သူတို့ရဲ့ခြေလှမ်းသစ်တစ်ခုက မနက်ခင်းကိုကြိုဆိုနေတယ်။
မြန်မာ့စီးပွားရေးဘဏ်ကနေ ပိုက်ဆံတွေလာထုတ်သွားတယ်တဲ့။ စစ်အာဏာရှင်တွေဟာ အစိုးရရဲ့ ဆိုင် ရာ ပိုက်ဆံတွေမှန်သမျှကိုလိုက်လံသိမ်းယူနေတယ်။ ရွှေတိဂုံဘုရားဘဏ္ဌာငွေ၊ ကျိုက်ထီးရိုးဘုရားဘဏ္ဌာ ငွေတွေကိုလည်းသိမ်းယူခဲ့တယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုက်ဆံတွေကိုလည်းသိမ်းယူခဲ့တယ်။ ကိုဗစ် ကာကွယ်ဆေးအတွက်ပြည်သူတွေ လှူထားတဲ့ပိုက်ဆံကိုလည်းသိမ်းယူသွားခဲ့တယ်။ သူတို့ဟာ ညဖက် ဆို ရပ်ကွက်တွေကိုခိုးဝင်တယ်။ နေ့ခင်းဖက်ဆိုရင် ပြည်သူတွေကို စိတ်ဒုက္ခပေးတယ်။ မြဝတီနဲ့ မြန်မာ့အ သံရုပ်သံလိုင်းတွေကနေ သတင်းအမှားတွေလွှင့်တယ်။ (They kill in the day. They steal at night. They lie on TV. They are military.) ပါပဲ။
တော်တော်လည်းစိတ်ပျက်စရာကောင်းနေပါပြီ။
ဒီနေ့က တစ်နိုင်ငံလုံး CDM မှာပါဝင်မယ့်နေ့ဆိုပြီးသတ်မှတ်ထားကြတယ်။ ဒါပေမဲ့ တချို့တွေကအလုပ် သွားကြတာတွေ့တယ်တဲ့။ ဟုတ်မှာပေါ့။ သူတို့ညက ဖမ်းဆီးသိမ်းသွင်းခဲ့တဲ့သူဘယ်နှစ်ယောက်တောင် ရှိခဲ့သလဲ။ မနက် ၉ နာရီမှာ အင်တာနက်လိုင်းပြန်ရတယ်။ သတင်းတွေပြန်ဖတ်ပြီး ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို လိုက်ရှာရတယ်။
ညတုန်းက ရန်ကုန်-ကူမင်း လေကြောင်းလိုင်းတွေ ခေါက်တုန့်ခေါက်ပြန် အကြိမ်ရေများများသွားနေတာ တွေ့တယ်တဲ့။ သူတို့ဘာလှုပ်ရှားခဲ့သလဲမသိ။ မြန်မြန်ဆင်းပါတော့ မင်းအောင်လှိုင်ရယ်လို့ပဲ အော်ညည်း မိတော့တယ်။ ပြည်သူ့ကျိန်စာသူမစူးနိုင်သေးဘူးလားလို့လည်း တွေးမိတယ်။ အာဏာကိုအဲဒီလောက် တောင်မက်ရသလားဗျာ။
အခုည ၁ နာရီမှာလည်း အင်တာနက်လိုင်းထပ်ဖြတ်ဦးမယ်တဲ့လေ။
ဒီနေ့ မန္တလေးမှာ အကြမ်းဖက်မှုတစ်ချို့ကိုမြင်လိုက်ရတယ်။
မြန်မာနိုင်ငံကြီးဟာ စစ်အာဏာရှင်လက်အောက်မှာ စိတ်ချမ်းသာစရာတစ်စက်ကလေးမှ မကောင်းခဲ့ပါ ဘူး။
>>>>>