ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကိုရွေးကောက်ပွဲဝင်ပြိုင်ခွင့်စစ်ကော်မရှင်ကပိတ်ပင်လိုက်ပါတယ်။သူမဘဏ်တွေချေးယူထားတဲ့ဘီလီယံနဲ့ချီတဲ့ငွေတွေပြန်မဆပ်နိုင်သေးတဲ့အကြောင်းပြချက်နဲ့ပိတ်ပင်လိုက်တာပါ။
ဒေါ်သက်သက်ခိုင်ဟာအရင်ကNLD ပါတီကနေရွေးကောက်ပွဲဝင်ပြီးအနိုင်ရဖူးတယ်။ဒါပေမယ့်NLDပါတီကိုခြေစုံကန်ပြီးပြည်သူရှေ့ဆောင်ပါတီကိုတည်ထောင်ခဲ့တယ်။ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပေမယ့်တစ်နေရာမှအနိုင်မရခဲ့ပါဘူး။အာဏာသိမ်းဖို့စစ်တပ်ကိုဆော်သြကြတဲ့ပါတီတွေထဲမှာဒေါ်သက်သက်ခိုင်ရဲ့ပါတီလဲပါတယ်။အာဏာသိမ်းပြီးနောက်တော့လဲစစ်ကောင်စီအစိုးရအဖွဲ့ထဲမှာအရေးမပါတဲ့ဝန်ကြီးတစ်နေရာရလိုက်သေးတယ်။အခုတော့စစ်တပ်ကအလိုမရှိတော့လို့မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ကန်ထုတ်လိုက်ပါပြီ။ရွေးကောက်ပွဲတောင်ဝင်ပြိုင်ခွင့်မပေးတော့ဘူးဆိုတော့အရိုးတောင်ကိုက်ခွင့်မပေးတော့တဲ့သဘောပဲ။ပြည်သူကိုသစ္စာဖောက်ခဲ့တဲ့သူအတွက်ဘယ်သူမှဝမ်းနည်းမနေပါဘူး။


