အမေရိကန်ပြည်ထောင်စုက အာဏာသိမ်းစစ်တပ်၏ လက်ဝေခံတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ခေါင်းဆောင်လေးဦးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း ထုတ်ပြန်လိုက်တယ်။ BGF ခေါင်းဆောင်စောချစ်သူကိုတော့ အစောပိုင်းကတည်းက ဒဏ်ခတ်ပိတ်ဆို့ပြီးသားပါ။ ကရင်ပြည်နယ်ကလက်နက်ကိုင်အဖွဲ့အတော်များဟာလဲ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြတယ်။
ဒီထပ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အမေရိကန်အစိုးရက ကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် Scam Center Strike Force ကိုဖွဲ့စည်းလိုက်ပါတယ်။ ထိုအဖွဲ့ဟာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ရှိ ကျားဖြန်ငွေကြေးလိမ်လည်မှုဂိုဏ်းများကို ဖမ်းဆီးခြင်း၊ ပိတ်ဆို့အရေးယူခြင်း၊ ငွေကြေးစနစ်များကိုကာကွယ်ခြင်း၊ လိမ်လည်ခံရသူများကို ကူညီပေးခြင်းတို့ လုပ်ဆောင်သွားမယ်လို့ သိရတယ်။ ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို ဘယ်လိုနည်းနဲ့အရေးယူဖို့ကြိုးစားလာမလဲ စောင့်ကြည့်ရမှာပါ။


