၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဟာ နှစ်လတိတိပြည့်သွားပါပြီ။ဒီနှစ်လအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ၈မြို့ခန့် ထပ်မံသိမ်းပိုက်ထားနိုင်တယ်။တစ်ပတ်ကိုတစ်မြို့ခန့် သိမ်းယူနေတဲ့သဘောပါပဲ။ထိုရှစ်မြို့ထဲမှာ လားရှိုးလိုတိုင်းစစ်ဌာနချုပ်ကြီးတွေပါဝင်လာတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။မန္တလေးမြို့နားထိ တော်လှန်ရေးအဖွဲ့တွေရောက်လာဖို့ဆိုတာဒီနှစ်လယ်ခန့်အထိ အတော်အလှမ်းဝေးနေဆဲအခြေအနေကနေ အခုဆိုရင်မန္တလေးကိုအချိန်မရွေးဝင်တိုက်နိုင်တဲ့ အခြေအနေတွေဖြစ်လာပါပြီ။ဒါတွေဟာ ရှမ်းမန်းစစ်ဆင်ရေးတွေရဲ့တိုးတက်မှုတွေပါ။
ဒါ့အပြင် နိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာလဲ အေအေတပ်တော်ဟာစစ်ကောင်စီကို မရပ်မနားအစွမ်းကုန်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေတောင်ပိုင်းအထိရောက်ရှိလာတယ်။တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အမ်းမြို့ကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တယ်။ကျွမ်းကျင်သူတွေကတော့ ဒီနှစ်ကုန်လောက်မှာရခိုင်ပြည်နယ်တစ်ခုလုံး အေအေလက်အောက်ကျရောက်သွားလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။
မြောက်ပိုင်းကချင်ပြည်နယ်မှာလဲ KIAရဲ့ထိုးစစ်တွေဟာအောင်မြင်မှုတွေ ရရှိနေတယ်။မြို့တော်မြစ်ကြီးနားအနီးဝန်းကျင်အထိ KIAတပ်တွေထိုးဖောက်လာနေပါတယ်။စစ်ကောင်စီဒုတိယမြောက် လက်လွတ်ရ မယ့်တိုင်းစစ်ဌာနချုပ်ကတော့ မြောက်ပိုင်းနဲ့အနောက်ပိုင်း နှစ်ခုထဲကတစ်ခုပါပဲ။