LATEST STORIES

ရုရှားမှ အဆင့်မြင့်ဒရုန်းများ စစ်ကောင်စီတပ်ဝယ်ယူ၊ မင်းအောင်လှိုင်၏လူယုံက အဓိကအခန်းကဏ္ဍမှပါဝင်

စစ်ကောင်စီတပ်သည် မကြာသေးခင်က ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အဆင့်မြင့်ဒရုန်းများဝယ်ယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးက အဓိကပတ်သက်နေသည်ကို မဇ္ဈိမ၏စုံစမ်းဖော်ထုတ်မှုအရသိရှိရသည်။ ဧပြီလ ၂၀ ရက်နေ့က  UAV ဒရုန်း ၁၅ စင်းနှင့်  Drone Guard များ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ရာတွင် အဆိုပါဒရုန်းများဝယ်ယူရရှိနိုင်ရေးနှင့် ဒရုန်းတပ်များကွပ်ကဲရေးတွင် ရုရှားပြန် ဗိုလ်မှူးကျော်ဇောရဲက...

Read moreDetails

စက်တင်ဘာ ၀၆၊ ၂၀၂၄။ (သောကြာ)

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်လာနေပါတယ်။ ယမန်နေ့တစ်ညတည်း မြို့နယ်လေးခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း များပြားခဲ့တယ်။ စစ်ကောင်စီဟာ မနေ့ညပိုင်းမဗာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်ရှိသော ဘန်​ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆိုသလို...

Read moreDetails

စက်တင်ဘာ ၀၅၊ ၂၀၂၄။ (ကြာသပတေး)

အကြမ်းဖက်စစ်တပ်ဟာနေရာတိုင်းမှာ ရှုံးနိမ့်နေပေမယ့်သူတို့ပြန်လည်အသာရလာတဲ့ ဒေသတစ်ခုတော့ရှိပါတယ်။ထိုဒေသကတော့ကရင်နီပြည်နယ်ပါ။ ကရင်နီပြည်နယ်တော်လှန်ရေးတပ်တွေဟာ ၁၀၂၇စစ်ဆင်ရေးပထမလှိုင်းကိုလိုက်စီးပြီး မြို့တော်လွိုင်ကော်ရဲ့နေရာအတော်များများအထိ သိမ်းပိုက်ထားနိုင်ခဲ့တယ်။ဒါပေမယ့်ဒီနှစ်ဇွန်လဆန်းကစပြီး စစ်ကောင်စီကအင်အား၂၀၀၀ခန့်နဲ့ ဒရုန်းတွေပါသုံးပြီးစနစ်တကျပြန်လည်ထိုးစစ်ဆင်လာတာကြောင့် သြဂုတ်လလောက်မှာ တော်လှန်ရေးအဖွဲ့တွေလွိုင်ကော်မြို့က ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်။အခုဆိုရင်စစ်ကောင်စီကထိုမြို့ကို အပြည့်အဝပြည်လည်ထိန်းချုပ်နိုင်လိုက်ပါပြီ။ ဒါ့အပြင်ဒီကြားထဲကာလမှာ ကရင်နီတော်လှန်ရေးအဖွဲ့တွေဆီ ရှမ်း​မြောက်ကနေပို့မယ့်လက်နက်ခဲယမ်းအများအပြားကို ရှမ်းတောင်မှာစစ်ကောင်စီက သိမ်းဆည်းရမိလိုက်တယ်။ဒါ့ကြောင့်​တော်လှန်ရေးအဖွဲ့တွေအတွက် ပိုမိုခက်ခဲသွားတယ်။အခုထိလဲလက်နက်ခဲယမ်း သယ်ဆောင်မယ့်လမ်းကြောင်းတွေကို...

