အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၁၄၊ ၂၀၂၄။ (စနေ)

စစ်ကောင်စီဟာ မေလကတည်းက အတင်းအဓ္ဓမစစ်သားစုဆောင်းလာတာ အခုဆိုရင်အပတ်စဥ်၈ကို ရောက်ရှိလာပါပြီ။ စစ်မှုထမ်း  အပတ်စဉ် ၈ ရောက်လာတော့ လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးဘူးလို့ သိရှိတယ်။...

Read moreDetails

ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)

ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက ငြိမ်သက်သွားခဲ့တယ်။ဒါ့ပေမယ့်အခုဒီဇင်ဘာလလယ်ထိတိုင်အောင် ကချင်၊ကယား၊ကရင်၊ချင်းနဲ့ရခိုင်ပြည်နယ်တွေမှာတော်လှန်စစ်တွေ ဆက်တိုက်ရှိနေတာကိုတွေ့ရတယ်။ဒါကိုကြည့်ချင်းအားဖြင့် စစ်ကောင်စီတပ်တွေဟာတနိုင်ငံလုံးမှာစစ်မျက်နှာအနည်းဆုံး ငါးခုခန့်တပြိုင်နက်ရင်ဆိုင်နေရဆဲလို့ပြောနိုင်ပါတယ်။တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်တပ်ကို နလန်ပြန်မထူနိုင်အောင်အလုပ်ပေးထားနိုင်ဆဲပါ။ ဒါ့ပေမယ့်ဒီအခင်းအကျင်းမှာ တစ်ခုသတိထားမိတာကတိုက်ပွဲတွေဟာ ပြည်နယ်တွေမှာသာပြင်းထန်နေပြီးပြည်မဒေသတွေဖြစ်တဲ့တိုင်းတွေမှာ ငြိမ်သက်နေတုန်းပါပဲ။တော်လှန်ရေးအောင်မြင်ဖို့မြန်မာပြည်အလယ်ပိုင်းနဲ့စစ်ကိုင်း၊မကွေး၊ပဲခူးစတဲ့တိုင်းတွေမှာ စစ်ဆင်ရေးကြီးတွေဖော်ဆောင်နိုင်ဖို့လိုပါတယ်။ထိုဒေသတွေမှာEAOတွေမရှိပဲ NUGလက်အောက်ခံတပ်တွေအခြေစိုက်ထားတယ်။တော်လှန်ရေးဟာပြည်နယ်တွေအားလုံး သိမ်းနိုင်ရင်တောင် အောင်မြင်ဦးမှာမဟုတ်သေးပဲတိုင်းဒေသကြီးတွေကို အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်မှ...

Read moreDetails

ဒီဇင်ဘာ ၁၂၊ ၂၀၂၄။ (ကြာသပတေး)

စစ်ရေးလှုပ်ရှားမှုတွေမရှိသလောက်ငြိမ်သက်သွားတဲ့ ကရင်ပြည်နယ်မှာလဲဒီလထဲမှာတော်လှန်စစ်တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာပါတယ်။မြို့သိမ်းတိုက်ပွဲတွေတော့ မရှိသေးပေမယ့်KNUကစခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်နေတယ်။ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီစခန်းသုံးထပ်မနည်းကိုဆက်တိုက်ဆိုသလို သိမ်းပိုက်ထားတယ်။အောင်​ဇေယျစစ်ကြောင်းတည်ရှိရာ အာရှလမ်းမကြီးနဲ့ဒေါနတောင်ပေါ်မှာလဲ နှစ်ဘက်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပါတယ်။အောင်ဇေယျစစ်ကြောင်းဟာ ရှေ့မတိုးနိုင်သေးပေမယ့်သူတို့ပြန်လည်သိမ်းပိုက်ထားတဲ့ ကော့ကရိတ်မြို့ကနေစစ်ကူတွေဆက်တိုက်ပို့နေပါတယ်။ ကရင်နီပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာမိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားထောင်ကျော်စစ်ကြောင်းထိုးနေတာ တစ်လခန့်ရှိနေပါပြီ။ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ အသည်းအသန်ခုခံနေရပါတယ်။ကရင်နီကနေရာအများစုကို စစ်ကောင်စီပြန်လည်မထိန်းချုပ်သွားနိုင်ရေးမှာ တော်လှန်ရေးအဖွဲ့တွေအဓိကလိုအပ်နေတာ​က ခဲယမ်းဖြစ်ပါတယ်။အရင်လိုရှမ်းမြောက်EAOတွေဆီကလမ်းကြောင်းအခြေအနေအရ သိပ်မရတော့လို့ရှိတာလေးနဲ့...

