စစ်ကိုင်းတိုင်းထဲမှာအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုစစ်ကြောင်းတွေကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးစစ်ကြောင်းပျက်အောင်နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်ထဲမှာစစ်အုပ်စုနဲ့ပျူစောထီးတွေပူးပေါင်းအင်အားသုံးရာခန့်ရှိတဲ့စစ်ကြောင်းကိုဒီလ၁၂ရက်နေ့ကတကြိမ်ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့လို့စစ်ကြောင်းပျက်ပြီးပြန်ဆုတ်သွားခဲ့တယ်။ဒါပေမယ့်စစ်အုပ်စုဟာအင်အားပြန်လည်ဖြည့်တင်းပြီးထပ်မံစစ်ကြောင်းထိုးလာခဲ့လို့ဒီနေ့မှာဒုတိယအကြိမ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးစစ်ကြောင်းပျက်ကာကန့်ဘလူမြို့ထဲပြန်ပြေးသွားခဲ့ပါတယ်။တိုက်ပွဲနှစ်ခုအတွင်းစစ်အုပ်စုဘက်က၈၀ကျော်သေဆုံးပြီးလက်နက်ခဲယမ်းတွေလဲသိမ်းဆည်းရမိတယ်။အလောင်းတောင်မကောက်နိုင်လို့တော်လှန်ရေးတပ်ဖွဲ့တွေကသဂြိုလ်ပေးရတယ်။
စစ်တပ်နဲ့ပျူစောထီးတွေအားကောင်းနဲ့ကန့်ဘလူနယ်မှာအခုလိုမျိုးနှစ်ကြိမ်တိုင်တိုင်စစ်အုပ်စုကိုစစ်ကြောင်းပျက်အောင်တိုက်ခိုက်နိုင်တာအားရစရာပါပဲ။အညာကဒေသခံတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပူးပေါင်းနိုင်မှုဟာအတိုင်းအတာတစ်ခုအထိခရီးရောက်လာပြီ။ဒါပေမယ့်ဒီလောက်နဲ့တင်မလုံလောက်သေးပဲတပ်ပေါင်းစုတစ်ခုအသွင်ကြိုးစားသွားနိုင်မှခရီးဆုံးပန်းတိုင်ကိုမြင်ရမှာပါ။