Read moreDetails

စက်တင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်တပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းကို တော်လှန်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ထိုပစ်ခတ်မှုကြောင့် စစ်တပ်အရာရှိတွေအပါအဝင် ၁၈ဦးခန့်ထိခိုက်ခဲ့တယ်လို့သိရတယ်။မန္တလေးနန်းတွင်းကစစ်ဌာနချုပ် တိုက်ခိုက်ခံရတာဒါနဲ့ဆိုနှစ်ကြိမ်ရှိပါပြီ။အပစ်ခံရချိန်မှာ ဒုစစ်ခေါင်းဆောင်စိုးဝင်းလဲနန်းတွင်းမှာရှိနေခဲ့ပေမယ့် လွတ်မြောက်သွားခဲ့ပါတယ်။စိုးဝင်းဟာအကြမ်းဖက်စစ်တပ်က ပြန်လည်ဖော်ဆောင်မယ့်နိုင်ငံတော်အဆင့်ဆိုတဲ့ ထိုးစစ်ကြီးအတွက်မန္တလေးမှကိုင်တွယ်ညွန်ကြားနေတယ်လို့သိရတယ်။ထိုထိုးစစ်နဲ့လားရှိုးကို ပြန်လည်သိမ်းပိုက်မယ်လို့လဲ စစ်ကောင်စီကကြုံးဝါးထားသေးတယ်။လက်တွေ့မှာတော့ နေရာတိုင်းမှာအရှုံးကြီးရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်အတွက် လားရှိုးကိုပြန်သိမ်းနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။

Read moreDetails

စက်တင်ဘာ ၀၃၊ ၂၀၂၄။ (အင်္ဂါ)

သွင်းကုန်တွေကို ပို့​ကုန်ရငွေရှိမှတင်သွင်းခွင့်ပြုမယ့် အစီအစဥ်မှာ အဓိကအရေးကြီးတဲ့ဆေးဝါးတွေလဲ ပါဝင်မှာဖြစ်ပြီး ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် ပြန်လျှောက်ရမယ်တဲ့။ ဆေးဝါးဆိုတာ ပြည်သူတွေအတွက် မရှိမဖြစ်အရာ တစ်ခုပဲလေ။...

Read moreDetails

စက်တင်ဘာ ၀၂၊ ၂၀၂၄။ (တနင်္လါ)

စစ်ကောင်စီက မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ MNDAA/TLNA/AA အဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့တွေ အဖြစ် တဖက်သတ်ကြေညာလိုက်ပါတယ်။အခုလိုကြေညာလိုက်ပေမယ့် ထိုEAOသုံးဖွဲ့အတွက်တော့ဘာထူးခြားမှုမှ ရှိသွားမှာမဟုတ်ဘူး။ဘာပဲကြေညာပါစေ စစ်ကောင်စီကို ဆက်တိုက်နေကြမှာပဲ။စစ်ကောင်စီဖက်ကတော့ အခုလိုကြေညာလိုက်တာကြောင့် ထိုအဖွဲ့တွေနဲ့ဘယ်တော့မှမဆွေးနွေးဘူးလို့ ကြေညာလိုက်တာနဲ့အတူတူပါပဲ။အရင်ကတည်းကစစ်တပ်ဟာ သူတို့အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးရိုးထုံးစံမရှိပါဘူး။ဒါဟာစစ်ပွဲတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ဖိအားတွေပေးနေတဲ့တရုတ်​ကိုပါ ဂရုမစိုက်ကြောင်းပြသလိုက်တာပဲ။စစ်ကောင်စီကတော့ စစ်ကိုဆက်တိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။တော်လှန်အဖွဲ့တွေကလဲ...

Read moreDetails

ရှမ်းပြည်နယ်တောင်ပိုင်း စစ်မီး ကူးစက်ကျယ်ပြန့်လာနိုင်သလား

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်များ (EAOs) နှင့် စစ်ကောင်စီကို ဆန့်ကျင်သော တော်လှန်ရေးတပ်များ၏ စစ်မြားဦးသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်လာနိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ ပြည်မဒေသနှင့် စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ပေးထားသော ရှမ်းပြည်နယ်တောင်ပိုင်းသည်...

