မြန်မာပြည်ရဲ့လျှပ်စစ်ဓာတ်အားပေးနိုင်မှု အခြေအနေဟာ ပိုမိုဆိုးရွားလာနေပါပြီ။ရေအားလျှပ်စစ်အပြည့်အဝ ထုတ်လုပ်နိုင်တဲ့မိုးရာသီမှာတောင် ဓာတ်အားပြတ်တောက်မှုတွေ ဆိုးရွားလာနေတယ်။အာဏာသိမ်းကာစက မိုးရာသီဆိုရင် တစ်နိုင်ငံလုံးကို ၂၄နာရီဓာတ်အားအပြည့်ပေးနိုင်ခဲ့တယ်။နောက်ပိုင်းနှစ်တွေမှာတော့ နေ့ပိုင်းတွေမှာအလှည့်ကျ ဓာတ်အားပေးလာရပြီးညပိုင်းတွေကိုတော့ မီးမှန်အောင်ပေးထားတယ်ပေါ့။ဒီနှစ်မှာတော့ မိုးရာသီမှာတောင်နေ့ရောညပါ အလှည့်ကျစနစ်နဲ့ မီးပေးနေရတယ်။နောက်လကစပြီး မနက်အစောပိုင်းတွေပါ မီးပျက်တော့မှာပါ။မနက်အစောကြီး လျှပ်စစ်မီးမရတဲ့အတွက် အလုပ်သမားတွေ၊ကျောင်းသားတွေမနက်စာထမင်းဘူးအတွက် ချက်ပြုတ်ဖို့ဒုက္ခရောက်ကြတော့မယ်။ဒါဟာရန်ကုန်က အခြေအနေပဲရှိပါသေးတယ်။ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာဆို တနေ့ရှစ်နာရီတောင် လျှပ်စစ်မီးမရတော့ပါဘူး။အခြားနယ်မြို့တွေကတော့ ဆိုဖွယ်ရာမရှိတော့ဘူး။
တနိုင်ငံလုံးရေတွေကြီးပြီး ရေအားလျှပ်စစ်ထုတ်ပေးနေတဲ့ဆည်တွေ ရေလျှံနေတာတောင်ဓာတ်အားအပြည့်အဝမပေးနိုင်တာ အတော်စိတ်ပျက်စရာကောင်းတယ်။ဒါ့အပြင်စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေကိုလဲ ဓာတ်အားဖြတ်တောက်ထားသေးတယ်။ထိုမြို့တွေက ပိုလျှံလာတဲ့ဓာတ်အားတွေက ဘယ်ရောက်ကုန်ပြီလဲ။အခုလိုမိုးရာသီမှာတောင် ဒီလိုတွေဖြစ်နေရင်လာမယ့်နွေရာသီမှာ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်သွားမယ့် အခြေအနေရောက်လာတော့မယ်ထင်တယ်။