ရှမ်းမြောက်အဖွဲ့တစ်ခုဖြစ်တဲ့ TLNAကိုတရုတ်ကခြိမ်းခြောက်စာတစ်ခု ပို့လိုက်ပါတယ်။စာထဲမှာTLNAအနေနဲ့ တိုက်ပွဲတွေချက်ချင်းရပ်တန့်ဖို့နဲ့ မရပ်တန့်ပါက ကြောက်ရွံကျိုးနွံအောင် အရေးယူသွားမယ်လို့စကားလုံးကြမ်းကြမ်းတွေနဲ့ ဖော်ပြထားတယ်။ထိုစာကို ရွှေလီမြို့လုံခြုံရေးကောင်စီက ပို့လိုက်တာဖြစ် ပြီးတရုတ်ဗဟိုအစိုးရကထုတ်ပြန်တဲ့စာတော့မဟုတ်ပါဘူး။စာပုံစံကလဲခေါင်းစဉ်း၊တံဆိပ်တုံးစတာတွေမပါပဲ စာရွက်အလွတ်ပေါ်မှာ ဖြစ်သလိုရေးသားထားပြီးအသုံးအနှုန်းတွေကလဲ လူမိုက်ဆန်ဆန်ဖြစ်နေတယ်။ဒါ့ကြောင့်ထိုစာကို အတုလားအစစ်လားအငြင်းပွားနေကြတယ်။TLNAကတော့ စာကိုလက်ခံရရှိကြောင်းအတည်ပြုထားပြီး ဘယ်လိုတုန့်ပြန်မလဲဆိုတာ အစည်းအဝေးထိုင်နေပါတယ်။
ထိုစာဟာအတုဖြစ်စေအစစ်ဖြစ်စေ တရုတ်ရဲ့ဖိအားဟာမြောက်ပိုင်းအဖွဲ့တွေအပေါ်မှာ ကြီးကြီးမားမားရှိနေပါတယ်။၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းစကတည်းက တရုတ်ဟာမြောက်ပိုင်းအဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့နယ်စပ်ဂိတ်တွေကို ပိတ်ပစ်ခဲ့တယ်။ကုန်စည်စီးဆင်းလို့မရအောင် ဖြတ်တောက်ထားတယ်။လျပ်စစ်ဓာတ်အားကိုလဲ ဖြတ်တောက်ခဲ့တယ်။စစ်ဆင်ရေးတွေရပ်ဖို့ တောက်လျောက် ဖိအားပေးနေတာပါ။အခုတော့ခြိမ်းခြောက်စာ ထုတ်တဲ့အဆင့်ထိ ဖြစ်လာပါပြီ။