စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်ကမြို့သုံးခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုက်နက်တိုက်ခိုက်နေပါတယ်။KIAကဦးဆောင်ပြီး အင်းတော်၊ပင်လယ်ဘူးနဲ့ ထီးချိုင့်မြို့တွေကို တိုက်ခိုက်နေတာပါ။စစ်ကိုင်းတိုင်းထဲ မြို့သုံးခုလောက်ကို တပြိုက်နက်ထိုးစစ်ဆင်တာဒါပထမဆုံးပါပဲ။
KIAဟာကချင်ဟာ ကချင်ပြည်နယ်ထဲစစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ဗန်းမော်နဲ့မိုးမောက်ကြားကစစ်တပ်ရဲ့အမာခံတပ်ရင်းတစ်ခုကို တလကျော်ကြာတိုက်ခိုက်ပြီးနောက်သိမ်းပိုက်နိုင်လိုက်တယ်။ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ကစစ်တပ်စခန်းတွေလဲ ဖြည်းဖြည်းခြင်းဆီသိမ်းယူလျက်ရှိတယ်။ပြည်နယ်မြို့တော်မြစ်ကြီးနားအနီးကိုလဲ KIAတပ်တွေတဖြည်းဖြည်းချဥ်းကပ်လာနေပါပြီ။ဘယ်နေရာကိုဦးစားပေးပစ်မှတ်အဖြစ် တိုက်မလဲဆိုတာတော့ခန့်မှန်းရခက်နေဆဲပါပဲ။