LATEST STORIES

သြဂုတ် ၂၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်ကမြို့သုံးခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုက်နက်တိုက်ခိုက်နေပါတယ်။KIAကဦးဆောင်ပြီး အင်းတော်၊ပင်လယ်ဘူးနဲ့ ထီးချိုင့်မြို့တွေကို တိုက်ခိုက်နေတာပါ။စစ်ကိုင်းတိုင်းထဲ မြို့သုံးခုလောက်ကို တပြိုက်နက်ထိုးစစ်ဆင်တာဒါပထမဆုံးပါပဲ။ KIAဟာကချင်ဟာ ကချင်ပြည်နယ်ထဲစစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ဗန်းမော်နဲ့မိုးမောက်ကြားကစစ်တပ်ရဲ့အမာခံတပ်ရင်းတစ်ခုကို တလကျော်ကြာတိုက်ခိုက်ပြီးနောက်သိမ်းပိုက်နိုင်လိုက်တယ်။ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ကစစ်တပ်စခန်းတွေလဲ ဖြည်းဖြည်းခြင်းဆီသိမ်းယူလျက်ရှိတယ်။ပြည်နယ်မြို့တော်မြစ်ကြီးနားအနီးကိုလဲ KIAတပ်တွေတဖြည်းဖြည်းချဥ်းကပ်လာနေပါပြီ။ဘယ်နေရာကိုဦးစားပေးပစ်မှတ်အဖြစ် တိုက်မလဲဆိုတာ​တော့ခန့်မှန်းရခက်နေဆဲပါပဲ။

Read moreDetails

သြဂုတ် ၂၀၊ ၂၀၂၄။ (အင်္ဂါ)

စစ်မှုထမ်းဖို့အတွက် အတင်းအဓ္ဓမပေါ်တာဆွဲမှုတွေဟာ မန္တလေးတိုင်းတင်မကတော့ပဲစစ်ကောင်စီအာဏာရပ်ဝန်းသက်ရောက်တဲ့ ဒေသတိုင်းလိုလိုမှာဖြစ်ပေါ်လာပါပြီ။အရင်ရက်တွေကမန္တလေးတိုင်းကျောက်ဆည်၊စဉ့်ကိုင်၊တံတားဦးမြို့တွေကလမ်းဆုံတွေမှာ လူငယ်တွေကိုအတင်းအဓ္ဓမ ကားပေါ်တင်ဆွဲခေါ်နေတယ်။နောက်ပိုင်းမှာတော့ အိမ်တွေထဲထိလိုက်ဆွဲနေပါတယ်။တမြို့နယ်ကိုလူအရောက်၂၀၀ကျော် ရအောင်ရှာမယ်လို့သိရတယ်။ပေါ်တာဆွဲခံရတဲ့အတချို့တွေကိုငွေပေးနိုင်ရင်တော့ ပြန်လွတ်ပေးတယ်။ငွေကသိန်း၅၀ကျော်ပေးရတယ်။ပြည်သူတွေကို ပြန်ပေးဆွဲသလို​မျိုးပြုမူနေတာပါ။နောက်ပိုင်းမှာ မန္တလေးတိုင်းတင်မကတော့ပဲပဲခူးတိုင်း၊ဧရာဝတီတိုင်းစတဲ့တိုင်းဒေသကြီးတွေကကျေးရွာတွေမှာပါ ဆက်တိုက်ပြုလုပ်လာနေပါပြီ။စစ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီဟာလူငယ်တွေအကုန် ပေါ်တာဆွဲစစ်တိုက်ခိုင်းဖို့လုပ်နေပါပြီ။

Read moreDetails

မြန်မာ၏ ဟင်နရီ-၈ မင်းအောင်လှိုင် ဖြစ်လာမည်လား

ဟားဗတ်တက္ကသိုလ်မှ ကမ္ဘာကျော် စီးပွားရေးပညာရှင်များဖြစ်ကြသည့် Carmen Reinhart နှင့် Kenneth Rogoff တို့ ပူးပေါင်းရေးသားသည့် “This Time Is Different: Eight Centuries of Financial Folly” ဆိုသည့်စာအုပ်တွင်...

Read moreDetails

သြဂုတ် ၁၉၊ ၂၀၂၄။ (တနင်္လာ)

