ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်စီးမှုဥပဒေနဲ့အရေးယူထားတဲ့လူဦးရေဟာ၉၀ကျော်ရှိလာပြီဖြစ်ပါတယ်။အများစုကတော့မဲဆွယ်ဆိုင်းဘုတ်တွေဖျက်စီးမှု၊လူမှုကွန်ယက်တွေပေါ်မှာရေးသားမှုတွေကြောင့်အရေးယူခံရတာဖြစ်တယ်။ဒီရက်ပိုင်းမှာတင်နာမည်ကြီးဒါရိုက်တာမိုက်တီးနဲ့အခြားအနုပညာရှင်အချို့အရေးယူခံလိုက်ရတယ်။သူတို့တွေဟာဖေ့ဘုတ်ကလှုံ့ဆော်တဲ့အရေးအသားတွေကိုreactပေးတယ်ဆိုပြီးဖမ်းဆီးသွားတာပါ။
စစ်ကော်မရှင်ဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအတော်ကိုအထိမခံဖြစ်နေတာပါ။ပါးစပ်ကဒီမိုကရေစီလို့အော်နေပြီးလူမှုကွန်ယက်တွေမှာတောင်တချက်မှားတာနဲ့စောင့်ကြည့်ပြီးထောင်ထဲတန်းထည့်နေတယ်။အာဏာရှင်နိုင်ငံအချို့ထပ်တောင်ဆိုးရွားတဲ့တင်းကြပ်မှုတွေပြုလုပ်နေပြီးဒီမိုကရေစီလို့အော်နေတာရယ်စရာပဲ။


