အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

TNLA စစ်ဦးစီးချုပ်ကမိုးမိတ်နဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်ထံပြန်ပေးရတဲ့အတွက်အကြောင်းပြချက်တွေနဲ့တကွဆိုရှယ်မီဒီယာမှတဆင့်ပြည်သူကိုတောင်းပန်စကားဆိုပါတယ်။သူပေးတဲ့အကြောင်းပြချက်တွေထဲမှာတရုတ်ဖိအားတွေ၊လူအင်အားလက်နက်အင်အားနည်းပါးလာတာတွေ၊လက်နက်အကြွေးဒေါ်လာဘီလီယံနဲ့ချီပြီးတင်နေတာတွေပါဝင်တယ်။ဒါပေမယ့်မိုးကုတ်မြို့ကတွင်းထွက်ရတနာတွေကိုဂေါက်ကွင်းပါမချန်တူးဖော်ပြီးဒေါ်လာသန်းပေါင်းများစွာရရှိသွားတဲ့အကြောင်းတော့ထည့်မပြောသွားပါဘူး။ TLNA စစ်ဦးစီးချုပ်ရဲ့စကားတွေမှာပြည်သူတွေကျေနပ်စေမယ့်အချက်တွေလဲမပါဝင်ခဲ့ပါဘူး။TLNAဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တာကိုပြည်သူတွေနားလည်ပေးခဲ့တယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့သဘောတူခဲ့တဲ့အထိနားလည်ပေးခဲ့တယ်။ဒါပေမယ့်ထိုမြို့တွေကိုNUGလက်အောက်ခံPDFတပ်တွေအစွမ်းကုန်ကာကွယ်သွားမယ်လို့ထုတ်ပြန်ပြီးချိန်မှာTLNAကိုယ်တိုင်စစ်တပ်​ကိုခေါ်သွင်းလာတဲ့အချက်ကိုတော့ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ထိုအချက်နဲ့ပတ်သက်ပြီးTLNAစစ်ဦးစီးချုပ်ကဘာဖြေရှင်းချက်မှပေးမသွားပါဘူး။ဒါ့ကြောင့်သူတို့ဘာပဲပြောပြောသူတို့လုပ်ရပ်တွေကိုသမိုင်းမှာမှတ်တမ်းတင်သွားမှာပါ။

Read moreDetails

ဒီဇင်ဘာ ၀၃၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

စစ်ကော်မရှင်​​ဟာသူ့ရဲ့လေတပ်ကိုအင်အားဖြည့်တင်းတဲ့အနေနဲ့အကြီးစားသယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်နှစ်စီးနဲ့လေယာဥ်နှစ်စီးကိုတပ်တော်ဝင်ခဲ့ပါတယ်။ရဟတ်ယာဥ်နှစ်စီးကရုရှားလုပ်MI18 အမျိုးအစားတွေဖြစ်ပြီးY8အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဥ်နှစ်စီးကတော့တရုတ်နိုင်ငံထုတ်တွေပါ။ဒီကာလအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကော်မရှင်ရဲ့သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်အနည်းဆုံးလေးစီးခန့်အထိပစ်ချနိုင်ခဲ့ပါတယ်။Y8သယ်ယူပို့ဆောင်ရေးလေယာဥ်တစ်စီးဟာလဲအာဏာမသိမ်းခင်ကပျက်ကျခဲ့ပြီးနောက်တစ်စီးဟာအာဏာသိမ်းပြီးကာလအတွင်းပျက်ကျခဲ့တယ်။စစ်ကော်မရှင်ဟာထိုသို့ဆုံးရှုံးသွားတဲ့သူ့ရဲ့လေတပ်အင်အားကိုအလျင်အမြန်ပဲပြန်လည်ဖြည့်တင်းနေတဲ့သဘောပါပဲ။ပြည့်သူ့ဘဏ္ဏာကိုဖင်ခုထိုင်ထားနိုင်တဲ့အတွက်အခုလိုစစ်လက်နက်ပစ္စည်းတွေကိုစိတ်ကြိုက်ဖြည့်တင်းနိုင်နေတယ်။တနိုင်ငံလုံးကိုနေ့စဥ်ရက်ဆက်ဆိုသလိုလေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေတဲ့စစ်ကော်မရှင်ဟာလေတပ်အင်အားကိုဖြည့်တင်းနေတဲ့အတွက်တော်လှန်ရေးအင်အားစုတွေသတိထားရမှာပါ။

Read moreDetails

ဒီဇင်ဘာ ၀၂၊ ၂၀၂၅။ (အင်္ဂါ)

