တစ်တိုင်းပြည်လုံး အိမ်ပြင်ထွက်တဲ့နေ့လို့သတ်မှတ်ထားကြတယ်။
စစ်အာဏာရှင်တွေဟာ ဆန္ဒပြသူတွေတစ်ဖြည်းဖြည်းလျော့လာမယ်လို့မှန်းဆထားကြတယ်။ ဒါပေမဲ့ လုံး ဝလျော့မသွားဘူးဆိုတာ ဒီနေ့က သက်သေပြလိုက်တယ်။ ဒီနေ့ ပုံစံ (၂) မျိုးနဲ့ ဆန္ဒပြကြတယ်။ ပထမတစ် မျိုးက ရန်ကုန်တစ်မြို့လုံးကားပျက်ကြတာ။ တကယ်ပျက်တာတော့မဟုတ်ဘူးပေါ့။
ကားလမ်းမပေါ်ကားတွေကိုထွက်မောင်းပြထားပြီး ဒီအတိုင်းရပ်ထားကြတယ်။ ကားပျက်တယ်ပေါ့။ ရဲ တွေလိုက်ကြည့်တော့ ကားပျက်တယ်၊ ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုပြီးအကြောင်းပြကြတယ်။ အဓိ ကတော့ ရုံးသွားတဲ့သူတွေ နှောင့်နှေးဖို့ပဲလေ။
နောက်တစ်မျိုးကတော့ ပုံမှန်ထက်များတဲ့လူအုပ်ကြီးကိုပြတာ။ အရင်နေ့တွေကထက်များတဲ့လူအုပ်ကြီး ကို ဒီနေ့မှာတွေ့ရတယ်။ လူ့ပင်လယ်ကြီးပေါ့။ သန်းနဲ့ချီတဲ့လူအုပ်ကြီးက အံမခန်းပါပဲ။
ကျွန်တော်တို့ပြည်သူတွေဖက်က ဆန္ဒပြသလို သူတို့ စစ်တပ်ကလည်း ပြည်သူကိုအမျိုးမျိုးနှိပ်စက်မယ့် အကြံတွေထုတ်ပြန်တယ်။
ဒီနေ့ မန္တလေးမှာ စစ်တပ်က သေနတ်အချက်ပေါင်းများစွာဖောက်သွားတယ်။ ဖေ့စ်ဘုတ်မှာတက်လာတဲ့ ဗီဒီယိုဖိုင်အရ ရပ်ကွက်တစ်ခုထဲကိုဝင်ပြီး တရစပ်ပစ်သွားတာ။ မင်းမဲ့တိုင်းပြည်နဲ့မခြားတဲ့အတိုင်းပဲ။ ရက် စက်လိုက်ကြတာ။
>>>>>