တကယ်တော့ ၁၀၂၇စစ်ဆင်ရေးတွေနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုအားလုံးပါဝင်တဲ့ ထိုးစစ်ကြီးတစ်ခုလိုအပ်နေတယ်လို့ အရင်ကတည်းကပြောခဲ့ပါတယ်။မဟုတ်ရင် စစ်အုပ်စုကို အမြစ်မဖြတ်နိုင်လဲအီလည်လည်နဲ့ တော်လှန်ရေးဟာနှစ်နဲ့ချီပြီး ထပ်ကြာသွားနိုင်တယ်။အခုတောင် အီလည်လည်ဖြစ်နေပါပြီ။ဒီသဘောတရားကို သက်ဆိုင်ရာတော်လှန်ရေးခေါင်းဆောင်တွေလဲ နားလည်ကြမယ်ထင်ပါတယ်။ဒါပေမယ့် ခက်တာကအခုချိန်ထိ လက်တွဲလုပ်ကြမယ့်အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။သူ့ဒေသနဲ့သူ တသီးတသန့်တော်လှန်နေကြတယ်။တော်လှန်ရေးအင်အားစုတွေ စုစည်းနိုင်မှုဟာ အရေးတကြီးလိုအပ်နေပါပြီ။
Read moreDetailsNUGကတပြည်လုံးမှာ အထွေထွေထိုးစစ်ကြီး တစ်ခုဆင်နွဲတော့မယ်လို့ ကြေညာထားတယ်။ဒီနေ့ပြုလုပ်တဲ့ ကမ်ပိန်းတစ်ခုမှာလဲ ကိုမင်းကိုနိုင်က အဆိုပါအထွေထွေထိုးစစ်ကြီးမှာ ပြည်သူအားလုံးကျရာတာဝန်က ပါဝင်ပေးကြဖို့တောင်းဆိုလိုက်တယ်။NUGကပြောတာဆိုတော့ ထိုးစစ်ကြီးဆိုတာ မဖြစ်လာနိုင်ဘူးတော့မဟုတ်ဘူး။NUGကစစ်ရေးနဲ့ပတ်သက်ပြီး တစ်ခုခုထုတ်ပြောရင် အနည်းဆုံး၆လကနေ ၂နှစ်လောက်ထိကြာတတ်တယ်။ဒါ့ကြောင့်သူတို့ပြောတဲ့ ထိုးစစ်ကြီးဆိုတာဟာ အနီးဆုံးဒီနှစ်မိုးကုန်လောက်မှာမှ ဖြစ်လာနိုင်မယ်ထင်တယ်။
Read moreDetailsရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လူသားချင်းစာနာမှုစင်္ကြန်တစ်ခုတည်ဆောက်ပြီး အမေရိကန်အကူအညီနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေကို အကူအညီပေးနိုင်ရေး အဆိုပြုချက်ဟာ ဘင်္လားဒေ့ရှ် စစ်တပ်အကြီးအကဲရဲ့ အပြင်းအထန်ကန့်ကွက်မှုကြောင့် စိတ်ကူးအဆင့်မှာတင် ပျက်ပျယ်သွားပါတယ်။ ဒါဟာ AA တစ်ဖွဲ့တည်းတည်ဆောက်နေတဲ့ ဒီပလိုမေစီ မအောင်မြင်တာကိုပြပါတယ်။ တော်လှန်ရေးအင်အားစုတွေ အားလုံးတစ်စုတစ်စည်းတည်းနဲ့ နိုင်ငံရေး၊...
Read moreDetailsကလေးသူငယ်၂၀ ကျော်သေဆုံးခဲ့တဲ့ ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှု အပြီးမှာစစ်ကောင်စီရဲ့အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကို မကာကွယ်နိုင်မှုအပေါ် ဝေဖန်သံတွေထွက်ပေါ်လာပါတယ်။အဓိကကတော့ NUGကိုဝေဖန်ကြတာပါ။ဒီလိုဝေဖန်မှုမျိုးတွေဟာ ပြည်မဒေသတွေမှာလေကြောင်း တိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက် သေဆုံးမှုတွေဖြစ်လာရင် ထွက်ပေါ်လာလေ့ရှိတယ်။ကြိမ်ဖန်များလာတော့ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်စွာဗုံးကြဲနေတဲ့ စစ်ကောင်စီအပစ်မဟုတ်ပဲ ထိုဗုံးကြဲမှုတွေကို မကာကွယ်နိုင်တဲ့NUGအပစ်ဖြစ်လာတယ်။ ဒီလိုအချိန်မှာNUGကို အပစ်တင်နေကြတာဟာ မတရားရာတော့ကျပါတယ်။NUGအနေနဲ့လေယာဥ်ပစ်လက်နက်တွေ...
Read moreDetailsဒီပဲယင်းမြို့နယ်တွင်းရှိ ကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၀ ဦးအပါအဝင် ၂၂ ဦး သေဆုံးခဲ့ရသော်လည်း စစ်ကောင်စီက ထိုဖြစ်ရပ်ဟာ မီဒီယာများက လုပ်ကြံရေးသားကြခြင်းဖြစ်ကြောင်း အရှက်မရှိစွာထုတ်ပြန်တယ်။ စစ်ကောင်စီလော်ဘီများကလဲ PDF တွေရဲ့လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့်လို့ ရေးသားကြတယ်။ သူတို့ဘယ်လိုပဲငြင်းပါစေ...
