ဒီနေ့ကျင်းပတဲ့အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရသွားပါတယ်။ဒေါ်နယ်ထရမ့်ဟာရီပါပလစ်ကန်ပါတီကဖြစ်ပြီး သဘောထားတင်းမာသူတစ်ယောက်အဖြစ် နာမည်ကြီးနေတယ်။သူသမ္မတဖြစ်လာတာကြောင့် မြန်မာ့အရေးလှုပ်ရှားသူတွေရော တော်လှန်ရေးအင်အားစုတွေပါ စိတ်ပျက်လက်ပျက်ဖြစ်နေကြတယ်။ဒေါ်နယ်ထရမ့်ဟာ မြန်မာ့အရေးကူညီပေးဖို့နေနေသာသာ မြန်မာနိုင်ငံဘယ်နားရှိမှန်းတောင်သိတာမဟုတ်ဘူးလေ။ဒါ့အပြင်သူဟာ အမေရိကန်ပြည်သူတွေသာအဓိကဆိုတဲ့ မူကိုကိုင်ဆွဲထားတယ်။သူ့နိုင်ငံထဲရွေ့ပြောင်းလာသူတွေကို ပြင်းထန်စွာဆန့်ကျင်ထားတယ်။သူသမ္မတဖြစ်လာတဲ့အတွက် အနည်းဆုံးတော့မြန်မာပြည်ကနိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေ အခက်အခဲဖြစ်မှာပဲ။
Read moreစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်ဝန်ကြီးချုပ်ကိုယ်တိုင် ကနဦးဧည့်ခံတွေ့ဆုံခဲ့တယ်။ထိုတွေ့ဆုံံပွဲမှာ မင်းအောင်လှိုင်ကရှမ်းမြောက်ကလက်နက်ကိုင်အဖွဲ့တွေငြိမ်းချမ်းရေးဆွေးနွေးချင်ရင် ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်ဆိုတဲ့ သဘောထားလက်တွေ့ပြသမှ တွေ့ဆုံမယ်လို့ပြောသွားတယ်။ဘယ်လိုလက်တွေ့ပြရမယ်ဆိုတာတော့ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါဘူး။မင်းအောင်လှိုင်ရဲ့စကားကိုTLNAကတော့စစ်ကောင်စီနဲ့ဆွေးနွေးဖို့ဆိုရင် စစ်တပ်ကနိုင်ငံရေးမှအပြီးထွက်ခွာပြီး ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုတာဝန်ယူမှ ဖြစ်နိုင်မယ်လို့တုန့်ပြန်ထားတယ်။ဒါ့အပြင်မင်းအောင်လှိုင်ဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဆက်လက်ပိတ် ထားဖို့တရုတ်ကိုတောင်းဆိုခဲ့သေးတယ်။ထိုခရီးစဥ်ကြောင့်တော်လှန်ရေးအတွက် ဘာမှသိပ်ထူးခြားလာမှာမဟုတ်ပေမယ့်စစ်ကောင်စီအတွက်ကတော့ သူတို့ကိုနိုင်ငံတကာကစတင်ထောက်ခံနေပြီဖြစ်ကြောင်း ဝါဒဖြန့်စရာအကြောင်း ခိုင်ခိုင်လုံလုံရရှိသွားတာပေါ့။
Read moreအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကူမင်းမြို့ကိုမဲခေါင်မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးတက်ဖို့ထွက်ခွာသွားပါပြီ။အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတောင် တက်ရောက်ခွင့်မရခဲ့တဲ့မင်းအောင်လှိုင်ကိုတရုတ်က သူ့နိုင်ငံမှာအိမ်ရှင်အဖြစ်ပြုလုပ်တဲ့ပွဲကို တက်ရောက်ခွင့်ပြုပြီးလူရာစသွင်းလာပါတယ်။မင်းအောင်လှိုင်အတွက်တော့ ဒေသတွင်းမှာပထမဆုံးတက်ရောက်ခွင့်ရတဲ့ ပွဲတစ်ခုဖြစ်လာတယ်။ဒါပေမယ့်ဒီပွဲကိုနိုင်ငံတော်အဆင့်အဖြစ် ဖိတ်ကြားတာမဟုတ်ဘူးလို့တရုတ်ကအကြောင်းပြန်ထားကြောင့် NUGကပြောပါတယ်။ဘာပဲဖြစ်ဖြစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လူရာဝင်လာတာဟာတော်လှန်ရေးအတွက် သိပ်တော့မကောင်းပါဘူး။ဒီလိုတွေဆက်ဖြစ်လာရင် စစ်ကောင်စီဟာနိုင်ငံရေးအရတရားဝင်မှုတွေ တဖြည်းဖြည်းနဲ့ရရှိသွားမှာဖြစ်ပါတယ်။