Read moreDetails

စက်တင်ဘာ ၀၁၊ ၂၀၂၄။ (တနင်္လာ)

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဆေးဝါးအပါအဝင် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာရောင်းမပေးတော့ဘဲ  စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်တယ်။ ထိုစနစ်သစ်က သွင်းကုန်အားလုံးအပေါ် သက် ရောက် မှုရှိမှာဖြစ်ပြီး...

Read moreDetails

သြဂုတ် ၃၁၊ ၂၀၂၄။ (တနင်္ဂ​နွေ)

မနေ့ကထွက်လာတဲစာနဲ့ပတ်သတ်ပြီး တော်လှန်ရေးဘက်တော်သားတွေဘက်မှာ ပွဲဆူနေကြတယ်။တချို့လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကတော့ တရုတ်ကိုဆန့်ကျင်ကြောင်း ပြောဆိုစာထုတ်လာကြတယ်။တကယ်တော့ထိုစာဟာ အတုဖြစ်စေအစစ်ဖြစ်စေအစစ်လို့မှတ်ယူရမှာက အမှန်တရားပါပဲ။ ဒီလလယ်လောက်မှာ တရုတ်နိုင်ငံခြား​​​ရေးဝန်ကြီးဝမ်ယီနေပြည်တော်ကိုလာပြီး မင်းအောင်လှိုင်နဲ့တွေ့သွားတယ်။ပြီးတော့အာဆီယံခေါင်းဆောင်တချို့နဲ့ ဆက်တွေ့တယ်။မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်မရကြောင်းပြောတယ်။စစ်ပွဲတွေရပ်စဲဖို့ တရုတ်အနေနဲ့ကြိုးစားနေကြောင်းပြောတယ်။တချိန်ထဲမှာပဲ တရုတ်နိုင်ငံဆိုင်ရာမြန်မာပြည်အထူးကိုယ်စားလှယ်က KIA၊ဝအဖွဲ့အပါအဝင်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့တယ်။နောက်ဆုံးမှာတော့ ထိုစာထွက်လာခဲ့တယ်။...

Read moreDetails

သြဂုတ် ၃၀၊ ၂၀၂၄။ (စနေ)

ရှမ်းမြောက်အဖွဲ့တစ်ခုဖြစ်တဲ့ TLNAကိုတရုတ်ကခြိမ်းခြောက်စာတစ်ခု ပို့လိုက်ပါတယ်။စာထဲမှာTLNAအနေနဲ့ တိုက်ပွဲတွေချက်ချင်းရပ်တန့်ဖို့နဲ့ မရပ်တန့်ပါက ကြောက်ရွံကျိုးနွံအောင် အရေးယူသွားမယ်လို့စကားလုံးကြမ်းကြမ်းတွေနဲ့ ဖော်ပြထားတယ်။ထိုစာကို ရွှေလီမြို့လုံခြုံရေးကောင်စီက ပို့လိုက်တာဖြစ် ပြီးတရုတ်ဗဟိုအစိုးရကထုတ်ပြန်တဲ့စာတော့မဟုတ်ပါဘူး။စာပုံစံကလဲခေါင်းစဉ်း၊တံဆိပ်တုံးစတာတွေမပါပဲ စာရွက်အလွတ်ပေါ်မှာ ဖြစ်သလိုရေးသားထားပြီးအသုံးအနှုန်းတွေကလဲ လူမိုက်ဆန်ဆန်ဖြစ်နေတယ်။ဒါ့ကြောင့်ထိုစာကို အတုလားအစစ်လားအငြင်းပွားနေကြတယ်။TLNAကတော့ စာကိုလက်ခံရရှိကြောင်းအတည်ပြုထားပြီး ဘယ်လိုတုန့်ပြန်မလဲဆိုတာ အစည်းအဝေးထိုင်နေပါတယ်။ ထိုစာဟာအတုဖြစ်စေအစစ်ဖြစ်စေ တရုတ်ရဲ့ဖိအားဟာမြောက်ပိုင်းအဖွဲ့တွေအပေါ်မှာ...

Read moreDetails
Page 45 of 233 1 44 45 46 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist