ရွေးကောက်ပွဲဝါဒဖြန့်ဗီဒီယိုနဲ့ပါဝင်သရုပ်ဆောင်သူတွေကိုပြည်သူတွေBoycottလုပ်တာအောင်မြင်နေတဲ့အတွက်စစ်အုပ်စုကအကြီးအကျယ်ဒေါသထွက်နေပါတယ်။ရုပ်ရှင်အစည်းအရုံးကသရုပ်ဆောင်တွေကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲကန်ပိန်းတွေမှာမဖြစ်မနေပါဝင်ရမယ်လို့ဖိအားပေးလာတယ်။ဒါ့အပြင်နာမည်ကြီးသရုပ်ဆောင်တွေအားလုံးကိုအကြောင်းပြချက်ခိုင်လုံမှုမရှိပဲပြည်ပထွက်ခွင့်မပေးတော့ပါဘူး။ပြည်သူတွေရဲ့တုန့်ပြန်မှုပြင်းထန်နေတဲ့အတွက်စစ်ကော်မရှင်ဟာရုပ်ရှင်လောကတစ်ခုလုံးကိုအရှက်မရှိပတ်ရမ်းနေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