မိုးကုတ်မြို့မှာစစ်ကော်မရှင်ကပြန်လည်တပ်စွဲပြီးနောက်တစ်နေ့မှာပဲတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်အုပ်စုကမြို့ဝန်းကျင်ကိုစစ်ကြောင်းထွက်လာလို့မြို့ပတ်ပတ်လည်မှာတပ်စွဲထားတဲ့PDFတပ်တွေနဲ့ထိပ်တိုက်တွေ့နေတာပါ။လောလောဆယ်မှာတော့စစ်အုပ်ကမြို့ထဲကိုသာထိန်းချုပ်ထားနိုင်ပြီးPDFတွေကမြို့ပြင်ဝန်းကျင်ဒေသတွေကိုထိန်းချုပ်ထားတယ်။ မိုးကုတ်မြို့နဲ့သိပ်မဝေးလှတဲ့မတ္တရာမြို့ကိုစစ်အုပ်စုကထိန်းချုပ်ပြီးနောက်မြောက်ဘက်ကPDFတွေထိန်းချုပ်ထားတဲ့စဥ့်ကူးမြို့ကိုဆက်လက်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေပါတယ်။စဥ့်ကူးနဲ့မတ္တရာနယ်စပ်မှာစစ်တပ်ကအင်အားစုဖွဲ့လှုပ်ရှားနေတယ်လို့သိရတယ်။TLNAစစ်ကော်မရှင်နဲ့အပစ်လိုက်တာကြောင့်မန္တလေးတိုင်းမြောက်ပိုင်းကလက်ကျန်ထိန်းချုပ်ဒေသတွေကိုNUG PDFတပ်ဖွဲ့တွေပဲကာကွယ်ရ​​တော့မှာပါ။

Read moreDetails

ဒီဇင်ဘာ ၀၁၊ ၂၀၂၅။ (တနင်္လာ)

အခုနွေဦးတော်လှန်ရေးမှာMNDAAနဲ့TLNAတို့ရဲ့လုပ်ရပ်ကြောင့်ပြည်မကဗမာလူမျိုးတော်လှန်ရေးအင်အားစုတွေအတွက်ကြီးစွာသောသင်ခန်းစာတွေရရှိလိုက်တယ်။ထိုနှစ်ဖွဲ့ဟာရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးစတင်တုန်းကစစ်တပ်ကိုအမြစ်ဖြတ်မယ်၊အဆုံးထိတိုက်ပွဲဝင်မယ်လို့ကြွေးကြော်ခဲ့ကြတယ်။ဒါကြောင့်ပြည်မကတော်လှန်ရေးအင်အားစုတွေဟာသူတို့နဲ့အတူပူးပေါင်းတိုက်ပွဲဝင်ကြတယ်။အညာဒေသကဗမာလူမျိုးလူငယ်လူရွယ်တွေရဲ့အသက်သွေးချွေးတွေရင်းခဲ့ကြတယ်။NUGဆိုရင်လဲတတ်နိုင်သလောက်လူအင်အားငွေအင်အားနဲ့ကူညီခဲ့တယ်။ဒါပေမယ့်MNDAAနဲ့TLNAဟာသူတို့ရဲ့စစ်ရေးရည်မှန်းချက်တွေပြည့်စုံသွားတဲ့နောက်မှာစစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တယ်။လားရှိုး၊မိုးကုတ်နဲ့မိုးမိတ်လိုမြို့တွေကိုကျည်တစ်ချက်ဖောက်စရာမလိုပဲစစ်ကော်မရှင်ထံပြန်ပေးခဲ့တယ်။ဘယ်လိုပဲတရုတ်နိုင်ငံရဲ့ဖိအားတွေကြုံတွေ့နေရတယ်ဆိုပေမယ့်အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ပြည်မကတော်လှန်ရေးအင်အားစုတွေရဲ့ရင်းနှီးမှုကိုမျက်ကွယ်ပြုခဲ့တယ်။TLNAရဲ့လုပ်ရပ်ဆိုရင်အတော်စိတ်ပျက်ဖို့ကောင်းတယ်။သူတို့မိုးကုတ်နဲ့မိုးမိတ်မြို့ကဆုတ်ခွါရမယ်လို့သိရချိန်မှာတောင်မြို့မှာကျန်နေသေးတဲ့အခြားတော်လှန်ရေးအင်အားစုတွေကိုပြန်တိုက်ခွင့်မပေးပဲစစ်တပ်ကိုခေါ်သွင်းလာခဲ့တယ်လေ။အတူတိုက်ပွဲဝင်ခဲ့ပေမယ့်လည်းဗမာတော်လှန်ရေးအင်အားစုတွေဟာထိုနှစ်ဖွဲ့နဲ့တိကျသေချာတဲ့နိုင်ငံရေး၊စစ်ရေးသဘောတူညီချက်တွေမရှိခဲ့လေတော့သူတို့လုပ်သမျှလက်ပိုက်ကြည့်နေရတယ်။ ထိုအချက်တွေကြောင့်ပဲလက်ရှိအချိန်မှာပြည်မကဗမာတော်လှန်ရေးအင်အားစုတွေစုစည်းညီညွတ်မှရမယ်ဆိုတဲ့အမြင်တွေထွက်ပေါ်လာပါပြီ။ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေကိုမှအားကိုးလို့မရပဲဗမာတွေရဲ့လွတ်မြောက်ရေးကိုဗမာတွေကိုယ်တိုင်ပဲတိုက်ယူရမှာဖြစ်တယ်။

Read moreDetails

နိုဝင်ဘာ ၃၀၊ ၂၀၂၅။ (တနင်္ဂနွေ)

TLNAဟာ မိုးကုတ်မြို့ထဲ စစ်ကော်မရှင်ကိုခေါ်သွင်းလာရုံမကပဲ သူအုပ်ချုပ်ခဲ့တဲ့ကာလအတွင်းမှာ မြို့ကိုဖျက်စီးသွားခဲ့တယ်။ နောက်ဆုံးအချိန်အထိ မြို့၏ အဖိုးတန်သယံဇာတများကို “အလွန်အကျွံ” ထုတ်ယူခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများသိမ်းယူခြင်းတို့ကြောင့် မြို့၏ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရတယ်။ TNLA ဟာ မိုးကုတ်မြို့ကို သိမ်းယူထားသည့်...

Read moreDetails

နိုဝင်ဘာ ၂၉၊ ၂၀၂၅။ (စနေ)

စစ်ကော်မရှင်နဲ့TLNAတို့သဘောတူထားတဲ့အတိုင်းမိုးကုတ်မြို့ထဲကိုစစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာပါပြီ။TLNAအစောင့်အရှောက်နဲ့ဝင်လာတာဖြစ်ပြီးဝင်လာတဲ့စစ်ကားတွေဟာအင်အားများလွန်းလို့မျက်စိတဆုံးရှိခဲ့တယ်။စစ်တပ်ဝင်မလာခင်တပတ်လောက်အလိုကတည်းကမြို့ထဲတပ်စွဲထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုTLNAကမောင်းထုတ်ခဲ့တယ်။အခုတော့တော်လှန်ရေးတပ်ဖွဲ့တွေဟာမြို့ပြင်မှာဆက်လက်တပ်စွဲထားပြီးမြို့ထဲမှာတော့စစ်ကော်မရှင်တပ်တွေရောက်နေပြီပေါ့။နောက်ဆုံးတော့TLNAဟာတော်လှန်ရေးကိုသစ္စာဖောက်သွားခဲ့ပါတယ်။

Read moreDetails

နိုဝင်ဘာ ၂၈၊ ၂၀၂၅။ (သောကြာ)

ဒီနေ့မှာတော့၅၀၅ပုဒ်မနဲ့မတရားအကျဥ်းချခံထားရသူတစ်ထောင်ကျော်လွတ်လာခဲ့ပါတယ်။ဒါပေမယ့်ထိုသူတွေအများစုဟာလွတ်ရက်စေ့ခါနီးသူတွေသာဖြစ်ပြီးစစ်ကော်မရှင်ကမလိမ့်တပတ်လုပ်သွားတာပဲ။နိုင်ငံတကာနဲ့တော်လှန်ရေးအင်အားစုတွေကတော့အခုလိုလွတ်ပေးတာဟာဝမ်းသာစရာကိစ္စဖြစ်ပေမယ့်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတကြီးဝင်းမြင့်ကိုလွတ်ပေးမှသာလျှင်စစ်မှန်တဲ့တိုးတက်မှုဖြစ်တယ်လို့ထုတ်ပြန်ထားကြတယ်။စစ်ကော်မရှင်ကတော့အရှက်မရှိပဲအမေရိကန်ကပြန်လာမယ့်သူတွေမြန်မာပြည်မှာမဲလာပေးကြပါလို့ပြောနေသေးတယ်။ဘာပဲဖြစ်ဖြစ်စစ်ကော်မရှင်ဟာ​နိုင်ငံရေးကစားကွက်မှာတော့တော်လှန်ရေးအင်အားစုတွေထပ်တကွက်ပိုသာနေတာကိုတွေ့ရတယ်။

Read moreDetails

နိုဝင်ဘာ ၂၇၊ ၂၀၂၅။ (ကြာသပတေး)

အမေရိကန်ကမြန်မာတွေကိုမောင်းထုတ်မယ့်အစီအစဥ်စတင်ချိန်မှာပဲစစ်ကောင်မရှင်ကသူတို့ကိုဆန့်ကျင်လို့ထောင်ထဲထည့်ထားတဲ့သူတွေနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီးထုတ်ပြန်လိုက်တယ်။အဓိကတော့နိုင်ငံရေးပုဒ်မနဲ့ထောင်ကျနေသူတွေပါ။ပြည်ပနိုင်ငံတွေမှာရောက်ရှိနေတဲ့သူတွေကိုလဲလွတ်ငြိမ်းခွင့်ပေးမှာဖြစ်တာကြောင့်ပြည်တွင်းပြန်လာဖို့ခေါ်ထားတယ်။ဒါပေမယ့်စစ်ကော်မရှင်ကိုယုံကြည်ပြီးဘယ်သူမှပြန်လာမှာမဟုတ်ပါဘူး။ စစ်ကော်မရှင်ဟာရွေးကောက်ပွဲအတွက်နိုင်ငံတကာကိုအပြကောင်းအောင်သာအခုလိုလွတ်ငြိမ်းခွင့်ထုတ်ပြန်လိုက်တာပါ။ထောင်ကျနေတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေထဲကဘယ်သူတွေပြန်လွတ်လာမလဲဆိုတာတော့စောင့်ကြည့်ရမယ်။

Read moreDetails

နိုဝင်ဘာ ၂၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

အမေရိကန်သမ္မတထရမ့်ကအမေရိကန်ကိုရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်ပေးထားတဲ့စနစ်ကိုဖျက်သိမ်းတော့မှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ထိုဥပဒေဟာရက်ပေါင်းခြောက်ဆယ်အတွင်းအသက်ဝင်လာမှာဖြစ်တယ်။လက်ရှိအမေရိကန်မှာထိုစနစ်နဲ့နေထိုင်နေသူလေးထောင်ခန့်ရှိမယ်လိူ့ခန့်မှန်းရတယ်။စစ်အုပ်စုကဖမ်းဆီးမှုကြောင့်မြန်မာပြည်ထဲနေလို့မရသူအများစုဟာထိုစနစ်ကြောင့်အမေရိကန်မှာနေထိုင်ခွင့်ရနေတာပါ။ပြောရရင်တော့နိုင်ငံရေးခိုလှုံခွင့်ပေးထားတဲ့သဘောပဲ။အခုတော့ထိုသူတွေရဲ့အနာဂတ်ဟာဝေဝါးကုန်တယ်။ ပိုဆိုးတာကထိုစနစ်ကိုဖျက်သိမ်းရတဲ့အကြောင်းပြချက်မှာမြန်မာပြည်မှာအခြေအနေတွေတိုးတက်လာပြီးရွေးကောက်ပွဲတွေပြုလုပ်လာနိုင်တာကြောင့်လို့ဆိုထားတယ်။ထိုအကြောင်းပြချက်ဟာအမေရိကန်အစိုးရကိုယ်တိုင်မြန်မာပြည်ရဲ့အခြေအနေမှန်ကိုမျက်ကွယ်ပြုထားတယ်လို့အရပ်ဖက်အဖွဲ့အစည်းတွေကဝေဖန်နေကြတယ်။ထိုစနစ်ကိုဖျက်သိမ်းလိုက်တာကြောင့်အမေရိကန်ကထွက်ခွာရမယ့်သူတွေဟာဘယ်နိုင်ငံကူးရမလဲဆိုတာတော့သေချာမသိသေးပါဘူး။

Read moreDetails

နိုဝင်ဘာ ၂၅၊ ၂၀၂၅။ (အင်္ဂါ)

မကွေးတိုင်းမြိုင်မြို့နယ်မှာပြည်သူတွေကိုဗုံးကြဲဖို့တက်လာတဲ့စက်တပ်လေထီးတစ်ခုကိုတော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့ပါတယ်။ပစ်ချခံရတဲ့စက်တပ်လေထီးကိုပါဖျက်စီးနိုင်ခဲ့တယ်။မောင်းနှင်သူနှစ်ဦးကိုတော့ရှာမတွေ့သေးပါဘူး။ ထိုစက်တပ်လေထီးမျိုးကိုပစ်ချနိုင်တာဒါဒုတိယအကြိမ်ပါ။ပထမအကြိမ်တုန်းကလဲအညာမြေမှာပဲပစ်ချနိုင်ခဲ့တယ်။ထိုစက်တပ်လေထီးတွေဗုံးကြဲလို့သီတင်းကျွတ်လပြည့်နေ့ကလဲမုံရွာမြို့အနီးရွာတရွာကမီးထွန်းပွဲလုပ်နေတဲ့ပြည်သူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့သေးတယ်။များများပစ်ချနိုင်မှသူတို့တွေလေပေါ်မတက်ရဲမှာပါ။

Read moreDetails
Page 1 of 182 1 2 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist