စစ်ကော်မရှင်က ချင်းပြည်နယ်မြောက်ပိုင်းက သူတို့ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားလာပါပြီ။ ဒီလဆန်းပိုင်းမှစပြီး ချင်းတောင်ပေါ်သို့ အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာတယ်။ စစ်တပ်စစ်ကြောင်းတွေဟာစစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို အခြေပြုထားတယ်။ ချင်းပြည်နယ်ဘက်ကို ကလေးကနေ တက်လာပြီးတော့မှ တီးတိန်မြို့နယ်ထဲကိုစပြီးတော့ ဝင်နေတယ်။ မြေပြင်ကသူတို့က လက်နက်ကြီးတွေနဲ့လက်နက်ငယ်တွေနဲ့...
Read moreDetailsကရင်နီပြည်နယ်ကိုစစ်ကော်မရှင်ကစစ်ကြောင်းလေးကြောင်းအထိခွဲပြီးထိုးစစ်ဆင်နေပါတယ်။ဒီမောဆိုမြို့ကိုထိန်းချုပ်နိုင်ပြီးနောက်တောင်ဘက်ကဖရူဆိုနဲ့ဘောလခဲမြို့တွေကိုဆက်လက်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါ။ထိုမြို့နယ်တွေကိုရွေးကောက်ပွဲကျင်းပမယ့်မြို့စာရင်းမှာထည့်သွင်းထားတဲ့အတွက်မရရအောင်ထိန်းချုပ်ဖို့အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတယ်။ရွေးကောက်ပွဲမတိုင်မီမှာသံလွင်မြစ်အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားပါလိမ့်မယ်။
Read moreDetailsရွေးကောက်ပွဲဝါဒဖြန့်ဗီဒီယိုနဲ့ပါဝင်သရုပ်ဆောင်သူတွေကိုပြည်သူတွေBoycottလုပ်တာအောင်မြင်နေတဲ့အတွက်စစ်အုပ်စုကအကြီးအကျယ်ဒေါသထွက်နေပါတယ်။ရုပ်ရှင်အစည်းအရုံးကသရုပ်ဆောင်တွေကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲကန်ပိန်းတွေမှာမဖြစ်မနေပါဝင်ရမယ်လို့ဖိအားပေးလာတယ်။ဒါ့အပြင်နာမည်ကြီးသရုပ်ဆောင်တွေအားလုံးကိုအကြောင်းပြချက်ခိုင်လုံမှုမရှိပဲပြည်ပထွက်ခွင့်မပေးတော့ပါဘူး။ပြည်သူတွေရဲ့တုန့်ပြန်မှုပြင်းထန်နေတဲ့အတွက်စစ်ကော်မရှင်ဟာရုပ်ရှင်လောကတစ်ခုလုံးကိုအရှက်မရှိပတ်ရမ်းနေပါပြီ။
Read moreDetailsအာဏာသိမ်းစစ်အုပ်စုတက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေးကတော့ပြီးဆုံးသွားပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်ခဲ့ပေမယ့်အစည်းအဝေးမှာမြန်မာနိုင်ငံအကြောင်းတစ်လုံးမှထည့်မပြောသွားပါဘူး။စစ်အုပ်စုကန့်ကွက်ခဲ့တဲ့အရှေ့တီမောနိုင်ငံလဲအာဆီယံအဖွဲ့ဝင်ဖြစ်သွားပါပြီ။အဖွဲ့ဝင်နိုင်ငံတွေသဘောထားကွဲလွဲနေတာကြောင့်စစ်အုပ်စုကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲကိုအာဆီယံကိုယ်စားပြုစောင့်ကြည့်ရေးကိုယ်စားလှယ်စေလွတ်တော့မှာမဟုတ်ပါဘူး။ကိုယ်စားလှယ်စေလွတ်ဖို့တနိုင်ငံချင်းစီသာကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ကြမှာဖြစ်တယ်။နောက်နှစ်အတွက်အာဆီယံဥက္ကဌနေရာအလှည့်ကျသူကတော့ဖိလစ်ပိုင်နိုင်ငံပါ။
