အကြမ်းဖက်စစ်တပ်ဟာနေရာတိုင်းမှာ ရှုံးနိမ့်နေပေမယ့်သူတို့ပြန်လည်အသာရလာတဲ့ ဒေသတစ်ခုတော့ရှိပါတယ်။ထိုဒေသကတော့ကရင်နီပြည်နယ်ပါ။
ကရင်နီပြည်နယ်တော်လှန်ရေးတပ်တွေဟာ ၁၀၂၇စစ်ဆင်ရေးပထမလှိုင်းကိုလိုက်စီးပြီး မြို့တော်လွိုင်ကော်ရဲ့နေရာအတော်များများအထိ သိမ်းပိုက်ထားနိုင်ခဲ့တယ်။ဒါပေမယ့်ဒီနှစ်ဇွန်လဆန်းကစပြီး စစ်ကောင်စီကအင်အား၂၀၀၀ခန့်နဲ့ ဒရုန်းတွေပါသုံးပြီးစနစ်တကျပြန်လည်ထိုးစစ်ဆင်လာတာကြောင့် သြဂုတ်လလောက်မှာ တော်လှန်ရေးအဖွဲ့တွေလွိုင်ကော်မြို့က ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်။အခုဆိုရင်စစ်ကောင်စီကထိုမြို့ကို အပြည့်အဝပြည်လည်ထိန်းချုပ်နိုင်လိုက်ပါပြီ။
ဒါ့အပြင်ဒီကြားထဲကာလမှာ ကရင်နီတော်လှန်ရေးအဖွဲ့တွေဆီ ရှမ်းမြောက်ကနေပို့မယ့်လက်နက်ခဲယမ်းအများအပြားကို ရှမ်းတောင်မှာစစ်ကောင်စီက သိမ်းဆည်းရမိလိုက်တယ်။ဒါ့ကြောင့်တော်လှန်ရေးအဖွဲ့တွေအတွက် ပိုမိုခက်ခဲသွားတယ်။အခုထိလဲလက်နက်ခဲယမ်း သယ်ဆောင်မယ့်လမ်းကြောင်းတွေကို စစ်ကောင်စီကပိတ်ပင်ထားတယ်။ကရင်နီတော်လှန်ရေးတပ်တွေဟာ တိုက်ခိုက်ရေးစွမ်းရည်အပြည့်အဝရှိနေပြီး လောလောဆယ်မှာခဲယမ်းလိုအပ်ချက်ရှိနေတာကြောင့် ဒီကာလမှာထိုးစစ်ထပ်ရယူထားတဲ့နယ်မြေတွေ ပြန်မပေးရရေးလုံးပမ်းနေရတယ်။