Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရုရှားမှ အဆင့်မြင့်ဒရုန်းများ စစ်ကောင်စီတပ်ဝယ်ယူ၊ မင်းအောင်လှိုင်၏လူယုံက အဓိကအခန်းကဏ္ဍမှပါဝင်

စစ်ကောင်စီတပ်သည် မကြာသေးခင်က ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အဆင့်မြင့်ဒရုန်းများဝယ်ယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးက အဓိကပတ်သက်နေသည်ကို မဇ္ဈိမ၏စုံစမ်းဖော်ထုတ်မှုအရသိရှိရသည်။

September 7, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကောင်စီတပ်သည် မကြာသေးခင်က ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အဆင့်မြင့်ဒရုန်းများဝယ်ယူခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးက အဓိကပတ်သက်နေသည်ကို မဇ္ဈိမ၏စုံစမ်းဖော်ထုတ်မှုအရသိရှိရသည်။

ဧပြီလ ၂၀ ရက်နေ့က  UAV ဒရုန်း ၁၅ စင်းနှင့်  Drone Guard များ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ရာတွင် အဆိုပါဒရုန်းများဝယ်ယူရရှိနိုင်ရေးနှင့် ဒရုန်းတပ်များကွပ်ကဲရေးတွင် ရုရှားပြန် ဗိုလ်မှူးကျော်ဇောရဲက လုပ်ဆောင်လျှက်ရှိသည်။

ဝယ်ယူထားသော UAV ဒရုန်းများသည် ဒရုန်းတား လှိုင်းဖြတ်စက်ဂျန်မာများကို ကျော်ဖြတ်နိုင်ပြီး ဒေါင်လိုက်တက်ဆင်းလုပ်နိုင်ကာ ပုံသေတောင်ပံ fixed wings များနှင့်ဖြစ်သည်။ Drone Guard ဆိုသည်မှာ တန်ပြန်ဒရုန်းစနစ်ဖြစ်ပြီး ဒရုန်းများ၏ ဆက်သွယ်ရေးဒေတာလင့်ခ်ကို ထောက်လှမ်းခြင်း၊ အမျိုးအစားခွဲခြင်း၊ ခြေရာခံခြင်းများလုပ်နိုင်သည်။

ဒရုန်းတပ်ဖွဲ့များအတွက် တိုက်ရိုက်ကွပ်ကဲမှုကိုတော့ ဗိုလ်မှူးကျော်ဇောရဲ၏တပည့်ရင်းဖြစ်သူ ရုရှားမှပင် ဘွဲ့လွန်ရခဲ့သူ ဗိုလ်ကြီးကျော်မျိုးအောင်က လုပ်ဆောင်နေသည်။

မှော်ဘီအခြေစိုက် အမှတ် (၅) လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဒရုန်းတပ်ဖွဲ့များ တည်ထောင်ဖွဲ့စည်းထားပြီး ဧပြီ ၂၆ ရက်နေ့ကစတင်ကာ သင်တန်းပို့ချပေးနေသည်ဟု DVB သတင်းတရပ်က ပြောသည်။ လစခ (၅)သည် ၎င်း၏တပ်ရင်းများကို ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြန့်ခွဲထားသည်။

ဒရုန်းသင်တန်းသို့ တပ်မ (၁၁)၊ တပ်မ (၆၆) နှင့် တပ်မ (၇၇) လက်အောက်ခံ စစ်ဆင်ရေးတွင်ပါဝင်သော ခြေလျင်၊ ခြေမြန်တပ်ရင်းများမှ အရာရှိနှင့် အခြားအဆင့်စစ်သည်အချို့ကို သင်ကြားပေးနေသည်ဟု ဒီဗီဘီက ပြောသည်။

စစ်တက္ကသိုလ် (DSA) အပတ်စဉ်-၄၇ ဆင်း ဗိုလ်မှူးကျော်ဇောရဲသည် ရုရှားဘာသာစကား ကျွမ်းကျင်သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အိမ်နှင့် ရုံးသို့ ဝင်ထွက်ခွင့်ရသူ လူယုံအနည်းငယ်ထဲမှ တဦးဖြစ်သည်။ သူသည် သိုသိုဝှက်ဝှက်နေသူဖြစ်ကာ စစ်ကောင်စီအတွက် ဒီဇယ်အပါအဝင် လောင်စာဆီများ စင်္ကာပူ၊ ထိုင်းတို့မှတဆင့် မှောင်ခိုတင်သွင်းမှုကွန်ရက်တွင်လည်း အခရာကျသူဖြစ်သည်။

သူသည် အင်းတိုင်ရှိ တပ်မ (၁၁) အခြေစိုက် စစ်ကောင်စီတပ်၏ သတင်းတု၊ သတင်းမှားထုတ်လုပ်သော ဝါဒဖြန့်ချိရေးအဖွဲ့ကိုလည်း ဦးဆောင်သူဖြစ်သည်။ အဆိုပါအဖွဲ့မှာ တယ်လီဂရမ်အပါအဝင် လူမှုကွန်ရက်မှ စစ်ကောင်စီဆန့်ကျင်သော တော်လှန်ရေးအင်အားစုများနှင့် လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ သတင်းမှားထုတ်လွှင့်ခြင်း၊ သတင်းမီဒီယာများတွင် ကွန်မင့်များရေးသားခြင်းစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နေခဲ့သည်။

အရပ်ဝတ်ဖြင့်နေလေ့ရှိသော သူ၏အကြောင်းကို မဇ္ဈိမက “မင်းအောင်လှိုင်အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ” ဟူ၍ စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် လုံခြုံရေးစိုးရိမ်ကာ နေရာပြောင်းအိပ်မှုများပင် ဖြစ်ပေါ်ခဲ့သည်။

 

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English