အာဏာသိမ်း စစ်ကောင်စီက စစ်ရှုံးနေမှုကို တန်ပြန်ထိန်းချုပ်ပြီး ကျန်ဒေသများကို ကာကွယ်နိုင်ရေးအတွက် အရပ်ဘက်များ ပါဝင်လာသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်တယ်။ ထိုအဖွဲ့ကို တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမယ်လို့ သိရတယ်။ စစ်ကောင်စီက ထိုကဲ့သို့ ဖွဲ့စည်းခြင်းမှာ စစ်တပ်အင်အား တစ်ခုတည်းဖြင့် ကာကွယ်ရန် မလုံလောက်၍ အရပ်သားများ ပါဝင်လာအောင် ကြိုးစားခြင်းဖြစ်တယ်။ အသက် ၃၅ နှစ်ကနေ ၆၅နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသားတွေအားလုံး ထိုအဖွဲ့အတွက် အကြုံးဝင်လာမှာဖြစ်ပြီးပြည်သူတွေအနေနဲ့ မိမိတို့နေထိုင်တဲ့ ရပ်ကွက် ၊ ကျေးရွာ အဆင့်အပြင် လမ်းအလိုက်ပါ လုံခြုံရေး အဖွဲ့တွေ ဖွဲ့ရမှာပါ။ လက်ရှိမှာတော့ ရန်ကုန်မြို့က မြို့စွန်ရပ်ကွက်အချို့မှာ အသက် ၃၅ နှစ်က ၆၅ နှစ်ကြား အမျိုးသားတွေကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးရုံးက အစည်းအဝေးခေါ်ပြီး အခြေခံ စစ်သင်တန်းတက်ဖို့ အသိပေးတာ ၊ လူစာရင်းကောက်တာတွေ ရှိလာနေပါပြီ။
စစ်မှုထမ်းဥပဒေပြီးနောက် ဒါဟာတနိုင်ငံလုံးကပြည်သူတွေကို အသက်အရွယ်မရွေးပဲ စစ်ပွဲထဲဆွဲသွင်းလိုက်ခြင်းပါပဲ။စစ်ပွဲတွေက လားရှိုးလိုမြို့ကြီးတွေကို ရောက်လာတာကြောင့် စစ်ကောင်စီဟာ အရူးမီးဝိုင်းနေပါပြီ။