ရခိုင်ပြည်နယ်၊သံတွဲမြို့က မောင်ရွှေလေးရေတပ်စခန်းကို အေအေတပ်တော်က သိမ်းပိုက်လိုက်ပါပြီ။သံတွဲတစ်မြို့နယ်လုံးမှာ ထိုရေတပ်စခန်းတစ်ခုပဲ ကျန်တော့ပြီး စစ်တပ်ကထိုနေရာကနေ ကြည်း၊ရေ၊လေသုံးခုပေါင်းပြီး ခုခံနေလို့တလကျော်ကြာ တိုက်ခိုက်ခဲ့ရတယ်။တော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ရေတပ်စခန်းတစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်တာဖြစ်ပြီး သံတွဲမြို့ဟာလဲ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပါပြီ။အေအေဟာသံတွဲမြို့တောင်ဘက်ရှိဂွမြို့ကိုပါဆက်လက်တိုက်ခိုက်နေပါပြီ။
မန္တလေးတိုင်းမြောက်ဘက်က သပိတ်ကျင်းမြို့ကိုလဲ MDYPDFတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုမြို့ကိုရလိုက်တာကြောင့် မန္တလေးတိုင်းမြောက်ပိုင်းတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပါပြီ။ထီးချိုင့်မြို့ကိုသာ ထပ်ရခဲ့ရင်မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်နဲ့ရှမ်းမြောက်ဟာ တဆက်ထဲတော်လှန်ရေးနယ်မြေဖြစ်သွားမှာပါ။