မနေ့ကဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေတိုက်ခိုက်ခဲ့ရာမှာ နေ့လည်ပိုင်းလောက်မှာမြို့ကိုရရှိခဲ့တယ်။မြို့ပေါ်မှာစစ်ကောင်စီတပ် အင်အားသိပ်မရှိပါဘူး။ဒါကိုသိလို့လဲ မြို့သိမ်းတိုက်ပွဲပုံစံဆင်နွှဲခဲ့တယ်။မြို့ကိုရရှိလိုက်ပေမယ့် ချက်ချင်းဆိုသလို စစ်အုပ်စုဘက်ကလေကြောင်းပစ်ကူအဆမတန်သုံးပြီး မြေပြင်ကလဲအင်အားများစွာနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့လို့ညနေပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေကိုမြို့ပေါ်ကပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ဒီပဲယင်းမြို့ဟာစစ်ကိုင်းတိုင်းအောက်ပိုင်းမှာတည်ရှိပြီး မြို့ပေါ်မှာလဲစစ်တပ်အင်အားသိပ်မရှိတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေသိမ်းဖို့လွယ်ကူပေမယ့်ထိန်းဖို့ကတော့ အခက်အခဲရှိပါတယ်။ထိုမြို့ပတ်ဝန်းကျင်ဒေသတွေဟာ စစ်ကောင်စီတပ်တွေ ပတ်လည်ဝိုင်းထားတာကြောင့်ပါ။ဒါ့အပြင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာခဲယမ်းအင်အား လိုအပ်ချက်တွေရှိနေတယ်။စစ်ကိုင်းတိုင်းထဲကအဖွဲ့တွေဟာ ရှမ်းမြောက်လိုလက်နက်ခဲယမ်းအင်အား ဖောဖောသီသီမသုံးနိုင်ပါဘူး။ဒါ့ကြောင့်မြို့ကိုခဏအတွင်းမှာပဲ ပြန်လည်လက်လွတ်ခဲ့ရတယ်။ဒီလိုဖြစ်ရပ်မျိုးစစ်ကိုင်းတိုင်းကနီမြို့နဲ့...

Read moreDetails

သြဂုတ် ၁၈၊ ၂၀၂၄။ (တနင်္ဂ​နွေ)

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်အစပ်က မြို့တွေဖြစ်တဲ့အင်းတော်နဲ့ပင်လယ်ဘူးမြို့တွေကို KIAနဲ့PDFပူးပေါင်းတပ်တွေစတင်တိုက်ခိုက်နေပါပြီ။တချိန်ထဲမှာပဲစစ်ကိုင်းတိုင်းအောက်ပိုင်းက ဒီပဲယင်းမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေပါတယ်။၁၀၂၇စစ်ဆင်ရေးအပိုင်း၂စကတည်းက စစ်ကိုင်းတိုင်းထဲမှာပျူစောထီးစခန်းတွေကို ကြိုကြားတိုက်ခိုက်တာကလွဲပြီး စစ်ရေးလှုပ်ရှားမှုတွေငြိမ်နေခဲ့ပေမယ့် အခုတော့မြို့သိမ်းတိုက်ပွဲတွေစတင်လာပြီဖြစ်ပါတယ်။အရင်ရက်တွေကဒေသတွင်းရေကြီးမှုတွေကြောင့် ငြိမ်နေရပုံပေါ်တယ်။ကချင်ပြည်နယ်မှာလဲKIAက ရေကြီးမှုကြောင့်ခဏနားခဲ့ရတဲ့စစ်ရေးလှုပ်ရှားမှုတွေပြန်လည်စတင်လာပါပြီ။၁၀၂၇စစ်ဆင်ရေးလှိုင်းကိုလိုက်စီးပြီး အခြားဒေသတွေမှာပါထိုးစစ်တွေ ဖော်ဆောင်လာတာကောင်းတဲ့လက္ခဏာပါ။  

Read moreDetails

ဝမ်ယိ ခရီးစဉ် ဘာတွေချန်ထားခဲ့လဲ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်က တရုတ်ရဲ့ မြန်မာ့အရေး လိုလားချက်အပေါ် ရှင်းလင်းတဲ့ သတင်းစကားပေးပါတယ်။ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ သံတမန်ဆန်တဲ့ စကားတွေကိုဖယ်ထားလိုက်ရင် တရုတ်လိုချင်တာက မြန်မာပြည်ထဲက တရုတ်အကျိုးစီးပွားတွေကိုကာကွယ်ပေးပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုကို...

Read moreDetails

ရှမ်းမြောက်၏ မဟာဗျူဟာ ချုပ်ကွက် (သို့) မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးကို ထိန်းချုပ်ခြင်း

၂၀၂၄ ခုနှစ် ဇွန်လ၂၅ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင်လုံးသို့ စစ်နယ်ဝန်း ပြန့်နှံ့ခဲ့သည်။ စစ်နယ်ဝန်း ကျယ်ပြန့်လာသည်နှင့်အမျှ တော်လှန်ရေး တပ်များသည် ၎င်းတို့သိမ်းပိုက်ရရှိထားသော မြို့ရွာများကို အခိုင်အမာ ဆက်လက်စိုးမိုးထိန်းချုပ်နိုင်ရေးက...

Read moreDetails

သြဂုတ် ၁၇၊ ၂၀၂၄။ (စနေ)

မန္တလေးတိုင်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်က လမ်းဆုံလမ်းခွတွေနဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဒီမနက်ပိုင်း စီးနင်းကာ တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူဦးရေ ရာနဲ့ချီ ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။ ဩဂုတ်(၁၆)ရက် မနက်(၇)နာရီလောက်က စတင်ပြီး တံတားဦးမြို့...

