စစ်ကော်မရှင်နဲ့TLNAတို့သဘောတူထားတဲ့အတိုင်းမိုးကုတ်မြို့ထဲကိုစစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာပါပြီ။TLNAအစောင့်အရှောက်နဲ့ဝင်လာတာဖြစ်ပြီးဝင်လာတဲ့စစ်ကားတွေဟာအင်အားများလွန်းလို့မျက်စိတဆုံးရှိခဲ့တယ်။စစ်တပ်ဝင်မလာခင်တပတ်လောက်အလိုကတည်းကမြို့ထဲတပ်စွဲထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုTLNAကမောင်းထုတ်ခဲ့တယ်။အခုတော့တော်လှန်ရေးတပ်ဖွဲ့တွေဟာမြို့ပြင်မှာဆက်လက်တပ်စွဲထားပြီးမြို့ထဲမှာတော့စစ်ကော်မရှင်တပ်တွေရောက်နေပြီပေါ့။နောက်ဆုံးတော့TLNAဟာတော်လှန်ရေးကိုသစ္စာဖောက်သွားခဲ့ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


