စစ်ကော်မရှင်ရဲ့ဝါဒဖြန့်ဗီဒီယိုမှာပါဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေအားလုံးပြည်သူတွေရဲ့ဝေဖန်မှုကိုအကြီးအကျယ်ခံနေရပါတယ်။ဇတ်ကားထဲမှာစစ်ကော်မရှင်အလိုကျပြည်သူကိုစော်ကားတဲ့ဒိုင်ယာလော့တွေကိုဟန်ပါပါသရုပ်ဆောင်ခဲ့တဲ့အကျိုးကိုခံစားနေရပါပြီ။ပြည်သူတွေကိုထိုသရုပ်ဆောင်တွေရဲ့ဆိုရှယ်မီဒီယာအကောင့်တွေအထိသွားရောက်ပြောဆိုကြတဲ့အတွက်အချို့သရုပ်ဆောင်အကောင့်တွေဆိုမတွေ့တော့ဘူး။
ဒါ့အပြင်ထိုသရုပ်ဆောင်တွေကိုBoycottလုပ်ဖို့ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာတာကြောင့်သူတို့နဲ့စာချုပ်ချုပ်ထားတဲ့ကုမ္မဏီအချို့ဆိုစာချုပ်ဖျက်သိမ်းကုန်ကြပြီ။ပြည်သူကိုစော်ကားတဲ့ဖက်ခွက်စားတွေပြည်သူ့တံတွေးခွက်မှာပက်လက်မျောနေကြပြီလေ။