Read moreDetailsရခိုင်ပြည်နယ်ကAAသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကော်မရှင်ကဆက်တိုက်ဗုံးကြဲနေပါတယ်။ဗုံးကြဲမှုကြောင့်ထုံးစံအတိုင်းအရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်။ဒါဟာရှမ်းမြောက်ကအင်အားကြီးEAOနှစ်ဖွဲ့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တဲ့ရလဒ်တွေပါ။ရှမ်းမြောက်မှာအပစ်ရပ်လိုက်တဲ့အတွက်စစ်ကော်မရှင်ဟာထိုဒေသတွေကိုဗုံးကြဲလို့မရတော့ပါဘူး။ဒါ့ကြောင့်တခြားတော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်ဒေသတွေကိုပိုမိုဗုံးကြဲလာတော့မှာပါ။ ရှမ်းမြောက်ကMNDAAနဲ့TLNAတို့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တာဟာတော်လှန်ရေးမှာသက်ရောက်အားကြီးပါတယ်။စစ်ကော်မရှင်ဟာထိုဒေသတွေမှာတပ်အင်အားအများအပြားသုံးစရာမလိုတော့ပါဘူး။ဒါ့ကြောင့်ထိုအင်အားတွေကိုတိုက်ပွဲတွေပြင်းထန်နေတဲ့အခြားဒေသတွေကိုရွေ့ပြောင်းအသုံးပြုလာတော့မှာပါ။
Read moreDetailsစစ်ကော်မရှင်ရဲ့ဝါဒဖြန့်ဗီဒီယိုမှာပါဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေအားလုံးပြည်သူတွေရဲ့ဝေဖန်မှုကိုအကြီးအကျယ်ခံနေရပါတယ်။ဇတ်ကားထဲမှာစစ်ကော်မရှင်အလိုကျပြည်သူကိုစော်ကားတဲ့ဒိုင်ယာလော့တွေကိုဟန်ပါပါသရုပ်ဆောင်ခဲ့တဲ့အကျိုးကိုခံစားနေရပါပြီ။ပြည်သူတွေကိုထိုသရုပ်ဆောင်တွေရဲ့ဆိုရှယ်မီဒီယာအကောင့်တွေအထိသွားရောက်ပြောဆိုကြတဲ့အတွက်အချို့သရုပ်ဆောင်အကောင့်တွေဆိုမတွေ့တော့ဘူး။ ဒါ့အပြင်ထိုသရုပ်ဆောင်တွေကိုBoycottလုပ်ဖို့ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာတာကြောင့်သူတို့နဲ့စာချုပ်ချုပ်ထားတဲ့ကုမ္မဏီအချို့ဆိုစာချုပ်ဖျက်သိမ်းကုန်ကြပြီ။ပြည်သူကိုစော်ကားတဲ့ဖက်ခွက်စားတွေပြည်သူ့တံတွေးခွက်မှာပက်လက်မျောနေကြပြီလေ။
Read moreDetailsTLNAအဖွဲ့ကစစ်ကော်မရှင်ကိုပြန်ပေးဖို့သဘောတူခဲ့တဲ့မိုးကုတ်မြို့ကိုဆက်လက်ခုခံကာကွယ်သွားမယ်လို့NUGလက်အောက်ခံPDFတပ်တွေကကြေညာလိုက်တယ်။ထိုမြို့ကိုTLNAနဲ့PDFတပ်တွေပူးပေါင်းသိမ်းပိုက်ခဲ့တာပါ။ထို့နောက်မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုTNLAကဦးစီးလုပ်ကိုင်ခဲ့တယ်။TNLAအုပ်ချုပ်နေစဥ်ကာလအတွင်းမိုးကုတ်မြို့မှာထွက်ရှိတဲ့ပတ္တမြားတွေကိုဂေါက်ကွင်းပါမချန်မြေလှန်ပြီးတူးဖော်ခဲ့တယ်။အခုTLNAကဆုတ်ခွာမယ်ဆိုတော့PDFတပ်တွေကမြို့ကိုဆက်လက်ထိန်းချုပ်သွားမယ့်သဘောပါပဲ။အခုလောလောဆယ်တော့စစ်ကော်မရှင်ကမိုးကုတ်ကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်မယ့်အခြေအနေမတွေ့ရသေးပါဘူး။ TLNAကစစ်ကော်မရှင်ထံပေးအပ်လိုက်တဲ့ရှမ်းမြောက်ကမိုးမိတ်မြိို့အခြေအနေကိုတော့သေချာမသိရသေးပါဘူး။ထိုမြို့ဟာလဲKIAထိန်းချုပ်နယ်မြေနဲ့နယ်နမိတ်ချင်းထိစပ်နေတယ်။TLNAဆုတ်ခွာချိန်မှာစစ်ကော်မရှင်တပ်တွေဝင်လာမလား၊KIAတပ်တွေဝင်ရောက်နေရာယူမလားမသိသေးဘူး။
Read moreDetailsဒီနေ့ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့MNDAA၊TLNAတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုစစ်တပ်ကိုအကြီးအကျယ်စတင်တိုက်ခိုက်ခဲ့ကြတဲ့၁၀၂၇စစ်ဆင်ရေးနှစ်နှစ်ပြည့်မြောက်တဲ့နေ့ပါ။စစ်တပ်ကိုအမြစ်ဖြတ်နိုင်တဲ့အထိတိုက်ခိုက်သွားမယ်လို့ကြွေးကြော်ခဲ့ပါသေးတယ်။ ဒါပေမယ့်နှစ်နှစ်တိတိပြည့်တဲ့အချိန်မှာပဲ၁၀၂၇စစ်ဆင်ရေးဟာနိဂုံးချုပ်သွားပါပြီ။TLNAအဖွဲ့နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံမှာနောက်တကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်အပစ်ရပ်ဖို့သဘောတူညီလိုက်ပါပြီ။TLNAဘက်ကသိမ်းပိုက်ထားတဲ့မိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကိုစစ်ကော်မရှင်ကိုပြန်လည်ပေးအပ်ပြီးအပစ်ရပ်ဖို့သဘောတူညီလိုက်ကြတာဖြစ်တယ်။ဒီလိုမျိုးဖြစ်လာမယ်လို့ကြိုတင်ခန့်မှန်းထားခဲ့တဲ့အတွက်သိပ်တော့အံသြစရာမရှိပါဘူး။နောက်ဆုံးတော့ထိုနှစ်ဖွဲ့ဟာတရုတ်နိုင်ငံရဲ့ဖိအားနဲ့စစ်ကော်မရှင်ရဲ့ပြင်ထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေအောက်မှာသူတို့ကြိုးစားခဲ့သမျှကိုပြန်လည်ပေးအပ်လိုက်ရတာပါပဲ။ရရှိခဲ့တဲ့အောင်မြင်မှုတွေရဲ့ရဲဘော်တွေရဲ့သွေးချွေးတွေဟာအင်မတန်နှမြောစရာကောင်းလှတယ်။
Read moreDetailsစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဗီဒီယိုတစ်ခုထွက်ရှိလာပါတယ်။ထိုဗီဒီယိုမှာလက်ရှိနာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေပါဝင်လာတယ်။မင်းသားထဲမှာနေတိုး၊မြင့်မြတ်၊နေဝင်းနဲ့မင်းသမီးတွေကတော့မေမြင့်မိုရ်နဲ့ခြူးလေးတို့ဖစ်တယ်။သူတို့ဟာထိုဗီဒီယိုထဲမှာစစ်ခွေးတွေပြုလုပ်မယ့်ရွေးကောက်ပွဲကိုအမွန်းတင်ပြီးပြည်သူကိုစော်ကားတဲ့စကားတွေနဲ့သရုပ်ဆောင်သွားကြတယ်။ ဗီဒီယိုအစမှာတင်အာဏာသိမ်းကနဦးကာလဆန္ဒပြပွဲတွေကြောင့်အလုပ်အကိုင်တွေပျက်ရကြောင်းရိုက်ပြထားတယ်။ပီးတော့CDMဆရာ၊ဆရာမတွေ၊ဆရာဝန်တွေကိုအပစ်တင်ထားတဲ့အကြောင်းတွေ၊ရွေးကောက်ပွဲဟာတရားမျှတပါတယ်ဆိုတဲ့အကြောင်း၊အပြောင်းအလဲတစ်ခုဖော်ဆောင်နိုင်ပါတယ်ဆိုတဲ့အကြောင်းတွေရိုက်ပြသွားတယ်။ထိုဗီဒီယိုဟာအမှားကိုအမှန်၊အမှန်ကိုအမှားဖြစ်အောင်စစ်အာဏာရှင်တွေကပြည်သူကိုဝါဒဖြန့်တဲ့ဗီဒီယိုပါပဲ။ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေဟာလဲဘယ်လောက်ပဲနာမည်ကြီးနေပါစေစစ်အာဏာရှင်နအလိုကျမရှက်မကြောက်ဝါဒဖြန့်ပေးတဲ့ဖက်ခွက်စားတွေပါပဲ။
Read moreDetailsကရင်ပြည်နယ်မြဝတီမြို့အနီးတဝိုက်ကကျားဖြန့်လုပ်ငန်းတွေကိုစစ်တပ်ကဝင်ရောက်စီးနင်းနေပါတယ်။ဒီတခါတော့ဟန်ပြမဟုတ်တော့ပဲကျားဖြန့်လုပ်ငန်းတွေကအလုပ်သမားတွေထွက်ပြေးနေရတယ်။အလုပ်သမားတွေထဲမှာမြန်မာလူမျိုးတွေရော၊နိုင်ငံခြားသားတွေပါပါဝင်နေတယ်။မြန်မာတွေကကြုံရာနေရာဒေသတွေကိုပြေးကြသလိုနိုင်ငံခြားသားတွေကတော့ထိုင်းနိုင်ငံဘက်ထွက်ပြေးကြတယ်။ဒါပေမယ့်ကျားဖြန့်ထိပ်ပိုင်းခေါင်ဆောင်တရုတ်လူမျိုးတွေကိုတော့စစ်တပ်နဲ့BGFတွေကအကာအကွယ်ပေးထားဆဲပါ။ စစ်အုပ်စုဟာသူတို့အတွက်ပိုက်ဆံရှာပေးနေတဲ့ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းပြရတာဟာအကြောင်းတရားတော့ရှိပါတယ်။မကြာမီရက်ပိုင်းအတွင်းအာဆီယံထိပ်သီးအစည်းအဝေးကျင်းပတော့မှာဖြစ်ပြီးထိုအစည်းအဝေးမှာကျားဖြန့်တွေနဲ့ပတ်သက်ပြီးအရေးယူမှုတွေရှိလာမှာစိုးလို့လက်ဦးအောင်ဟန်ပြနှိမ်နင်းရခြင်းပါ။အခုလိုလုပ်လိုက်လို့လဲကျားဖြန့်လုပ်ငန်းတွေပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။စစ်အုပ်စုကနိုင်ငံတကာကိုအချိန်ကိုက်လှည့်စားတဲ့သဘောပါပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.