အထွေထွေကုန်ဈေးနှုန်းများတက်ပြီး ပြည်သူအများစု စီးပွားရေးကြပ်တည်းနေချိန်တွင် စစ်ကောင်စီကလျှပ်စစ်ဓာတ်အားခ နှစ်ဆ ကျော် တိုးမြှင့်လိုက်ပါတယ်။ တိုးမြှင့်လိုက်သည့် မီတာခ နှုန်းများအရ ယခင် က ၅,၀၀၀ ကျပ်ကျသည့် အိမ်သုံးမီတာ များမှာ ၁၂, ၀၀၀ ကျပ်ပေးရနိုင်ပြီး စက်မှုသုံး မီတာခ များမှာ ယခင် ၁၀ သိန်းဖြစ်ပါက ယခု ၂၅ သိန်းဝန်းကျင် ရှိလာနိုင်တယ်။ ပြင်ဆင်သတ်မှတ်လိုက်သော ဓာတ်အားခနူန်းထားများကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁ရက်မှစပြီး ကောက်ခံမှာပါ။ မိုးရာသီမှာတောင် လျပ်စစ်မီးကိုမှန်အောင်မပေးနိုင်ပေးနဲ့ မီတာခတွေတိုးမြှင့်လိုက်တာကတော့ ရယ်စရာပဲ။ ဒါပေမယ့်လဲမရယ်နိုင်ပါဘူး။ မီတာခတွေ စျေးတက်တာကြောင့် လျှပ်စစ်မီး နဲ့ထုတ်တဲ့ ကုန်ပစ္စည်းတွေပါ စျေးတက်လာမယ်။မဖြစ်မနေ စျေးတွေက စျေးဝယ်တိုင်း တက်စျေးရှိနေမယ်။ရှေ့လျှောက် လူထုက ကြပ်တည်းရင်းကြပ်တည်း မယ့် ကိန်းဆိုက်ဖို့ပဲရှိတယ်။