Read moreDetails

သြဂုတ် ၁၆၊ ၂၀၂၄။ (သောကြာ)

ဒေါ်လာအကြပ်အတည်းနည်းတူပြည်တွင်းမှာကြုံတွေ့နေရတဲ့ နောက်တစ်ခုကတော့စက်သုံးဆီအကြပ်အတည်းပါပဲ။စက်သုံးဆီအကြပ်အတည်းဒီလအစကတည်းက ဖြစ်ပေါ်နေတာကြောင့်အခုဆိုရင် နှစ်ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။ဒီလအစမှာနယ်မြို့ကြီးတွေမှာပဲ စက်သုံးဆီပြတ်လတ်ခဲ့ပေမယ့်အခုရန်ကုန်မှာတောင် ဆိုးဆိုးရွားရွားဖြစ်လာပါတယ်။ရန်ကုန်တစ်မြို့လုံးမှာ စက်သုံးဆီအရောင်းဆိုင်၁၅ဆိုင်လောက်သာရောင်းချပေးနိုင်တော့တဲ့ အခြေအနေပါ။ဆီရဖို့ဆီဆိုင်တွေမှာ တညလုံးတန်းစီစောင့်ဆိုင်းနေရတယ်။ထိုသို့စောင့်မယ်ဆိုရင်တောင် မနက်ကျလို့ဆိုင်ဖွင့်ရင်ဆီရဖို့ မသေချာပါဘူး။ဒါ့ကြောင့်စက်သုံးဆီရဖို့တန်းစီနေကြတဲ့ကားတန်းတွေဟာ မိုင်နဲ့ချီပြီးရှည်လျားလားပါတယ်။အင်းလျားကန်ဘေးကဆီဆိုင်တစ်ခုမှာဆိုရင် တန်းစီကြတဲ့ကားတန်းဟာအင်းလျားကန်တစ်ပတ်ပြည့်တဲ့အထိရှိနေပါတယ်။နယ်မြို့တွေမှာတော့ ဒီထက်ပိုအခြေအနေဆိုးပါတယ်။မန္တလေး၊တောင်ကြီးစတဲ့မြို့ကြီးတွေအပြင် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်မှာပါ စက်သုံးဆီပြတ်လတ်နေတာပါ။ အရင်ကတည်းဒါမျိုးမကြာခဏဖြစ်ပေါ်တတ်ပေမယ့် တစ်ခေါက်ထက်တစ်ခေါက်အခြေအနေ ပိုဆိုးလာတာတွေ့ရတယ်။အချိန်လဲပိုကြာလာတယ်။အကြောင်းရင်းကတော့ စက်သုံးဆီဝယ်ဖို့စစ်ကောင်စီဘက်ကဒေါ်လာမထုတ်ပေးနိုင်တော့လို့ပဲ။အခုလိုဒေါ်လာစျေးတွေတက်နေတဲ့အချိန်မှာ...

Read moreDetails

သြဂုတ် ၁၅၊ ၂၀၂၄။ (ကြာသပတေး)

ဒီလအစကတည်းကဒေါ်လာစျေးတွေတရိပ်ရိပ်တက်လာလိုက်တာ ဒီနေ့ဆိုရင်သမိုင်းတလျောက်အမြင့်ဆုံးစျေးကိုထပ်မံစံချိန်ချိုးလိုက်ပါတယ်။တစ်ဒေါ်လာကို၇၂၀၀ကျပ်နဲ့ ရွှေစျေးဟာလဲ တစ်ကျပ်သားကို၈၅သိန်းဖြစ်သွားပါပြီ။လဆန်းပိုင်းကတည်းက တောက်လျောက်တစ်နေ့ကို ၂၀၀ကျပ်နှုန်းလောက်နဲ့တက်လာတာပါ။၂ပတ်ဆက်တိုက်ဒေါ်လာစျေးဟာ အတက်ကြမ်းနေတော့အထွေထွေကုန်စျေးနှုန်းတွေပါ လိုက်တက်လာနေပါပြီ။ကော်ဖီမစ်ကအစ ကန်စွန်းရွက်အဆုံးစျေးတွေတက်လာခဲ့တယ်။ငွေကြေးဖောင်းပွမှုဟာကြောက်ခမန်းလိလိဖြစ်လာတယ်။အရင်အကြိမ်တွေတုန်းက ဒီလိုဖြစ်လာရင်စစ်ကောင်စီကရွှေဆိုင်ပိုင်ရှင်တွေ၊ဒေါ်လာအရောင်းအဝယ်လုပ်သူတွေကို အဖမ်းပြပြီးဖြေရှင်းပေမယ့်အခုချိန်အထိ ဘာလှုပ်ရှားမှုမှမတွေ့ရပါဘူး။စစ်ကောင်စီဟာစစ်ရေးတစ်ခုထဲနဲ့တင် မြုပ်နေပြီးစီးပွားရေးဘက်လှည့်မကြည့်နိုင်တော့ဘူး။ဒီပုံအတိုင်းသာဆက်တက်နေမယ်ဆိုရင် ဒီလကုန်မှာဒေါ်လာစျေးဟာကျပ်တစ်သောင်းလောက်အထိ ရောက်သွားနိုင်ပါတယ်။

Read moreDetails
Page 47 of 233 1 46 47 48 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist