ပီးခဲ့တဲ့ရက်တွေထဲအကြပ်အတည်းဖြစ်နေတဲ့ ဒေါ်လာစျေးနဲ့စက်သုံးဆီကိစ္စကတော့ အတိုင်းအတာတစ်ခုအထိပြေလည်သွားပါပြီ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကဒေါ်လာသန်းတစ်ရာခန့် စက်သုံးဆီလုပ်ငန်းရှင်တွေကို ထုတ်ရောင်းခဲ့တယ်။ဒါကြောင့်ဒေါ်လာစျေးဟာလဲ ၇၂၀၀ကျပ်မှ၆၀၀၀ကျပ်ခန့်အထိ ကျဆင်းသွားခဲ့တယ်။ဒါပေမယ့်လဲဒေါ်လာစျေးနဲ့အတူ လိုက်တက်သွားခဲ့တဲ့ကုန်စျေးနှုန်းတွေကတော့ ပြန်မဆင်းလာတော့ပါဘူး။နှစ်ပတ်ဆက်တိုက်ဒေါ်လာစျေးဟာ အတက်ဘက်ပဲဖြစ်ခဲ့တာကြောင့်လမ်းဘေးဆိုင်ကမုန့်တွေကအစစျေးတက်သွားခဲ့တယ်။
စက်သုံးဆီအခြေအနေကလဲ ဒီရက်ပိုင်းမှာပြန်ပြေလည်သွားခဲ့တယ်။ဒါပေမယ့်ဒါဟာလဲ ခဏတာဖြစ်မှာပါ။ဗဟိုဘဏ်ကထုတ်ရောင်းခဲ့တဲ့ ဒေါ်လာသန်း၁၀၀ရဲ့အရှိန်ကုန်သွားရင် စက်သုံးဆီပြတ်လတ်မှုကပြန်ဖြစ်လာမှာပဲ။ဒီပြသနာတွေဟာ ဆေးမှီးတိုနည်းတွေနဲ့ကုနေသမျှ ဘယ်တော့မှပြေလည်မှာမဟုတ်ပါဘူး။