Read moreDetailsစစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းတစ်ခုကို စစ်ကောင်စီကဗုံးကြဲခဲ့လို့ကျောင်းသူကျောင်းသားလေးတွေနဲ့ ဆရာမ စုစုပေါင်း၂၀ ကျော်သေဆုံးခဲ့ရပါတယ်။စစ်ကောင်စီဟာ ကျောင်းပေါ်တည့်တည့်ကို ဗုံးကြဲသွားတာပါ။သေဆုံးသွားတဲ့ကျောင်းသားလေးတွေဟာ မူလတန်းအရွယ်လေးဖြစ်ပြီး အသက်၁၀နှစ်၊၁၂နှစ်ခန့်သာရှိသေးတယ်။တော်လှန်ရေးအဖွဲ့တွေ စိုးမိုးတဲ့ထိုဒေသမှာ လေကြောင်းကဗုံးကြဲမှုတွေဆက်တိုက်ရှိနေတာကြောင့် စာသင်ကြားမှုကို ကောင်းကောင်းမလုပ်နိုင်ပါဘူး။အခုလဲစာမေးပွဲဖြေဖို့စီစဥ်နေချိန်မှာ အခုလိုဗုံးကြဲသွားတာပါ။ဒဏ်ရာရသူတွေလဲ လေးဆယ်ကျော်ရှိတယ်လို့သိရတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီ အနေနဲ့...
Read moreDetailsငလျင်ဒဏ်ခံ မန္တလေး၌ နေအိမ်တိုက်တာ ပြိုပျက်မှုများကြောင့် အိမ်ခြံမြေ တိုက်ခန်း ငှားရမ်းနေထိုင်သူများပြားလို့ အငှားဈေးမှာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း မြင့်လာနေတယ်။ အထပ်မြင့်မှာ မနေရဲသူများ၊ အိမ်ပျက်စီးသွားသူများ စသည်ဖြင့် ငှားရမ်းသူ များပြား နေပြီး အရင်က...
Read moreDetailsရှမ်းပြည်နယ်၊နောင်ချိုမြို့က မင်္ဂလာဆောင်တစ်ခုကိုစစ်ကောင်စီကဗုံးကြဲလို့ ကလေးငယ်တစ်ဦးအပါအဝင် လေးဦးသေဆုံးသွားတယ်။ဒါ့အပြင်စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်မှာလဲ ရှင်ပြုအလှူကိုစက်တပ်လေထီးနဲ့ဗုံးကြဲချလို့ ရှင်ပြုမယ့်ကလေးအပါဝင် သုံးဦးသေဆုံးခဲ့ပါတယ်။ အခုနောက်ပိုင်းစစ်သူပုန်တွေဟာ အရပ်သားပစ်မှတ်ဆိုရင် လူများများသေအောင်လူစုလူဝေးရှိတဲ့နေရာတွေကို ရွေးပြီးဗုံးကြဲသတ်ဖြတ်နေပါတယ်။ဘာတိုက်ပွဲမှာမရှိလဲမြို့ထဲရွာထဲမှာနေထိုင်နေတဲ့ အရပ်သားတွေကို လူစိတ်မရှိရက်စက်စွာဗုံးကြဲနေတာပါ။စစ်သူပုန်တွေရဲ့ဗုံးကြဲမှုကြောင့် သေဆုံးနေရတဲ့အပစ်မဲ့အရပ်သားတွေ တနိုင်ငံလုံးမှာနေ့စဥ်လိုလိုရှိနေပါတယ်။
Read moreDetailsစစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး မိသားစုပါဆုံး၊နေစရာပါဆုံးရှုံးသွားတဲ့သူတွေအတွက် ထိရောက်တဲ့ ဘာအကူအညီမှမရသေးပါဘူး။ပိုက်ဆံချမ်းသာတဲ့သူတွေဆိုလဲ အိမ်ပြန်ဆောက်ဖို့ထပ်ပြိုသွားတဲ့အိမ်ကို ရှင်းလင်းဖို့စားရိတ်အတွက် ရင်လေးနေရတယ်။ဒီလိုအခက်အခဲတွေကြားထဲမှာမှ နောက်ဆက်တွဲငလျင်ငယ်လေးတွေကလဲ အခုချိန်ထိဆက်လှုပ်နေသေးတယ်။ဒါ့အပြင် နွေခေါင်ခေါင်ကြီးမှာအချိန်အခါမဟုတ် မိုးကလဲသည်းထန်စွာရွာသွန်းနေလို့ မပြိုသေးတဲ့အဆောက်အဦးတချို့ ထပ်မံပြိုကျသေးတယ်။မကြာမှီမိုးရာသီးကျရောက်လာတော့မှာမို့ နေစရာမရှိတဲ့ပြည်သူတွေအတွက် ရင်လေးစရာပါပဲ။
Read moreDetailsစစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး မိသားစုပါဆုံး၊နေစရာပါဆုံးရှုံးသွားတဲ့သူတွေအတွက် ထိရောက်တဲ့ ဘာအကူအညီမှမရသေးပါဘူး။ပိုက်ဆံချမ်းသာတဲ့သူတွေဆိုလဲ အိမ်ပြန်ဆောက်ဖို့ထပ် ပြိုသွားတဲ့အိမ်ကိုရှင်းလင်းဖို့စားရိတ်အတွက် ရင်လေးနေရတယ်။ဒီလိုအခက်အခဲတွေကြားထဲမှာမှ နောက်ဆက်တွဲငလျင်ငယ်လေးတွေကလဲ အခုချိန်ထိဆက်လှုပ်နေသေးတယ်။ဒါ့အပြင်နွေခေါင်ခေါင်ကြီးမှာ အချိန်အခါမဟုတ် မိုးကလဲသည်းထန်စွာရွာသွန်းနေလို့ မပြိုသေးတဲ့အဆောက်အဦးတချို့ ထပ်မံပြိုကျသေးတယ်။မကြာမှီ မိုးရာသီးကျရောက်လာတော့မှာမို့ နေစရာမရှိတဲ့ပြည်သူတွေအတွက် ရင်လေးစရာပါပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.