မန္တလေးမြို့မြောက်ဘက်မတ္တရာမြို့နားထိနယ်မြေစိုးမိုးနိုင်ခဲ့တဲ့MDY PDFတပ်တွေလဲစစ်တပ်ရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့်နယ်မြေတွေပြန်လည်လက်လွတ်နေရတယ်။ ကနဦးကာလမှာနှစ်ဖက်စစ်ဆိုင်ထားတဲ့မတ္တရာမြို့အနောက်ခြမ်းကကျေးရွာတွေကိုစစ်တပ်ကနယ်မြေစီုးမိုးမှုရယူသွားတယ်။ပီးတော့ဖယောင်းတောင်နဲ့အယ်ဖာဘိလပ်မြေစက်ရုံလိုမျိုးအရေးပါတဲ့နေရာတွေကိုဆက်ပြီးလက်လွတ်လိုက်ရတယ်။အခုဆိုရင်MDF PDFတပ်ဖွဲ့တွေအခိုင်အမာခြေကုတ်ယူထားတဲ့မတ္တရာမြို့အနောက်ခြမ်းကိုစစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်နေရာအတော်များများကဆုတ်ခွာပေးလိုက်ရတယ်။မတ္တရာမြို့မြောက်ဘက်ကသပိတ်ကျင်းမြို့ကိုစစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်သွားပြီးစဉ့်ကူးမြို့ဟာလဲစစ်အုပ်စုလက်ထဲအလွယ်တကူကျရောက်သွားနိုင်တာကြောင့်မတ္တရာနယ်ကိုလဲတော်လှန်ရေးတပ်ဖွဲ့တွေဆက်ထိန်းထားနိုင်ဖို့မလွယ်တော့ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


