မိုးကုတ်မြို့မှာစစ်ကော်မရှင်ကပြန်လည်တပ်စွဲပြီးနောက်တစ်နေ့မှာပဲတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်အုပ်စုကမြို့ဝန်းကျင်ကိုစစ်ကြောင်းထွက်လာလို့မြို့ပတ်ပတ်လည်မှာတပ်စွဲထားတဲ့PDFတပ်တွေနဲ့ထိပ်တိုက်တွေ့နေတာပါ။လောလောဆယ်မှာတော့စစ်အုပ်ကမြို့ထဲကိုသာထိန်းချုပ်ထားနိုင်ပြီးPDFတွေကမြို့ပြင်ဝန်းကျင်ဒေသတွေကိုထိန်းချုပ်ထားတယ်။
မိုးကုတ်မြို့နဲ့သိပ်မဝေးလှတဲ့မတ္တရာမြို့ကိုစစ်အုပ်စုကထိန်းချုပ်ပြီးနောက်မြောက်ဘက်ကPDFတွေထိန်းချုပ်ထားတဲ့စဥ့်ကူးမြို့ကိုဆက်လက်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေပါတယ်။စဥ့်ကူးနဲ့မတ္တရာနယ်စပ်မှာစစ်တပ်ကအင်အားစုဖွဲ့လှုပ်ရှားနေတယ်လို့သိရတယ်။TLNAစစ်ကော်မရှင်နဲ့အပစ်လိုက်တာကြောင့်မန္တလေးတိုင်းမြောက်ပိုင်းကလက်ကျန်ထိန်းချုပ်ဒေသတွေကိုNUG PDFတပ်ဖွဲ့တွေပဲကာကွယ်ရတော့မှာပါ။


