စက်သုံးဆီလို ပြည်တွင်းမှာ ပြတ်လတ်နေတာက စားသုံးဆီပါ။စားသုံးဆီကိုလဲ ပြည်ပကနေဒေါ်လာဘီလီယံနဲ့ချီပြီး တင်သွင်းနေရတဲ့အချိန်မှာ စစ်ကောင်စီဟာဆီတင်သွင်းမှုကို တဖြည်းဖြည်းနဲ့လျော့ချလာပါတယ်။ဒါကြောင့်စားသုံးဆီစျေးဟာ ပြင်ပစျေးကွက်မှာ တပိသာ၁၈၀၀၀ကျပ်အထိဖြစ်လာတယ်။စစ်ကောင်စီကတော့ ရည်ညွန်းစျေး၆၀၀၀ကျပ်လောက်နဲ့ရောင်းပေးနေတယ်ဆိုပေမယ့် အလွယ်တကူဝယ်မရပဲ တန်းဆီတိုးကြိတ်ဝယ်နေရတယ်။ဒါပေမယ့်လဲ လိုသလောက်မရပဲတစ်အိမ်ထောင်ကို ရေသန့်ဘူးတစ်ဘူးသာရပါတယ်။စူပါမားကတ်ကြီးတွေမှာတောင်မှ ဆီကိုဝယ်ယူလို့မရတော့ပါဘူး။
အခုဆိုရင်စစ်ကောင်စီဟာ စားသုံးဆီဝယ်ယူခွင့်စာအုပ်တွေ ထုတ်ပေးတော့မယ်တဲ့။ထိုစာအုပ်ပါမှ ဆီဝယ်လို့ရတော့မယ်ပေါ့။ထိုစနစ်ဟာ၁၉၈၈ခုနှစ်မတိုင်မီက စနစ်ဟောင်းတစ်ခုဖြစ်ပြီး ထိုစနစ်ကိုစစ်ကောင်စီကအခုပြန်အသက်သွင်းလာတာပါ။စစ်ကောင်စီလက်ထက်ရောက်မှပဲ နောက်ကို နှစ်၃၀ခန့်ခေတ်နောက်ပြန်ဆွဲနေပါပြီ။