အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ ရခိုင်ရိုးမပေါ်နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေးနေပြီးတော်လှန်ရေးတပ်တွေကအပြီးသတ်ထိုးသစ်ဆင်နေပါပြီ။ ဗျူဟာစခန်းထဲက ထိပ်ပိုင်းကောင်တွေ ရဟတ်ယာဥ်နဲ့ထွက်ပြေးကုန်ကြပြီလို့ သိရတယ်။
အမ်းပဒါန်းလမ်းပိုင်းအနီးက လေကြောင်းရန်ကာကွယ်ရေးအတွက် ရေဒါပါတပ်ဆင်ထားတဲ့ဗျူဟာမြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကိုမတ်လမှာသိမ်းယူခဲ့တယ်။ စက်တင်ဘာလနဲ့ လက်ရှိ အောက်တိုဘာလဆန်းမှာ ဂုတ်ကြီးစခန်းနဲ့ ဖိုင်တာကုန်းလို အဓိကကာကင်း စခန်းတွေကိုတော်လှန်ရေးတပ်တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်။ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ပြီးနောက်ပိုင်း ဗျူဟာထဲကစစ်တပ်ရင်းတွေပါဆုတ်ခွာထွက်ပြေးတဲ့ အခြေအနေရောက်လာတယ်။ မကြာခင်မှာပဲ ထိုဗျူဟာကို အပြီးသတ်သိမ်းနိုင်တော့မယ်ထင်တယ်။ နတ်ရေကန်ဗျူဟာကို ရရှိသွားရင် စစ်တပ်ရဲ့ကပစစက်ရုံံတွေကို ဆက်လက်သိမ်းယူဖို့ အတော်ကိုလွယ်ကူသွားပါလိမ့်မယ်။


