မနေ့ကထွက်လာတဲစာနဲ့ပတ်သတ်ပြီး တော်လှန်ရေးဘက်တော်သားတွေဘက်မှာ ပွဲဆူနေကြတယ်။တချို့လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကတော့ တရုတ်ကိုဆန့်ကျင်ကြောင်း ပြောဆိုစာထုတ်လာကြတယ်။တကယ်တော့ထိုစာဟာ အတုဖြစ်စေအစစ်ဖြစ်စေအစစ်လို့မှတ်ယူရမှာက အမှန်တရားပါပဲ။
ဒီလလယ်လောက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနေပြည်တော်ကိုလာပြီး မင်းအောင်လှိုင်နဲ့တွေ့သွားတယ်။ပြီးတော့အာဆီယံခေါင်းဆောင်တချို့နဲ့ ဆက်တွေ့တယ်။မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်မရကြောင်းပြောတယ်။စစ်ပွဲတွေရပ်စဲဖို့ တရုတ်အနေနဲ့ကြိုးစားနေကြောင်းပြောတယ်။တချိန်ထဲမှာပဲ တရုတ်နိုင်ငံဆိုင်ရာမြန်မာပြည်အထူးကိုယ်စားလှယ်က KIA၊ဝအဖွဲ့အပါအဝင်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့တယ်။နောက်ဆုံးမှာတော့ ထိုစာထွက်လာခဲ့တယ်။
တရုတ်ဟာ မြန်မာပြည်ထဲတိုက်ပွဲတွေရပ်စဲဖို့ သူတို့ပြောသလိုအပြင်းအထန်ကြိုးစားနေပါတယ်။တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးသလိုစစ်ကောင်စီကိုလဲ ဖိအားပေးနေတယ်။တိုက်ပွဲတွေ ဖြစ်လေလေပြည်တွင်းက သူ့အကျိုးစီးပွားတွေ ထိခိုက်လေလေပဲလေ။ဒါပေမယ့်တရုတ်ဟာ ပြည်တွင်းကအခြေအနေမှန်ကို အခုထိမသိသေးပါဘူး။တော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီပြုတ်ကျသည်အထိ တိုက်ပွဲဝင်ကြမယ်ဆိုတာကို နားမလည်သေးဘူး။နှစ်ဖက်လုံးကို ဖိအားတွေပေးပြီး ဆွေးနွေးပွဲတွေဖြစ်လာအောင် အတင်းဆွဲတင်နေတာပါ။လက်ရှိအခြေအနေမှာ တွေ့ဆုံဆွေးနွေးပွဲဆိုတာ လုံးဝမဖြစ်လာနိုင်ပါဘူး။ဒါပေမယ့်ထိုစာကြောင့်၁၀၂၇စစ်ဆင်ရေးအပိုင်း၂ကတော့ အရှိန်တန့်သွားနိုင်ပါတယ်။TLNAအနေနဲ့လဲလက်ရှိမှာ ထိုးစစ်ဆင်နေတာရှမ်းမြောက်နဲ့ရှမ်းတောင်အစပ်က တောင်ခမ်းနယ်တစ်ခုပဲ ရှိနေတာပါ။တောင်ခမ်းမှာမနေ့ကထိတော့ တိုက်ပွဲတွေပြင်းထန်နေတုန်းပဲ။TLNAအနေနဲ့ တရုတ်စကားနားထောင်မလားဆိုတာ တောင်ခမ်းနယ်ကတိုက်ပွဲတွေကို စောင့်ကြည့်ရမှာပဲ။