ကရင်ပြည်နယ်မြဝတီမြို့အနီးကကျားဖြန့်အဆောက်အအုံတွေကိုစစ်တပ်နဲ့BGFတို့ပူးပေါင်းပြီးဗုံးခွဲဖျက်စီးနေပါတယ်။ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာKK Park ကအဆောက်အအုံတွေကိုကျားဖြန့်နှိမ်နင်းရေးခေါင်းစဥ်နဲ့ဖျက်စီးပြလျက်ရှိတယ်။ဒါပေမယ့်ဂြိုလ်တုဓာတ်ပုံတွေအရတော့KK Parkမှာကြီးကြီးမားမားပျက်စီးမှုတော့မတွေ့ရသေးပါဘူး။အဆောက်အအုံတွေဖျက်စီးတာကိုအကြောင်းပြပြီးသက်သေတွေဖျက်စီးတာလဲဖြစ်နိုင်သေးတယ်။
တဖက်မှာလဲKK Park ကိုတည်ထောင်သူတရုတ်လူမျိုးတစ်ယောက်ကိုထိုင်းရဲကတရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်တယ်။ဒါ့ကြောင့်မြဝတီကကျားဖြန့်လုပ်ငန်းတွေကတော့အခြေအနေသိပ်မဟန်တော့ပါဘူး။


