စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းစတဲ့မြန်မာပြည်အလယ်ပိုင်းမြေလတ်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ တိုးလာတာအားရစရာပါ။အခုဆိုရင်မန္တလေးတိုင်းမြင်းခြံ၊တောင်သာ၊နွားထိုးကြီးမြို့နယ်တွေကတိုက်ပွဲတွေကြောင့် စစ်ကောင်စီအရပ်ဘက်ဝန်ထမ်းတွေအားလုံးထွက်ပြေးသွားကြပြီးအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီ။ထိုဒေသတွေမှာမြို့တွေမသိမ်းနိုင်သေးပေမယ့် စစ်ကောင်စီအနေနဲ့မစိုးမိုးနိုင်တော့ပါဘူး။
ရှမ်းမြောက်မှာတော့စစ်ကောင်စီဟာ ဆုံးရှုံးသွားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုး အသစ်ခန့်အပ်လိုက်ပါတယ်။မရှိတော့တဲ့စစ်ဌာနချုပ်တစ်ခုအတွက် တိုင်းမှုးခန့်တယ်ဆိုတော့ရယ်စရာပဲ။ဒါပေမယ့်သူတို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းကနန့်လမ်မြို့မှာ ပြန်လည်အင်အားစုစည်းနေပါတယ်။ထိုမြို့ဟာTLNAသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ရဲ့တောင်ဘက်မှာ တည်ရှိတယ်။ထိုဒေသကိုအခြေပြုပြီး စစ်ကောင်စီဟာလားရှိုးမြို့ကိုပြန်လည်ရယူဖို့ ကြံစည်နေပါတယ်။အခုလဲနောင်ချိုမြို့ဘက်ကိုစစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်တယ်။လက်ရှိအခြေအနေတွေအရစစ်အုပ်စုဟာ တန်ပြန်ထိုးစစ်ပြုလုပ်နိုင်ဖို့ထပ်ရှမ်းတောင်ပိုင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ ဆင်းမလာရေးကာကွယ်ဖို့က ပိုအရေးကြီးနေပါတယ်။