ကမ္ဘာ့အရေးဟာလဲအချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။အမေရိကန်မှာ ဒေါ်နယ်ထရန့်သမ္မတဖြစ်လာပြီးရက်ပေါင်းတစ်ရာ မပြည့်ခင်မှာပဲလှုပ်ခတ်မှုတွေများစွာရှိလာတယ်။ကုန်သွယ်ရေးမှာ အခွန်တွေတိုးကောက်လာတယ်။နိုင်ငံတကာအကူအညီပေးရေးအစီအစဥ်တွေကို ဖျက်သိမ်းပစ်တယ်။ယူကရိန်းအရေးမှာ ဒေါ်နယ်ထရန့်ဟာရုရှားဘက်ကရပ်တည်နေတာကြောင့် ဥရောပနိုင်ငံတွေမျက်ခုံးလှုပ်လာတယ်။ ဥရောပမှာ စစ်အင်အားတိုးချဲ့ဖို့ပြင်လာတယ်။ အခုချိန်ထိတော့ပြောင်းလဲလာတဲ့ကမ္ဘာ့အရေးဟာ မြန်မာ့အရေးကိုကောင်းကျိုးပြုမယ့် အချက်မတွေ့သေးပါဘူး။ဒေါ်နယ်ထရန့်ဟာပူတင်နဲ့သင့်မြတ်နေတော့ ကောင်းကျိုးထပ်ဆိုးကျိုးတွေသာ ပိုဖြစ်ပေါ်လာဖို့ရှိနေတယ်။အခြားဒီမိုကရေစီနိုင်ငံတွေဟာလဲ သူတို့ဒီမိုကရေစီကိုခြိမ်းခြောက်ခံလာရမယ့်အရေး ကာကွယ်ဖို့ရှိလာတာကြောင့်မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားနိုင်မှုပိုမိုနည်းပါးလာနေပါတယ်။တကယ်တော့...
Read moreDetailsမင်းအောင်လှိုင်ကတော့ ရုရှားမှာအတော်ပျော်ရွှင်နေပုံပဲ။ပူတင်နဲ့ဖက်လှဲတကင်းနုတ်ဆက်နေတဲ့ ပုံတွေတွေ့ရတယ်။သားကအဖေကို တွေ့လိုက်သလိုမျိုးပဲ။သူ့ရဲ့ရုရှားခရီးစဥ်အောင်မြင်တယ်လို့ နေပြည်တော်ကသူ့လူတွေကို ပြန်ပြောထားတယ်လို့သိရတယ်။ခရီးစဥ်အတွင်းသဘောတူညီချက်များစွာ ရထားတယ်။နူကလီးယားဓာတ်အားပေးစက်ရုံ အသေးစားတစ်ခု ဆောက်လုပ်ပေးဖို့လဲပါတယ်။ မင်းအောင်လှိုင်ရဲ့အခုတခေါက် ရုရှားခရီးစဥ်ကို သတိထားစောင့်ကြည့်ရပါမယ်။အရင်အခေါက်တွေလို ခိုးကြောင်ခိုးဝှက်သွားတာမဟုတ်ပဲပူတင်က ဖိတ်လို့သွားတာဖြစ်တယ်။ရုရှားကစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်တဲ့သဘောပဲ။ဒါဟာစစ်ကောင်စီအတွက် ကြီးမားတဲ့အသက်ရှူပေါက်တစ်ခု ဖြစ်လာမှာဖြစ်ပြီးနိုင်ငံရေးစစ်ရေးအကူအညီတွေ ရလာနိုင်ပါတယ်။စစ်ကောင်စီဟာ တရုတ်နိုင်ငံနဲ့လဲလောလောဆယ်မှာ ကောင်းမွန်ဆက်ဆံရေးရှိထားတယ်။တော်လှန်ရေးအင်အားစုတွေ...
Read moreDetailsရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့မှာ KIAနဲ့TLNAနှစ်ဖက်တပ်တွေ အချင်းများနေတာကြာပါပြီ။အရင်ရက်တွေကအောက်ခြေတပ်သားတွေ ထိုးကြိတ်နေကြတဲ့ဗီဒီယိုဖိုင်တွေ တက်လာသေးတယ်။ဒီရက်ပိုင်းမှာတော့ ထိုမြို့ကKIAဆက်ဆံရေးရုံးကို TLNAကအင်အားသုံးဝင်စီးပြီး KIAတပ်ဖွဲ့ဝင်တွေကိုဖမ်းခေါ်သွားပါတယ်။ကွတ်ခိုင်မြို့မှာKIAတပ်တွေရှိနေတာ TLNAကသဘောကျပုံမရဘူး။အခုတော့နှစ်ဖက်တင်းမာမှုအခြေအနေတွေဟာ ပိုဆိုးလာနေပါပြီ။မကြာခင် ကျည်ပေါက်သွားနိုင်တဲ့အခြေအနေပါပဲ။KIAဘက်ကတော့ ဒေသခံပြည်သူတွေရဲ့သဘောထားနဲ့ ဆုံးဖြတ်သွားမယ်လို့ပြောလာတယ်။ ချင်းပြည်နယ်ဘက်မှာနှစ်ဖွဲ့ကွဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေပေါင်းစည်းဖို့ ကြိုးစားနေချိန်မှာ ကချင်ပြည်နယ်နဲ့ရှမ်းမြောက်ကEAOကြီးတွေ အချင်းချင်းတင်းမာမှုတွေရှိလာတာ အလားအလာမကောင်းပါဘူး။ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့မျှော်လင့်မိတယ်။
Read moreDetailsစစ်ကိုင်းတိုင်း မုံရွာမန္တလေးလမ်းမပေါ်မှာခရီးသည်တင်ကားတစီးကိုစစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးချသွားပါတယ်။ ဒီနေ့ထိုလမ်းပေါ်မှာစစ်ကောင်စီရဲ့သံပြားကာစစ်ကားနှစ်စီးကို တော်လှန်ရေးအဖွဲ့တွေခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်လမ်းပိတ်ထားတာကြောင့် ခရီးသွားကားတွေရပ်တန့်ထားရတယ်။ထိုအချိန်မှာစစ်သူပုန်တွေ ရောက်လာပြီး ရှေ့ဆုံးကခရီးသည်အပြည့်ပါသော ခရီးသည်တင်ကားတစ်စီးကို တိုက်ပွဲဧရိယာထဲခေါ်ယူသွားကာ လူသားဒိုင်းအဖြစ်အသုံးချသွားတယ်။တိုက်ပွဲခဏရပ်တန့်သွားချိန်မှာတော့PDFတွေက ကားပေါ်ကခရီးသည်တွေကို ကယ်ထုတ်ခဲ့ပါတယ်။ဒါပေမယ့်ထိုအချိန်မှာပဲ စစ်သူပုန်တွေကကားအနီးဝန်းကျင်ကို တပ်လေထီးနဲ့ဗုံးတွေကြဲချခဲ့တာကြောင့်ကလေးတစ်ယောက်နဲ့မိခင်တစ်ယောက်အသက်ဆုံးရှုံးခဲ့ရတယ်။ထိုတိုက်ပွဲမှာသံပြားကာ ကားနှစ်စီးကိုဖျက်စီးနိုင်ခဲ့ပေမယ့် စစ်သူပုန်တွေရဲ့လူသားဒိုင်းလုပ်မှုကြောင့် ပြည်သူတချို့အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်ကောင်စီကတော့ ထိုဖြစ်ရပ်ကိုPDFတွေလုပ်တာပါလို့လွဲချပါတယ်။ဒါပေမယ့်အမှန်တရားကိုတော့...
Read moreDetailsရှမ်းမြောက်ကTLNAနဲ့MNDAAထိန်းချုပ်နယ်မြေတွေမှာ ထိုအဖွဲ့တွေကအခွန်တွေအများအပြား ကောက်ခံနေတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေရတယ်။TLNAထိန်းချုပ်နယ်မြေတွေမှာ ကုန်စုံဆိုင်တွေကအစ အခွန်ဆိုပြီး တလ၅သိန်းတောင်းခံနေတယ်လို့သိရတယ်။တစ်လငါးသိန်းဆိုတဲ့ နှုန်းထားဟာအလွန်များပြားလွန်းတယ်။ဆိုင်တိုင်းထိုနှုန်းထားနဲ့သာပေးရမယ်ဆိုရင် အခြေခံကုန်စျေးနှုန်းတွေစျေးထပ်တက်လာပါလိမ့်မယ်။ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရမှုတွေကြောင့်ပစ္စည်းတွေရှားပါးနေချိန်မှာ အခုလိုအခွန်တွေမတရားကောက်ခံတာဟာ ဒေသခံပြည်သူတွေကို အကြီးအကျယ်ထိခိုက်စေတယ်။ထိုဆိုင်တွေဟာအရင်စစ်ကောင်စီလက်အောက်မှာ အခွန်ဆိုပြီးမယ်မယ်ရရပေးခဲ့ရတာမဟုတ်ပါဘူး။စစ်စားရိတ်လိုလို့ အခွန်ကောက်တယ်ဆိုပေမယ့် မျှမျှတတတော့လုပ်သင့်တယ်။ MNDAAထိန်းချုပ်နယ်မြေမှာလဲ စက်သုံးဆီသယ်ဆောင်လာတဲ့ ဘောင်ဆာကားတွေကို တစ်စီးငါးသိန်းနှုန်းနဲ့အခွန်ကောက်ခံနေတယ်။စက်သုံးဆီရှားပါးနေတဲ့...
Read moreDetailsအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကိုဒီနေ့စတင်ထွက်ခွာသွားပါတယ်။အရင်ကမင်းအောင်လှိုင်ဟာ ရုရှားကိုသုံးကြိမ်ထပ်မနည်းသွားခဲ့ဖူးပေမယ့် ဒီတစ်ခေါက်မှာတော့ ရုရှားသမ္မတ ပူတင်ရဲ့ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်တာဖြစ်တယ်။ရုရှားတင်မကပဲပုလင်းတူဘူးဆို့နိုင်ငံတွေဖြစ်တဲ့ ဘီလာရုစ်ကိုပါသွားရောက်မယ်လို့သိရတယ်။ အာဏာသိမ်းပြီးတဲ့နောက်ဘယ်နိုင်ငံမှစစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုတဲ့အတွက်မင်းအောင်လှိုင်ဟာ ရုရှားနဲ့တရုတ်ကိုသာလှည့်ပတ်သွားလာနေရတယ်။ဒါပေမယ့်ထိုနှစ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးအာဏာရှင်နိုင်ငံတွေဖြစ်တာကြောင့် မင်းအောင်လှိုင်ရဲ့ခရီးစဥ်တွေကို စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။
Read moreDetailsအေအေတပ်တော်ရဲ့ထိုးစစ်တွေဟာ မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ကြောင်းတွေအထိ ရောက်ရှိလာနေပါပြီ။မကွေးတိုင်းထဲက နတ်ရေကန်စခန်းကိုထိုးစစ်ဆင်နေသလိုပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းကိုလဲ တပြိုင်နက်ထဲတိုက်ခိုက်နေပါတယ်။ထိုစခန်းတွေကိုသာရရှိခဲ့ရင် စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေပါ အေအေလက်ထဲရောက်သွားမှာဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလဲ အပြင်းအထန်ခုခံနေတယ်။ ဧရာဝတီတိုင်းဘက်မှာတော့အေအေက ထိုးစစ်တွေရပ်နားထားတာကြောင့် လောလောဆယ်တိုက်ပွဲတွေငြိမ်သက်နေလို့ တချို့စစ်ရှောင်တွေနေရပ်ပြန်လာကြတယ်။ကမ်းခြေတွေပြန်ဖွင့်ထားပေမယ့် လာ ရောက်လည်ပတ်သူတွေနည်းပါးပါတယ်။
Read moreDetailsမြိုင်နယ် အနောက်တောင်ပိုင်း ရေနံမှော်တွေထဲက PDF မင်္ဂလာဆောင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများပြားပြီး ပြည်သူတွေရွှေ့ပြောင်းထွက်ပြေးနေရပါတယ်။ မင်္ဂလာဆောင်ကိုလာရောက်သူ ၁၀ဦးကျော် သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရသွားတယ်။ စစ်အုပ်စုက ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ် ...
Read moreDetailsချင်းတော်လှန်ရေးအင်အားစု နှစ်ခုဖြစ်သည့်ချင်းပြည်(Chinland)ကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ကောင်စီနှစ်ခုကို ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီဟုခေါ်တွင်ရန် သဘောတူညီကြောင်း ပူးတွဲထုတ်ပြန်လာပါတယ်။ ချင်းပြည်အတွင်းရှိ ပြည်သူများအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းကို မဖြစ်သင့်ကြောင်းနှစ်ဖက် လက်ခံယုံကြည်ပြီး ယခုကဲ့သို့ ကောင်စီသစ်တစ်ရပ်အဖြစ်ပေါင်းစည်းရန် သဘောတူခဲ့ကြတယ်။ ချင်းအမျိုးသားကောင်စီ...
Read moreDetailsမကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က PDF တွေသိမ်းပိုက်ထားတဲ့ ရေနံမှောင်တွေကို စစ်အုပ်စုက နေ့စဥ်နီးပါးဗုံး ကြဲတိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိုင်နယ်အနောက်ပိုင်း ရေနံမှော်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရေနံတူးဖော်တာတွေ၊ ကေတီဗီနဲ့ အနှိပ်ခန်းဖွင့်လှစ်တာတွေ ရှိထားတယ် အကြောင်းအချက်တွေပါဝင်တဲ့ သတင်းဆောင်းပါးတစ်ခုကို...
Read moreDetailsYou can copy without credits to our site. We Need Freedom.