အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၁၅၊ ၂၀၂၅။ (အင်္ဂါ)

ကရင်နီပြည်နယ်မှာဒီမော့ဆိုမြို့ကိုစစ်တပ်ကပြန်သိမ်းပြီးနောက်တောင်ဘက်ကမြို့တွေဖြစ်တဲ့ဖရူဆိုနဲ့ဘောလခဲမြို့တွေကိုဆက်လက်စစ်ကြောင်းထိုးနေတာအခုဆိုရင်အတော်ခရီးရောက်နေပါပြီ။​ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအပြင်းအထန်ခုခံကာကွယ်နေပေမယ့်စစ်တပ်စစ်ကြောင်းတွေဟာအင်အားများပြားတာကြောင့်တဖြည်းဖြည်းနဲ့ရှေးတိုးလာနေတယ်။ စစ်ကိုင်းတိုင်းမှာလဲတော်လှန်​​ရေးတပ်ဖွဲ့တွေမကြာသေးမှီကသိမ်းပိုက်ထားတဲ့​ဗန်းမောက်မြို့ကိုစစ်တပ်ကပြန်လည်သိမ်းယူဖို့ကြိုးစားလာပါတယ်။မြို့ကိုသိမ်းပီးကတည်းကတိုက်ပွဲမဖြစ်တဲ့ရက်မရှိသလောက်ပဲ။အခုဆိုရင်စစ်တပ်စစ်ကြောင်းတွေဟာမြို့နဲ့နှစ်မိုင်အကွာအထိရောက်ရှိနေပါပြီ။ဗန်းမောက်ကိုမလဲဆက်လက်ထိန်းထားဖို့မလွယ်လောက်ဘူးထင်တယ်။

Read moreDetails

အောက်တိုဘာ ၁၄၊ ၂၀၂၅။ (တနင်္လာ)

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာစစ်ကောင်စီတပ်က အိမ်စီးကား ၅ စီးနဲ့ ဆုတောင်းပြည့်ဘုရားပွဲက စတိတ်ရှိုးပွဲကနေ ပြန်လာတဲ့လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးသွားလို့ လူငယ်အများအပြားဖမ်းဆီးခံလိုက်ရတယ်။ စုစုပေါင်း ၃၂ယောက် ခန့်မှန်း ပါသွားတယ်လို့သိရတယ်။ မုံရွာမြို့ပြင်ကကျေးရွာတွေကို ပြီးခဲ့တဲ့သီတင်းကျွတ်လပြည့်ညက ဗုံးကြဲပြီးသတ်ဖြတ်နေချိန်မှာပဲ  စစ်ကောင်စီက မုံရွာမြို့ပေါ်မှာစတိတ်ရှိုးပွဲတွေပြုလုပ်ပေးနေတယ်။ အမှတ်မရှိတဲ့...

Read moreDetails

အောက်တိုဘာ ၁၃၊ ၂၀၂၅။ (တနင်္ဂနွေ)

အာဆီယံအလှည့်ကျဥက္ကဌမလေးရှားနိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ကိုနေ့ချင်းပြန်လာသွားတယ်။စစ်ကော်မရှင်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိစ္စအတွက်ပါ။အပြန်မှာတော့ထိုအတုအယောင်ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေစေလွှတ်မှာမဟုတ်ဘူးလို့ပြောသွားတယ်။ဒါက်ိုစစ်ကော်မရှင်ကအာဆီယံကလေ့လာသူတွေစေလွတ်မယ်လို့​​​ဗြောင်လိမ်သေးတယ်။ အာဆီယံကတော့သူတို့ချမှတ်ထားတဲမူချက်ကိုမလိုက်နာသေးသ၍စစ်ကော်မရှင်ကိုထောက်ခံမယ့်ပုံမပေါ်ပါဘူး။ဒါပေမယ့်တရုတ်နဲ့ရုရှားတို့နဲ့ထောက်ခံမှုရရှိထားတဲ့အတွက်အာဆီယံကိုအရေးစိုက်မယ့်ပုံမပေါ်ပါဘူး။

Read moreDetails

အောက်တိုဘာ ၁၂၊ ၂၀၂၅။ (စနေ)

အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ ရခိုင်ရိုးမပေါ်နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေး​​နေပြီးတော်လှန်​ရေးတပ်​တွေကအပြီးသတ်ထိုးသစ်ဆင်​နေပါပြီ။ ဗျူဟာစခန်းထဲက ထိပ်ပိုင်းကောင်တွေ ရဟတ်ယာဥ်နဲ့ထွက်ပြေးကုန်ကြပြီလို့ သိရတယ်။ အမ်းပဒါန်းလမ်းပိုင်းအနီးက ​လေ​ကြောင်းရန်ကာကွယ်​ရေးအတွက် ​ရေဒါပါတပ်ဆင်ထားတဲ့​ဗျူဟာ​မြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့...

Read moreDetails

အောက်တိုဘာ ၁၁၊ ၂၀၂၅။ (သောကြာ)

အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ နေ့တိုင်းနီးပါး ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၈ဦးထက်မနည်း သေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ TNLA...

Read moreDetails

အောက်တိုဘာ ၁၀၊ ၂၀၂၅။ (ကြာသပတေး)

ကျောက်မဲကိုသိမ်းပိုက်ပြီးနောက်ဆက်တိုက်ဆိုသလိုပဲစစ်ကော်မရှင်တပ်တွေဟာTLNAထိန်းချုပ်ရာသီပေါမြို့ကိုမန္တလေးလားရှိုးလမ်းမကြီးအတိုင်းဆက်လက်တိုက်ခိုက်နေပါတယ်။တချိန်ထဲမှာပဲမိုးကုတ်မြို့ဘက်ကိုလဲစစ်ကြောင်းထိုးလာတယ်။စစ်ကော်မရှင်တပ်တွေဟာသီပေါမြို့ကိုအလွယ်တကူထပ်မံရရှိသွားမယ်လို့ထင်ကြေးတွေ​ပေးနေကြပါပြီ။TLNAဘက်ကလဲအားစိုက်ပြီးမခုခံတော့ပါဘူး။အခုဆိုရင်သီပေါမြို့နဲ့ငါးမိုင်အကွာခန့်အထိတောင်စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာပါပြီ။မိုးကုတ်မြို့ကိုသိမ်းပိုက်နိုင်ဖို့ကတော့စစ်အုပ်စုအတွက်အလှမ်းဝေးနေဦးမှာပါ။အခုလဲမြို့နဲ့မိုင်ငါးဆယ်အကွာခန့်မှာသာရှိသေးတယ်။သီပေါမြို့ကတော့ဒီလမကုန်ခင်ပြန်ပေးရတော့မှာပါ။

Read moreDetails

အောက်တိုဘာ ၀၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​အေအေတော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။ ကပစ (၆)၊ (၁၄) နဲ့ (၂၄) မှာ တိုက်နေကြတာဖြစ်ပြီး ၆ နဲ့ ၁၄ နားမှာ  တိုက်ပွဲက...

Read moreDetails

အောက်တိုဘာ ၀၈၊ ၂၀၂၅။ (အင်္ဂါ)

မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ပြီးနောက် သေဆုံးသူအရေအတွက်ဟာ လေးဆယ်ကျော်ရှိလာပါပြီ။ ဒါ့အပြင် ဒဏ်ရာရသူတွေ ဆေးမကုနိုင်အောင်  ဆက်တိုက် ဆိုသလို မုံရွာမြို့ ထဲကနေ နောက်ထပ် ပါရာမော်တာနှစ်စီး ထပ်မံ ပျံတက်လာပြီး မုံရွာနယ် အရှေ့တောင်ခြမ်းနဲ့...

Read moreDetails

အောက်တိုဘာ ၀၇၊ ၂၀၂၅။ (အင်္ဂါ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်း နေသူတွေကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ စက်တပ်လေထီးနဲ့ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ၁၂၀ မမ...

Read moreDetails

အောက်တိုဘာ ၀၆၊ ၂၀၂၅။ (တနင်္လာ)

သီတင်းကျွတ်လပြည့်နေ့မှာပုဂံ‌ရှေးဟောင်းယဉ်ကျေးနယ်မြေကို လာရောက်လည်ပတ်တဲ့ ဘုရားဖူးဧည့်သည် ထောင်နဲ့ချီရှိနေတယ်။ ဧည့်သည် များလွန်းတာကြောင့် တန်ခိုးကြီးဘုရားတွေမှာ လူအပြည့်နဲ့စည်ကားနေပြီး ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းတွေပါ တည်းခိုသူတွေလည်းပြည့်နေပြီ။ နာမည်ကြီးဘုရားတွေမှာဆိုလည်း ကားရပ်နားကွင်းပြည့်လျှံတဲ့အထိပဲ။ ဒါပေမယ့် မိတ္ထိလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်က ကိုင်းတံတားကျိုးကျသွားတာကြောင့် မြို့ရှောင်လမ်းတွေကို အသုံးပြု မောင်းနှင်ရတဲ့အတွက်...

Read moreDetails
Page 6 of 182 1 5 6 7 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist