မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို TLNA ကိုယ်တိုင်စစ်တပ်ကိုခေါ်သွင်းလာမယ့်သတင်းက အတည်ဖြစ်သွားပါပြီ။ မိုးကုတ်မြို့ကိစ္စက မြေပြင်မှာ အခုတလော အရမ်းရှုပ်ထွေးပြီး ပြောင်းလဲနေပါတယ်။ TNLA ဟာ သူတို့ ဆုတ်ခွာချိန်မှာ စစ်ကောင်စီတပ်တွေကို မိုးကုတ်မြို့ထဲကို လိုက်ပို့ပေးဖို့ ဒါမှမဟုတ် အကူအညီပေးဖို့ အစီအစဉ်တွေ ပါတယ်လို့ သိရတယ်။ ဒီလိုသာ လုပ်ခဲ့ရင် TNLA က အာဏာရှင်ကို ပြန်လာခွင့်မပေးနိုင်ဘူးဆိုပြီး ရပ်တည်နေတဲ့ သူတို့ရဲ့ မဟာမိတ်PDF တွေနဲ့ တိုက်ရိုက် ရန်ဘက်လို ဖြစ်သွားတော့မှာပါ။
ဒီအခြေအနေမှာ PDF က TNLA ကို ပြန်တိုက်သင့်သလား ဆိုတာကတော့ မဟာဗျူဟာအရရော၊ ကျင့်ဝတ်ပိုင်း အရပါခေါင်းစားစရာပြဿနာပါ။ တိုက်သင့်တယ်ဆိုတဲ့ဘက်က ပြောမယ်ဆိုရင် အဓိကပန်းတိုင်က အာဏာရှင်ပြုတ်ကျဖို့ဖြစ်လို့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် စစ်ကောင်စီကို အကူအညီပေးရင်တော်လှန်ရေးကို အဟန့်အတား ဖြစ်စေတာပဲ။ ပြီးတော့မိုးကုတ်လို အရေးပါတဲ့မြို့ကို စစ်ကောင်စီ ပြန်ရသွားရင် တော်လှန်ရေးအတွက် နစ်နာနိုင်တာကြောင့် တိုက်သင့်တယ်လို့ဆိုနိုင်တယ်။
ဒါပေမယ့် မတိုက်သင့်ဘူး ဆိုတဲ့ဘက်ကပြောမယ်ဆိုရင် အကြမ်းဖက်စစ်တပ်ကို အဓိကတိုက်နေတဲ့ အင်အားကြီးနှစ်ဖွဲ့(TNLA နဲ့ PDF) က အချင်းချင်း ပြန်တိုက်ရင် တော်လှန်ရေးရဲ့အဓိက အားဖြစ်တဲ့ စည်းလုံးမှု ပျက်သွားလိမ့်မယ်။အချင်းချင်း တိုက်ပွဲဝင်နေရရင် အင်အားပြုန်းတီးပြီး ဒီအခွင့်အရေးကို စစ်တပ်ဘက်က အရယူကာ ကြားထဲကနှစ်ဘက် စလုံးကို ကောက်စားသွားနိုင်တယ်။ လက်ရှိမှာ TNLA ဘက်က ဒီကိစ္စကိုအတည်ပြုတာ၊ ငြင်းဆန်တာမရှိလို့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ဖို့တော့လိုမယ်။
ဒီနေရာမှာ တစ်ခုအမြတ်ထွက်နိုင်တဲ့ အချက်က ဗမာတော်လှန်ရေးတပ်တွေဟာ ကိုယ်တိုင်စုဖွဲ့မှု ခိုင်မာအောင်တည်ဆောက်ဖို့နဲ့အလံတော် တစ်ခုတည်းအောက်မှာ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ဖို့ ကသာတော်လှန်ရေး အောင်မြင်ဖို့တခုတည်းသော နည်းလမ်းဖြစ်တယ် ဆိုတာမြင်သာ စေခဲ့တာပဲ။ နောက်တစ်ချက်ကစုစည်းညီညွတ်သွားတဲ့ PDF အင်အားကိုမယှဉ်ရဲလို့ TNLA အလံအောက်ပုန်းပြီးမှ မြို့ထဲဝင်မယ့်အကြမ်းဖက် စစ်တပ်ရဲ့အကြောက်တရားကိုလည်းသိသာထင်ရှားစေခဲ့တယ်။