Read moreစစ်ကိုင်းတိုင်းအထက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့အနီးကအင်းတော်မြို့မှာ မြို့သိမ်းတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။အင်းတော်မြို့မှာ ပြီးခဲ့တဲ့လတစ်လုံးတိုက်ပွဲတွေငြိမ်သက်နေရာက အခုပြန်လည်ပြင်းထန်လာတာပါ။စစ်အုပ်စုဟာ ထိုမြို့ကနောက်ဆုံးခံစစ်စခန်းဖြစ်တဲ့ ဂျပန်လှိုင်ဂူကနေပြီးဆက်လက်ခုခံနေပါတယ်။အရင်ကထိုစခန်းထဲမှာ ပြည်သူ၃၀၀ကျော်ကိုဓားစာခံအဖြစ်ဖမ်းဆီးထားပြီး အခုတော့အတော်များများ ထွက်ပြေးလွတ်မြောက်ကုန်ပြီလို့သိရတယ်။ထိုစခန်းကိုရရင် အင်းတော်မြို့ကိုရမှာဖြစ်ပါတယ်။ ပြင်ဦးလွင်နဲ့နောင်ချိုအစပ်မှာလဲ စစ်ကောင်စီကသွေးတိုးစမ်းပြီးTLNAကိုထိုးစစ်တွေပြန်စနေပါတယ်။တောင်ခမ်းဒေသကိုလဲ အင်အားအများအပြားဖြည့်တင်းထားတယ်။ထိုဒေသမှာတော့စစ်ကောင်စီကတန်ပြန်ထိုးစစ်တွေ လုပ်လာနိုင်တဲ့အခြေအနေတွေရှိနေတယ်။
Read moreမြေပြန့်ဒေသမှာစစ်ကောင်စီကိုထိုးစစ်တွေစတင်ဖို့အသံတွေကျယ်လောင်လာနေစဥ်မှာပဲစစ်ကိုင်းတိုင်းဘုတလင်မြို့နယ်မှာတော့ပြီးခဲ့တဲ့လကပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့စစ်သူပုန်တွေဟာအင်အားတိုးပြီးရွာတွေကိုစစ်ကြောင်းပြန်ထိုးနေပါတယ်။ထိုစစ်ကြောင်းဟာဘုတလင်မြို့နယ်ထဲကရွာတွေကိုပြီးခဲ့တဲ့လကထင်တိုင်းကြဲသတ်ဖြတ်မီးရှု့သောင်းကျန်းခဲ့အပြီးမှာမုံရွာကနေလေကြောင်းမှအင်အားတိုးပြီးထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ဒါကြောင့်ထိုဒေသကပြည်သူသောင်းကျော်နေရပ်မပြန်ရသေးပဲဘေးလွတ်ရာကိုထွက်ပြေးနေရတယ်။ထိုစစ်ကြောင်းဟာဒေသခံပြည်သူ၅၀ကျော်ကိုဓားစာခံအဖြစ်ဖမ်းဆီးထားပြီးလူသားဒိုင်းလုပ်ထားတာကြောင့်တော်လှန်ရေးအဖွဲ့တွေအနေနဲ့တားဆီးတိုက်ခိုက်ဖို့ခက်ခဲနေပါတယ်။ စစ်ကိုင်းတိုင်းမှာအခုချိန်ထိတော်လှန်ရေးအင်အားစုတွေပြန့်ကြဲနေပြီးNUGလက်အောက်မဝင်သေးတဲ့အဖွဲ့တွေအများအပြားကျန်နေသေးတယ်။ထိုအဖွဲ့တွေကိုမစုစည်းနိုင်သ၍စစ်ကိုင်းတိုင်းဟာစစ်သူပုန်တွေလုပ်သမျှခံနေရဦးမှာပဲ။
Read moreBPLAအဖွဲ့အညာဒေသမှာ အခြေချမယ့်ကိစ္စတော်လှန်ရေးအင်အားစုတွေကြား နှစ်ဖွဲ့ကွဲနေပါတယ်။BPLAဟာNUGလက်အောက်မဝင်ပဲ သီးခြားရပ်တည်သွားမယ်လို့ ပြောထားတာနဲ့ပက်သတ်ပြီးပြသာနာဖြစ်နေတယ်။ဗမာပြည်မမှာNUGကလွဲပြီး အခြားတော်လှန်ရေးအင်အားစုတွေမရှိသင့်ဘူးဆိုတဲ့တစ်ဖွဲ့နဲ့၊ဘယ်သူလာလာဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကို တိုက်ဖို့အရေးကြီးတယ်ဆိုတဲ့တဖွဲ့ သဘောထားကွဲလွဲနေတယ်။ဒီကိစ္စနဲ့ပက်သတ်ပြီးNUGဘက်ကတော့ ဘာမှမှတ်ချက်မပေးသေးပါဘူး။NUGကာကွယ်ရေးဝန်ကြီးနဲ့BPLAခေါင်းဆောင်တို့ နှစ်ဦးကြားရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့လဲသိရတယ်။လက်ရှိအခြေအနေမှာတော့ ဖက်စစ်စစ်တပ်အနားမရရေးသာ အဓိကဖြစ်တယ်လို့ယူဆမိတယ်။
Read moreရှမ်းမြောက်မှာတိုက်ပွဲဝင်နေတဲ့ဗမာတော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့BPLAတပ်ဖွဲ့ဟာမြန်မာပြည်မထဲပြန်ဝင်လာတော့မယ်လို့ကြေညာလိုက်ပါတယ်။ထိုတပ်ဖွဲ့ဟာကဗျာဆရာမောင်ဆောင်းခဦးဆောင်ပြီးအင်အားထောင်ချီရှိတယ်။ရှမ်းမြောက်ကတိုက်ပွဲတွေမှာMNDAAအောက်ကနေပြီးပါဝင်တိုက်ခိုက်ခဲ့ပြီးစစ်ရေးအတွေ့အကြုံအများအပြားရရှိခဲ့တယ်။အခုMNDAAကထိုးစစ်တွေရပ်နားထားတဲ့အတွက်ပြည်မကိုပြန်ဆင်းလာတာပါ။ BPLAတပ်ဖွဲ့ရဲ့အင်အားနဲ့စစ်ရေးအတွေ့အကြုံတွေအရစစ်ကိုင်းအပါအဝင်ပြည်မကတော်လှန်ရေးတပ်ဖွဲ့တွေကိုအထောက်အကူတစ်ခုတော့ဖြစ်စေမှာပါ။လက်ရှိရှမ်းမြောက်မှာတိုက်ပွဲတွေရပ်ထားနေရချိန်စစ်ကောင်စီကိုအနားမပေးဖို့ပြည်မအညာဒေသမှာစစ်ရေးလှုပ်ရှားမှုတွေရှိဖို့လိုလာနေချိန်နဲ့ကွက်တိပါပဲ။
Read moreနယ်စပ်ဂိတ်တွေပိတ်ဆို့ခံထားရတာကြောင့်ရှမ်းမြောက်ကတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့အများစုမှာကုန်ပစ္စည်းတွေစတင်ပြတ်လတ်လာပါပြီ။အဓိကကုန်စည်တွေဖြစ်တဲ့လူသုံးကုန်၊စားသောက်ကုန်၊ဆေးဝါးတွေကအစပြတ်လတ်လာတာပါ။အဆိုးရွားဆုံးကတော့စက်သုံးဆီပါပဲ။စက်သုံးဆီပြတ်လတ်မှုကြောင့်လုပ်ငန်းတွေအတော်များများလဲရပ်ဆိုင်းကုန်တယ်။ ထိုဒေသတွေကိုမြောက်ဘက်မှာတရုတ်နှင့်တောင်ဘက်မှာစစ်ကောင်စီတို့ကနှစ်ဘက်ညှပ်ပြီးပိတ်ဆို့ထားတယ်။အရှေ့ဘက်ကဝဒေသနဲ့ကုန်သွယ်မှုကိုလဲတရုတ်ကတင်းကျပ်စွာတားမြစ်ထားတာကြောင့်ကုန်သွယ်မှုလမ်းကြောင်းတွေအကုန်ပိတ်နေတာပါ။ ထိုကိစ္စကိုဖြေရှင်းဖို့တော်လှန်ရေးအင်အားစုတွေအနေနဲ့အမြန်ဆုံးနည်းလမ်းရှာသင့်တယ်။ပြည်သူတွေကတော့တတ်နိုင်သလောက်တောင့်ခံရမှာပဲ။မဟုတ်ရင်စစ်ကောင်စီနဲ့တရုတ်ကိုဒူးထောက်ရလိမ့်မယ်။
Read moreနွေဦးတော်လှန်ရေးအောင်မြင်ဖို့ဆိုရင်တော့ပြောခဲ့တဲ့အချက်တွေကိုမဖြစ်မနေကျော်လွားနိုင်ဖို့လိုပါတယ်။ တရုတ်ရဲ့ဖိအားကိုကျော်လွှားနိုင်ဖို့ဆိုရင်တော့ အခုလတ်တလောမှာပိတ်ဆို့မှုခံနေရတဲ့ဒေသများက ပြည်သူတွေတောင့်ခံနိုင်ဖို့လိုပါတယ်။တရုတ်ရဲ့ပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ဘူးဆိုတာပြသနိုင်ရမယ်။ရေရှည်အတွက်ဆိုရင်တော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ အားလုံးစုစည်းညီညွတ်မှရမှာပါ။တရုတ်လိုနိုင်ငံကြီးတစ်ခုရဲ့ဖိအားကို ရင်ဆိုင်ဖို့တော်လှန်ရေးအင်အားစုတွေအကုန် ကျောချင်းကပ်ထားရမယ်။စစ်ရေးမှာတပ်ပေါင်းစုပုံစံလှုပ်ရှားနိုင်ဖို့လိုသလို နိုင်ငံရေးမှာလဲ တော်လှန်ရေးညွန့်ပေါင်းအစိုးရပုံစံမျိုးအထိသွားဖို့လိုပါတယ်။အခုချိန်ထိလူတွေဟာစစ်ရေးတိုးတက်မှုအကြောင်းတွေကိုသာပြောနေကြပြီးနိုင်ငံရေးပိုင်းမှာတိုးတက်မှုမရှိသလောက် ဖြစ်နေတာမျက်ကွယ်ပြုထားသလိုဖြစ်နေတယ်။တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးရောနိုင်ငံရေးမှာပါပူးပေါင်းနိုင်မှ တရုတ်ကိုရင်ဆိုင်နိုင်မှာပါ။ နောက်တစ်ချက်ဖြစ်တဲ့စစ်ကောင်စီရဲ့ အတင်းအကြပ်စစ်မှုထမ်းဥပဒေကို ကျော်လွားဖို့ကစစ်ရေးအရအဆက်မပြတ်ဖိအားပေးဖို့လိုပါမယ်။စစ်ကောင်စီကိုထိုးစစ်တွေဆက်တိုက်ဖော်ဆောင်နေမှ စစ်တပ်ဟာသူ့တပ်ကိုသေချာမတည်ဆောက်နိုင်မှာပါ။အခုတောင်တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်တွေရပ်တန့်နေပါပြီ။နောက်တလှိုင်းကိုမြန်မြန်ဖော်ဆောင်နိုင်မှ စစ်ကောင်စီကိုဖိအားပေးနိုင်မှာပါ။
Read moreတော်လှန်ရေးရဲ့အရှိန်အဟုန်ကိုတားဆီးနေတဲ့ နောက်အချက်တစ်ခုကတော့စစ်ကောင်စီရဲ့ အဓ္ဓမစစ်မှုထမ်းဥပဒေပါပဲ။စစ်ကောင်စီဟာ ထိုဥပဒေကိုဖေဖော်ဝါရီလကပြဌာန်းပြီး တရားဝင်ပေါ်တာဆွဲခွင့်ဥပေဒအဖြစ် အသုံးချလာခဲ့တယ်။အစပိုင်းလတွေမှာတော့ ဥပဒေအတိုင်းစစ်သားစုဆောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့အတင်းအကျပ်ပေါ်တာဆွဲစုဆောင်းလာခဲ့တာ အခုဆိုရင်အပတ်စဥ်၆အထိ ရောက်လာခဲ့ပါပြီ။အပတ်စဥ်တစ်ခုမှာလူဦးရေ၅၀၀၀နှုန်းနဲ့ဆိုရင်တောင်မှအခုချိန်ထိအင်အားအနည်းဆုံးနှစ်သောင်းကျော်ရရှိခဲ့တယ်။ထိုတပ်သားသစ်တွေကို အသုံးချပြီးစစ်ကောင်စီဟာ ပြုန်းတီးသွားတဲ့အင်အားတွေကိုပြန်လည်ဖြည့်တင်းကာ တော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်တွေကို ရင်ဆိုင်လာနေပါပြီ။ထိုဥပဒေရဲ့အကျိုးသက်ရောက်မှုကိုတော်လှန်ရေးအဖွဲ့တွေ စတင်ခံစားနေရပြီ။ ဥပမာပြောရရင်တောင်ခမ်းဒေသကစစ်ကောင်စီရဲ့အမြောက်တပ်တွေကို TLNAအနေနဲ့သုံးလနီးပါးတိုက်ခိုက်နေပေမယ့် မရရှိသေးပါဘူး။ထိုအမြောက်တပ်တွေကို ရှမ်းတောင်ကနေစစ်ကူတွေ အဆက်မပြတ်ပို့ပေးနေလို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့...
Read moreYou can copy without credits to our site. We Need Freedom.