TLNAအဖွဲ့ကစစ်ကော်မရှင်ကိုပြန်ပေးဖို့သဘောတူခဲ့တဲ့မိုးကုတ်မြို့ကိုဆက်လက်ခုခံကာကွယ်သွားမယ်လို့NUGလက်အောက်ခံPDFတပ်တွေကကြေညာလိုက်တယ်။ထိုမြို့ကိုTLNAနဲ့PDFတပ်တွေပူးပေါင်းသိမ်းပိုက်ခဲ့တာပါ။ထို့နောက်မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုTNLAကဦးစီးလုပ်ကိုင်ခဲ့တယ်။TNLAအုပ်ချုပ်နေစဥ်ကာလအတွင်းမိုးကုတ်မြို့မှာထွက်ရှိတဲ့ပတ္တမြားတွေကိုဂေါက်ကွင်းပါမချန်မြေလှန်ပြီးတူးဖော်ခဲ့တယ်။အခုTLNAကဆုတ်ခွာမယ်ဆိုတော့PDFတပ်တွေကမြို့ကိုဆက်လက်ထိန်းချုပ်သွားမယ့်သဘောပါပဲ။အခုလောလောဆယ်တော့စစ်ကော်မရှင်ကမိုးကုတ်ကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်မယ့်အခြေအနေမတွေ့ရသေးပါဘူး။
TLNAကစစ်ကော်မရှင်ထံပေးအပ်လိုက်တဲ့ရှမ်းမြောက်ကမိုးမိတ်မြိို့အခြေအနေကိုတော့သေချာမသိရသေးပါဘူး။ထိုမြို့ဟာလဲKIAထိန်းချုပ်နယ်မြေနဲ့နယ်နမိတ်ချင်းထိစပ်နေတယ်။TLNAဆုတ်ခွာချိန်မှာစစ်ကော်မရှင်တပ်တွေဝင်လာမလား၊KIAတပ်တွေဝင်ရောက်နေရာယူမလားမသိသေးဘူး။


