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့တယ်။...

Read moreDetails

အောက်တိုဘာ ၁၈၊ ၂၀၂၅။ (သောကြာ)

မန္တလေးမြို့​​မြောက်ဘက်မတ္တရာမြို့နားထိနယ်မြေစိုးမိုးနိုင်ခဲ့တဲ့MDY PDFတပ်တွေလဲစစ်တပ်ရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့်နယ်မြေတွေပြန်လည်လက်လွတ်နေရတယ်။ ကနဦးကာလမှာနှစ်ဖက်စစ်ဆိုင်ထားတဲ့မတ္တရာမြို့အနောက်ခြမ်းက​​ကျေးရွာတွေကိုစစ်တပ်ကနယ်မြေစီုးမိုးမှုရယူသွားတယ်။ပီးတော့ဖယောင်းတောင်နဲ့အယ်ဖာဘိလပ်မြေစက်ရုံလိုမျိုးအရေးပါတဲ့နေရာတွေကိုဆက်ပြီးလက်လွတ်လိုက်ရတယ်။အခုဆိုရင်MDF PDFတပ်ဖွဲ့တွေအခိုင်အမာခြေကုတ်ယူထားတဲ့မတ္တရာမြို့အနောက်ခြမ်းကိုစစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်နေရာအတော်များများကဆုတ်ခွာပေးလိုက်ရတယ်။မတ္တရာမြို့မြောက်ဘက်ကသပိတ်ကျင်းမြို့ကိုစစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်သွားပြီးစဉ့်ကူးမြို့ဟာလဲစစ်အုပ်စုလက်ထဲအလွယ်တကူကျရောက်သွားနိုင်တာကြောင့်မတ္တရာနယ်ကိုလဲတော်လှန်ရေးတပ်ဖွဲ့တွေဆက်ထိန်းထားနိုင်ဖို့မလွယ်တော့ပါဘူး။

Read moreDetails

အောက်တိုဘာ ၁၇၊ ၂၀၂၅။ (ကြာသပတေး)

သီပေါမြို့ကိုစစ်ကော်မရှင်ကပြန်လည်ရရှိခဲ့တဲ့အတွက်မန္တလေးကနေလားရှိုးအထိလမ်းပြန်ပွင့်သွားပြီ။၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းကရရှိခဲ့တဲ့အောင်မြင်မှုတွေအားလုံးနီးပါးပြန်လည်လက်လွတ်လိုက်ရပါပြီ။TLNAနဲ့မဟာမိတ်တပ်တွေဟာမန္တလေးလားရှိုးလမ်းမကြီးကိုထိန်းချုပ်ပြီးပြင်ဦးလွင်မြို့နားထိရောက်ရှိခဲ့ပေမယ့်အခုတော့ထိုလမ်းမကြီးပေါ်ကနောင်ချို၊ကျောက်မဲ၊သီပေါမြို့တွေကိုလက်လွတ်လိုက်ရပါပြီ။ပြင်ဦးလွင်ကိုသိမ်းပြီးမန္တလေးမြို့အထိချီတက်မယ့်အစီအစဥ်ဟာလဲအိပ်မက်ဖြစ်သွားပါပြီ။

Read moreDetails

အောက်တိုဘာ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ကိုစစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်သွားပါပြီ။ ကျောက်မဲကိုရရှိပြီးလဝက်ခန့်အကြာမှာပဲသီပေါမြို့ကိုထပ်မံရရှိခဲ့တာဖြစ်တယ်။TLNAဟာသီပေါမြို့ကိုတော့ပြင်းပြင်းထန်ထန်မခုခံခဲ့လို့အခုလိုအချိန်တိုအတွင်းစစ်ကော်မရှင်ဘက်ကရရှိသွားတာပါ။သီပေါမြို့ကိုရရှိပီးနောက်စစ်တပ်ရဲ့ထိုးစစ်ဟာသတ္ထုတွင်းတွေတည်ရှိရာနမ္မမြို့ကိုဦးတည်မယ်လို့ယူဆရတယ်။

Read moreDetails

အောက်တိုဘာ ၁၅၊ ၂၀၂၅။ (အင်္ဂါ)

ကရင်နီပြည်နယ်မှာဒီမော့ဆိုမြို့ကိုစစ်တပ်ကပြန်သိမ်းပြီးနောက်တောင်ဘက်ကမြို့တွေဖြစ်တဲ့ဖရူဆိုနဲ့ဘောလခဲမြို့တွေကိုဆက်လက်စစ်ကြောင်းထိုးနေတာအခုဆိုရင်အတော်ခရီးရောက်နေပါပြီ။​ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအပြင်းအထန်ခုခံကာကွယ်နေပေမယ့်စစ်တပ်စစ်ကြောင်းတွေဟာအင်အားများပြားတာကြောင့်တဖြည်းဖြည်းနဲ့ရှေးတိုးလာနေတယ်။ စစ်ကိုင်းတိုင်းမှာလဲတော်လှန်​​ရေးတပ်ဖွဲ့တွေမကြာသေးမှီကသိမ်းပိုက်ထားတဲ့​ဗန်းမောက်မြို့ကိုစစ်တပ်ကပြန်လည်သိမ်းယူဖို့ကြိုးစားလာပါတယ်။မြို့ကိုသိမ်းပီးကတည်းကတိုက်ပွဲမဖြစ်တဲ့ရက်မရှိသလောက်ပဲ။အခုဆိုရင်စစ်တပ်စစ်ကြောင်းတွေဟာမြို့နဲ့နှစ်မိုင်အကွာအထိရောက်ရှိနေပါပြီ။ဗန်းမောက်ကိုမလဲဆက်လက်ထိန်းထားဖို့မလွယ်လောက်ဘူးထင်တယ်။

Read moreDetails

အောက်တိုဘာ ၁၄၊ ၂၀၂၅။ (တနင်္လာ)

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာစစ်ကောင်စီတပ်က အိမ်စီးကား ၅ စီးနဲ့ ဆုတောင်းပြည့်ဘုရားပွဲက စတိတ်ရှိုးပွဲကနေ ပြန်လာတဲ့လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးသွားလို့ လူငယ်အများအပြားဖမ်းဆီးခံလိုက်ရတယ်။ စုစုပေါင်း ၃၂ယောက် ခန့်မှန်း ပါသွားတယ်လို့သိရတယ်။ မုံရွာမြို့ပြင်ကကျေးရွာတွေကို ပြီးခဲ့တဲ့သီတင်းကျွတ်လပြည့်ညက ဗုံးကြဲပြီးသတ်ဖြတ်နေချိန်မှာပဲ  စစ်ကောင်စီက မုံရွာမြို့ပေါ်မှာစတိတ်ရှိုးပွဲတွေပြုလုပ်ပေးနေတယ်။ အမှတ်မရှိတဲ့...

Read moreDetails

အောက်တိုဘာ ၁၃၊ ၂၀၂၅။ (တနင်္ဂနွေ)

အာဆီယံအလှည့်ကျဥက္ကဌမလေးရှားနိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ကိုနေ့ချင်းပြန်လာသွားတယ်။စစ်ကော်မရှင်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိစ္စအတွက်ပါ။အပြန်မှာတော့ထိုအတုအယောင်ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေစေလွှတ်မှာမဟုတ်ဘူးလို့ပြောသွားတယ်။ဒါက်ိုစစ်ကော်မရှင်ကအာဆီယံကလေ့လာသူတွေစေလွတ်မယ်လို့​​​ဗြောင်လိမ်သေးတယ်။ အာဆီယံကတော့သူတို့ချမှတ်ထားတဲမူချက်ကိုမလိုက်နာသေးသ၍စစ်ကော်မရှင်ကိုထောက်ခံမယ့်ပုံမပေါ်ပါဘူး။ဒါပေမယ့်တရုတ်နဲ့ရုရှားတို့နဲ့ထောက်ခံမှုရရှိထားတဲ့အတွက်အာဆီယံကိုအရေးစိုက်မယ့်ပုံမပေါ်ပါဘူး။

Read moreDetails

အောက်တိုဘာ ၁၂၊ ၂၀၂၅။ (စနေ)

အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ ရခိုင်ရိုးမပေါ်နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေး​​နေပြီးတော်လှန်​ရေးတပ်​တွေကအပြီးသတ်ထိုးသစ်ဆင်​နေပါပြီ။ ဗျူဟာစခန်းထဲက ထိပ်ပိုင်းကောင်တွေ ရဟတ်ယာဥ်နဲ့ထွက်ပြေးကုန်ကြပြီလို့ သိရတယ်။ အမ်းပဒါန်းလမ်းပိုင်းအနီးက ​လေ​ကြောင်းရန်ကာကွယ်​ရေးအတွက် ​ရေဒါပါတပ်ဆင်ထားတဲ့​ဗျူဟာ​မြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့...

Read moreDetails

အောက်တိုဘာ ၁၁၊ ၂၀၂၅။ (သောကြာ)

အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ နေ့တိုင်းနီးပါး ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၈ဦးထက်မနည်း သေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ TNLA...

Read moreDetails

အောက်တိုဘာ ၁၀၊ ၂၀၂၅။ (ကြာသပတေး)

ကျောက်မဲကိုသိမ်းပိုက်ပြီးနောက်ဆက်တိုက်ဆိုသလိုပဲစစ်ကော်မရှင်တပ်တွေဟာTLNAထိန်းချုပ်ရာသီပေါမြို့ကိုမန္တလေးလားရှိုးလမ်းမကြီးအတိုင်းဆက်လက်တိုက်ခိုက်နေပါတယ်။တချိန်ထဲမှာပဲမိုးကုတ်မြို့ဘက်ကိုလဲစစ်ကြောင်းထိုးလာတယ်။စစ်ကော်မရှင်တပ်တွေဟာသီပေါမြို့ကိုအလွယ်တကူထပ်မံရရှိသွားမယ်လို့ထင်ကြေးတွေ​ပေးနေကြပါပြီ။TLNAဘက်ကလဲအားစိုက်ပြီးမခုခံတော့ပါဘူး။အခုဆိုရင်သီပေါမြို့နဲ့ငါးမိုင်အကွာခန့်အထိတောင်စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာပါပြီ။မိုးကုတ်မြို့ကိုသိမ်းပိုက်နိုင်ဖို့ကတော့စစ်အုပ်စုအတွက်အလှမ်းဝေးနေဦးမှာပါ။အခုလဲမြို့နဲ့မိုင်ငါးဆယ်အကွာခန့်မှာသာရှိသေးတယ်။သီပေါမြို့ကတော့ဒီလမကုန်ခင်ပြန်ပေးရတော့မှာပါ။

Read moreDetails
Page 1 of 235 1 2 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist