အမေရိကန်ပြည်ထောင်စုက အာဏာသိမ်းစစ်တပ်၏ လက်ဝေခံတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ခေါင်းဆောင်လေးဦးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း ထုတ်ပြန်လိုက်တယ်။ BGF ခေါင်းဆောင်စောချစ်သူကိုတော့ အစောပိုင်းကတည်းက ဒဏ်ခတ်ပိတ်ဆို့ပြီးသားပါ။ ကရင်ပြည်နယ်ကလက်နက်ကိုင်အဖွဲ့အတော်များဟာလဲ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြတယ်။ ဒီထပ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အမေရိကန်အစိုးရက ကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် Scam Center...
Read moreDetailsတနင်္သာရီတိုင်း၊ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့မောတောင်မြို့ကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေသိမ်းပိုက်နိုင်လိုက်ပါတယ်။ထိုမြို့ကိုမသိမ်းခင်ထိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုKNUကထိန်းချုပ်ထားတာပါ။စစ်ကော်မရှင်ကထိုလမ်းကြောင်းကိုပြန်လည်ရယူဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့မောတောင်မြို့ကိုပါလက်လွတ်လိုက်ရတယ်။ဒါ့ကြောင့်ထိုမြို့ဟာမြန်မာပြည်အောက်ပိုင်းတနင်္သာရီတိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာတယ်။ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုသာလက်မလွတ်ရရင်မြန်မာပြည်အောက်ပိုင်းကထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးနီးပါးကိုKNUကထိန်းချုပ်သွားနိုင်မှာပါ။မြဝတီကုန်သွယ်ရေးလမ်းကြောင်းကိုအလွယ်တကူလက်လွတ်လိုက်ရတာအတော်နှမြောဖို့ကောင်းတယ်။
Read moreDetailsကရင်ပြည်နယ်မြဝတီမြို့အနီးကကျားဖြန့်အဆောက်အအုံတွေကိုစစ်တပ်နဲ့BGFတို့ပူးပေါင်းပြီးဗုံးခွဲဖျက်စီးနေပါတယ်။ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာKK Park ကအဆောက်အအုံတွေကိုကျားဖြန့်နှိမ်နင်းရေးခေါင်းစဥ်နဲ့ဖျက်စီးပြလျက်ရှိတယ်။ဒါပေမယ့်ဂြိုလ်တုဓာတ်ပုံတွေအရတော့KK Parkမှာကြီးကြီးမားမားပျက်စီးမှုတော့မတွေ့ရသေးပါဘူး။အဆောက်အအုံတွေဖျက်စီးတာကိုအကြောင်းပြပြီးသက်သေတွေဖျက်စီးတာလဲဖြစ်နိုင်သေးတယ်။ တဖက်မှာလဲKK Park ကိုတည်ထောင်သူတရုတ်လူမျိုးတစ်ယောက်ကိုထိုင်းရဲကတရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်တယ်။ဒါ့ကြောင့်မြဝတီကကျားဖြန့်လုပ်ငန်းတွေကတော့အခြေအနေသိပ်မဟန်တော့ပါဘူး။
Read moreDetailsတနိုင်ငံလုံးကစစ်မျက်နှာအားလုံးနီးပါးမှာအသာစီးရနေပေမယ့်စစ်ကော်မရှင်တပ်တွေရှေ့တိုးလို့မရသေးတဲ့စစ်မျက်နှာဒေသတစ်ခုတော့ရှိပါသေးတယ်။ထိုဒေသကတော့ရခိုင်ပြည်နယ်ပါပဲ။ရခိုင်ပြည်နယ်ထဲကကျောက်ဖြူမြို့နယ်နဲ့ရခိုင်နဲ့ပြည်ပအစပ်ကဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေတာကြာပါပြီ။စစ်ကော်မရှင်ကအကြိမ်ကြိမ်ထိုးစစ်ဆင်နေပေမယ့်မအောင်မြင်ပဲတပ်လန်ကျနေတယ်။အချို့ကပစစက်ရုံတွေအနီးအထိတောင်အေအေတပ်တွေရောက်ရှိနေတာကြောင့်စစ်ကော်မရှင်ကအပြင်းအထန်ကာကွယ်နေရတယ်။ စစ်ကော်မရှင်ဟာရခိုင်တောာင်ပိုင်းမြို့နယ်သုံးခုကိုရွေးကောက်ပွဲကျင်းပမယ့်စာရင်းထဲထည့်ထားတာကြောင့်ပြန်လိုချင်နေတယ်။အေအေထိန်းချုပ်ထားတဲ့ထိုမြို့တွေကိုကုန်းလမ်းကနေစစ်ကြောင်းထိုးနေတာမအောင်မြင်တာကြောင့်ရွေးကောက်ပွဲမတိုင်မီပြန်ရဖို့ကမဖြစ်နိုင်သလောက်ပါပဲ။
Read moreDetailsခန့်မှန်းထားခဲ့တဲ့အတိုင်းပဲရှမ်းမြောက်မှာအပစ်ရပ်နိုင်ပြီးနောက်စစ်ကော်မရှင်ဟာတပ်တွေရွေ့ပြောင်းပြီးအခြားဒေသတွေကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်လာပါတယ်။လက်ရှိမှာအမြင်သာဆုံးကတော့ချင်းပြည်နယ်နဲ့မန္တလေးတိုင်းမြောက်ဘက်ဒေသတွေပဲ။ဒီနှစ်ဧပြီလလောက်ကစလာတဲ့စစ်ကော်မရှင်ရဲ့တန်ပြန်ထိုးစစ်တွေဟာအခုနိုဝင်ဘာလအရောက်မှာတော့အတိုင်းအတာတစ်ခုအထိခရီးရောက်လာပြီလို့ပြောလို့ရတယ်။ဒီကာလအတွင်းမှာရှမ်းမြောက်နဲ့ကရင်ပြည်နယ်မှာစစ်ရေးအရအောင်မြင်မှုတွေရနေတယ်။ဆက်လက်ပြီးကရင်နီပြည်နယ်၊ချင်းပြည်နယ်၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းတို့ကိုထိုးစစ်ဆင်နေတယ်။ကချင်ပြည်နယ်မှာတော့နှစ်ဖက်လုံးအသာစီးမရသေးပါဘူး။ဒီနှစ်ကုန်ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လည်ရယူနိုင်ဖို့စစ်ကော်မရှင်ကဆက်လက်ကြိုးစားဦးမှာပါ။
Read moreDetailsမန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် ဆည်တော်ကြီးဆည် စခန်းများကိုစစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပါပြီ။ စစ်ကော်မရှင်တပ်က စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသောထို နယ်မြေများကို ပြန်လည်ရရှိသွားသဖြင့် မတ္တရာမြို့နယ်တွင်းကျေးရွာများမှ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ပြီး အများအပြား တိမ်းရှောင်နေကြတယ်။ မတ္တရာတန်ပြန်ထိုးစစ်ကို ယမန်နှစ်နိုဝင်ဘာလမှ...
Read moreDetailsချင်းပြည်နယ်ဘက်တက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာစစ်ရေးအရရေးပါတဲ့တီးတိန်သိုင်းင်လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်လိုက်ပါပြီ။ဒါ့အပြင်ထိုဒေသမှာအမြင့်ဆုံးတောင်ဖြစ်တဲ့ကနေဒီတောင်ကိုလဲပြန်လည်ထိန်းချုပ်လိုက်တယ်။ထိုသို့ထိန်းချုပ်နိုင်လိုက်တာကြောင့်တီးတိန်မြို့ကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်နိုင်ဖို့အလှမ်းဝေးသွားပြီးစစ်ကော်မရှင်ဘက်ကလဲတီးတိန်မြို့ကိုအခြေပြုပြီးတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ဖလမ်းမြို့ကိုဆက်လက်ထိုးစစ်ဆင်ဖို့လွယ်ကူသွားတယ်။ ဒီတစ်ခေါက်တက်လာတဲ့စစ်တပ်စစ်ကြောင်းတွေဟာအရင်လမ်းဟောင်အတိုင်းမဟုတ်ပဲလမ်းသစ်ဖောက်ပြီးတက်လာတာလို့သိရတယ်။ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လဲလမ်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားတာမျိုးမတွေ့ရဘူး။ဒါ့ကြောင့်ဒီတစ်ခေါက်ချင်းပြည်နယ်ဘက်တက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာအရင်ကထပ်ခရီးရောက်လာတယ်လို့ပြောလို့ရတယ်။
Read moreDetailsရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်စီးမှုဥပဒေနဲ့အရေးယူထားတဲ့လူဦးရေဟာ၉၀ကျော်ရှိလာပြီဖြစ်ပါတယ်။အများစုကတော့မဲဆွယ်ဆိုင်းဘုတ်တွေဖျက်စီးမှု၊လူမှုကွန်ယက်တွေပေါ်မှာရေးသားမှုတွေကြောင့်အရေးယူခံရတာဖြစ်တယ်။ဒီရက်ပိုင်းမှာတင်နာမည်ကြီးဒါရိုက်တာမိုက်တီးနဲ့အခြားအနုပညာရှင်အချို့အရေးယူခံလိုက်ရတယ်။သူတို့တွေဟာဖေ့ဘုတ်ကလှုံ့ဆော်တဲ့အရေးအသားတွေကိုreactပေးတယ်ဆိုပြီးဖမ်းဆီးသွားတာပါ။ စစ်ကော်မရှင်ဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအတော်ကိုအထိမခံဖြစ်နေတာပါ။ပါးစပ်ကဒီမိုကရေစီလို့အော်နေပြီးလူမှုကွန်ယက်တွေမှာတောင်တချက်မှားတာနဲ့စောင့်ကြည့်ပြီးထောင်ထဲတန်းထည့်နေတယ်။အာဏာရှင်နိုင်ငံအချို့ထပ်တောင်ဆိုးရွားတဲ့တင်းကြပ်မှုတွေပြုလုပ်နေပြီးဒီမိုကရေစီလို့အော်နေတာရယ်စရာပဲ။
Read moreDetailsရှမ်းမြောက်မှာ စစ်ကော်မရှင်နှင့် တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် (TNLA) တို့ အပစ် ရပ်စဲလိုက်ပြီးနောက်စစ်ကော်မရှင်က ၎င်းတို့ တပ်ဖြန့်ထားသည့် ရှမ်းမြောက်ရှိ တပ်များကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းကိုပြန်လည် ခေါ်ယူလာတယ်။ ပြီးခဲ့တဲ့ရက်တွေက ရှမ်းမြောက်ဘက်မှ ပြန်ဆင်းလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ စစ်သုံးကားကြီး အစီး...
Read moreDetailsမိုးကုတ်နဲ့မိုးမိတ်မြို့တွေကTLNAတပ်တွေနိုဝင်ဘာလအကုန်ဆုတ်ခွာမယ်လို့သိရတယ်။TLNAဆုတ်ခွာသွားပေမယ့်မိုးကုတ်မြို့ကိုNUGလက်အောက်ခံတပ်တွေဆက်လက်ထိန်းချုပ်ကာကွယ်သွားမှာလို့ကြေညာထားတယ်။မိုးမိတ်မြို့ကိုလဲဒေသခံPDFတပ်တွေနဲ့အတူဝါရင့်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ABSDFတပ်တွေကဆက်လက်ကာကွယ်သွားမယ်လို့သိရတယ်။KIAကလဲမိုးမိတ်မြို့ကာကွယ်ရေးအတွက်လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ပြောထားတယ်။ တော်လှန်ရေးတပ်တွေကစစ်တပ်ရဲ့ထိုးစစ်ကိုခုခံဖို့ပြင်ဆင်နေချိန်မှာပဲမြို့ခံတွေကတော့လေကြောင်းရန်ကိုကြောက်လို့မြို့ကိုစွန့်ခွာနေကြတယ်။ဒါ့အပြင်TLNAကမဆုတ်ခွာမှီစစ်တပ်ကိုခေါ်သွင်းလာမှာစိုးရိမ်နေကြတယ်။လားရှိုးမြို့တုန်းကMNDAAတပ်တွေကိုယ်တိုင်စစ်တပ်ကိုမြို့ထဲထိခေါ်သွင်းပြီးပြန်ပေးခဲ့တာလေ။အခုမိုးကုတ်နဲ့မိုးမိတ်မြို့ကိုလဲTLNAကလားရှိုးပုံစံစစ်တပ်ကိုခေါ်သွင်းလာမှာစိုးရိမ်နေကြတယ်။ဒါပေမယ့်ထိုနှစ်မြို့ပေါ်နဲ့မြို့ပတ်ဝင်းကျင်ဒေသတွေမှာအခြားတော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းကောင်းနဲ့ထိန်းချုပ်ထားတာကြောင့်လားရှိုးလိုဖြစ်လာနိုင်ဖို့တော့သိပ်မလွယ်ပါဘူး။ဒီလကုန်TLNAဆုတ်ခွာတဲ့အချိန်ကိုစောင့်ကြည့်ရမှာပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.