နွေဦးတော်လှန်ရေးသပိတ်။ တစ်နိုင်ငံလုံးဟုန်းဟုန်းတောက်စည်ကားတယ်။ ၂၂ ရက်အတွင်းမှာ အစည် ကားဆုံးနေ့လို့တောင်ပြောလို့ရတယ်။ ရန်ကုန်တစ်မြို့တည်းမှာတင်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ လည်း မြို့တိုင်းနေရာတိုင်းမှာစည်ကားလို့နေတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ တောင်ငူ တွေတင်မကပါဘူး။ အခြား မြို့ငယ်လေးတွေမှာ ရော တော်တော်များများကျိတ်ကျိတ်တိုးစည်ကားလို့နေလေရဲ့။
စည်ကားခြင်းရဲ့နောက်ဆက်တွဲကလိုက်လာတယ်။ ကျွန်တော်တို့ပြည်သူတွေအားလုံး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုနေကြတာပါ။ ဒါပေမဲ့ နေပြည်တော်အပါအဝင်အခြားမြို့တွေမှာ ဆန္ဒပြည်သူတွေကို ရဲတပ်ဖွဲ့ ကလိုက်ဖမ်းတယ်။ ရဲတွေလိုက်ဖမ်းလို့ထွက်ပြေးအော်ဟစ်ငိုယိုနေကြတဲ့ လူငယ်တွေရဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းပေါ်တက်လာပြန်တယ်။
အကြမ်းဖက်ဖြိုခွင်းရလောက်တဲ့အထိ ကျွန်တော်တို့တွေဘာမှမလုပ်ခဲ့ဘူး။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာပါ။
>>>>>