Read moreDetails

ဒီဇင်ဘာ ၁၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။KIAတပ်တွေဟာမြို့တွင်းအထိဝင်ရောက် ထိန်းချုပ်လာနိုင်နေပါပြီ။စစ်ကောင်စီဘက်ကတော့လေကြောင်းကိုအားပြုခုခံနေပါတယ်။ တချိန်ထဲမှာပဲKIAခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံရဲ့ဖိတ်ခေါ်မှုအရဆွေးနွေးပွဲတွေ တက်ရောက်ဖို့ထွက်ခွာသွားတယ်။ဘယ်ကိစ္စတွေဆွေးနွေးကြမလဲတော့ မသိရသေးပါဘူး။ဖြစ်နိုင်တာကတော့ကချင်ပြည်နယ်ထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအပါအဝင်တိုက်ပွဲတွေရပ်ရန်၊နယ်စပ်ဂိတ်တွေပြန်ဖွင့်ရန်နဲ့ မြေရှားသတ္ထုတွင်းကိစ္စတွေ အဓိကဆွေးနွေးနိုင်ပါတယ်။KIAအပေါ်တရုတ်ရဲ့ သြဇာသက်ရောက်မှုဟာအကန့်အသတ်ရှိနေတဲ့အတွက် သိပ်တော့စိတ်ပူစရာမလိုဘူးလို့ထင်မိတယ်။

Read moreDetails

ဒီဇင်ဘာ ၁၀၊ ၂၀၂၄။ (အင်္ဂါ)

ရာဇဝတ်ကောင်သူရိန်ထွန်းရဲ့ဖြစ်စဥ်ကိုကြည့်ရင် အကြမ်းဖက်စစ်တပ်မှာရာထူးကြီးပိုင်းကို​ရလာသူတွေဟာ နိုင်ငံနဲ့ပြည်သူတွေအပေါ်တစ်ခုမဟုတ်တစ်ခု ကျူးလွန်ထားကြသူတွေချည်းပါပဲ။ထိုသူတွေဟာခိုးမှု၊လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေကို​ပျော်ပျော်ကြီးကျူးလွန်ပြီး ပြစ်ဒဏ်ကကင်းလွတ်ခွင့်ရနေတာ အစဥ်အလာလိုတောင်ဖြစ်နေပြီ။၁၉၆၂ခုနှစ်ဗိုလ်ချုပ်နေဝင်းစစ်အာဏာသိမ်းပြီးကတည်းက တောက်လျှောက်စစ်တပ်ကပဲတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တော့ စစ်ဗိုလ်ချုပ်တွေကျူးလွန်ခဲ့တဲ့အမှုပေါင်းစုံကို သူတို့အချင်းချင်းမသိချင်ယောင်ဆောင်ထားခဲ့ကြတယ်လေ။ဘယ်သူမှပြစ်ဒဏ်မခံခဲ့ရတော့ ပြည်သူအပေါ်အနိုင်ကျင့်စော်ကားနှိပ်စက်တာဟာ သူတို့အတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုလိုတောင်ဖြစ်လာတယ်။ အခုနွေဦးတော်လှန်ရေးမှာတော့ ဒီအစဥ်အလာကနေသွေဖယ်လာပါပြီ။စစ်ရာဇဝတ်ကောင်ဗိုလ်ချုပ်တွေ၊​ဗိုလ်မှုးချုပ်တွေကိုတော်လှန်ရေးတပ်တွေက တိုက်ပွဲတွေမှာလက်ရဖမ်းဆီးမိလာကြတယ်။ဥပမာအားဖြင့်မောင်တောမှာ သူရိန်ထွန်းနဲ့လားရှိုးတုန်းကလဲအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်ချုပ်တစ်ဦးက အရှင်ဖမ်းမိခဲ့သေးတယ်။တိုက်ပွဲတွေအတွင်းသေဆုံးသွားကြတဲ့ စစ်တပ်ဘက်ကရာထူးကြီးပိုင်းတွေလဲမနည်းမနောပါပဲ။နွေဦးတော်လှန်ရေးကြီးအောင်မြင်သွားရင်တော့ ထိပ်ဆုံးကမင်းအောင်လှိုင်နဲ့တကွ...

Read moreDetails

ဒီဇင်ဘာ ၀၉၊ ၂၀၂၄။ (တနင်္လာ)

မောင်တောနယ်ခြားစောင့်စခန်းကို စွန့်ခွာထွက်ပြေးသွားတဲ့ ဗိုလ်မှုးချုပ်သူရိန်ထွန်းနဲ့အပေါင်းအပါတွေကို အေအေတပ်တော်က မောင်တောမြို့နားမှာပဲအရှင်ဖမ်းဆီးလိုက်ပါတယ်။ထိုသူကိုဖမ်းဆီးမိလိုက်တာဟာ အေအေအတွက်မောင်တောတိုက်ပွဲမှာ ကြီးမားတဲ့အပိုဆုပါ။ဘာလို့လဲဆိုတော့အဆိုပါပုဂ္ဂိုလ်ဟာစစ်ရာဇဝတ်မှုများစွာကို ထင်တိုင်းကြဲကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင်ဖြစ်နေလို့ပါပဲ။ ဗိုလ်မှုးချုပ်သူရိန်ထွန်းဟာသူဦးဆောင်တဲ့နယ်ခြားစောင့်စခန်းကို အဖက်ဖက်ကပိတ်ဆို့ခံထားရတာတောင် လက်အောက်ငယ်သားတွေကိုလက်နက်မချခိုင်းပဲ ဆက်တိုက်ခိုင်းတယ်။လက်နက်ချဖို့စီစဥ်သူတွေကိုလဲ ပစ်သတ်ခဲ့တယ်လို့သိရတယ်။သူရဲ့ခေါင်းမာမှုကြောင့်အေအေဟာမလိုအပ်ပဲ အသက်သွေးတွေထပ်ရင်းခဲ့ရတယ်။ဒါ့အပြင်တိုက်ပွဲကာလအတွင်း မောင်တောမှာရိုဟင်ဂျာတွေနဲ့ရခိုင်တွေကြားလူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်။မောင်တောမြို့ကိုမီးရှို့ခဲ့တဲ့ အဓိကတရားခံလဲဖြစ်တယ်။ရခိုင်ပြည်နယ်မှာတာဝန်မကျခင်ကလဲ မန္တလေးမြို့မှာဆန္ဒပြပြည်သူတွေကိုပစ်ခတ်နှိမ်နင်းမှုတွေကို ဦးဆောင်ပြုလုပ်ခဲ့သေးတယ်။မန္တလေးနန်းတွင်းစစ်ကြောရေးမှာလဲ...

Read moreDetails

ဒီဇင်ဘာ ၀၈၊ ၂၀၂၄။ (တနင်္ဂနွေ)

အနောက်ပိုင်းစစ်ဌာနချုပ်အမ်းမြို့ကိုလဲ အေအေတပ်တော်က မကြာခင်ရရှိတော့မယ်ထင်တယ်။အမ်းမြို့တစ်ခုလုံးကိုသိမ်းပိုက်ထားနိုင်ပြီးသိမ်းစရာဆိုလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းတစ်ခုသာ ကျန်တော့တယ်လို့သိရတယ်။စစ်သူပုန်တွေကတော့ လေ​ကြောင်းအကူအညီတွေနဲ့ ထိုဝန်းထဲမှာဆက်လက်ခုခံနေဆဲပဲ။အမ်းမြို့ကိုမကွေးတိုင်းဘက်ကမှ စစ်ကူအင်အားအမြောက်အများကိုအသေခံပြီး စစ်ကောင်စီကဆက်လက်ပို့ဆောင်နေဆဲပဲ။ထိုစစ်ကူစစ်ကြောင်းတွေကိုတော့ အေအေနဲ့မကွေးတိုင်းထဲက တော်လှန်ရေးတွေက အမ်းမြို့ထိရောက်မလာအောင် တားဆီးထားနိုင်ဖို့လိုတယ်။ ဒါ့အပြင်တပြိုင်နက်ထိုးစစ်ဆင်နေတဲ့ တောင်ဂုတ်မြို့ကိုလဲအေအေက သိမ်းပိုက်နိုင်လိုက်ပြီးမြို့ပြင်မှာကျန်နေသေးတဲ့စစ်ဌာနချုပ်တစ်ခု ဆက်လက်တိုက်ခိုက်နေတယ်။ဒီလကုန်လောက်မှာတော့ ပြည်မနဲ့လမ်းပန်းဆက်သွယ်ရေးအ​ချက်အခြာကျတဲ့ အမ်းနဲ့တောင်ကုတ်မြို့ နှစ်ခုထဲကအနည်းဆုံးတစ်ခုကတော့...

Read moreDetails

ဒီဇင်ဘာ ၀၇၊ ၂၀၂၄။ (စနေ)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ဘင်္ဂလားဒေ့ရ်နယ်စပ်မောင်တောမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းကြီးကို အေအေတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုသိမ်းပိုက်နိုင်ဖို့ အေအေဟာနှစ်လနီးပါး ပိတ်ဆို့ပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်။ထိုစခန်းမှာစစ်ကောင်စီတပ်တွေအပြင် ရိူဟင်ဂျာARSAတပ်တွေပါ ပူးပေါင်းခုခံခဲ့တယ်။မောင်တောမြို့ဟာရိုဟင်ဂျာလူမျိုးရေးအရှုပ်အရှင်းတွေ အများအပြားရှိနေတဲ့အတွက် အေအေအနေနဲ့အတော်ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ခဲ့ရတယ်။အခုလိုသိမ်းပိုက်နိုင်လိုက်တဲ့အတွက် နယ်စ​ပ်ကုန်သွယ်ရေးစခန်းတွေအပြင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်လုံးကို အေအေကထိန်းချုပ်နိုင်လိုက်ပါပြီ။ဒါ့ကြောင့် စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်အပေါ်ဖြတ်လေးဖြတ်နဲ့ပိတ်ဆို့ထားမှုဟာလဲ အရာမထင်ဖြစ်သွားတော့မှာပါ။ ထိုနယ်ခြားစောင့်စခန်းကို ဦးစီးကွပ်ကဲနေတဲ့စစ်ဗိုလ်ချုပ်ကတော့ အင်အားတစ်ရာလောက်နဲ့ထွက်ပြေးနေတာကြောင့် အေအေကသူ့ကိုဖမ်းဆီးရမိဖို့ရှာဖွေနေပါတယ်။​ထွက်ပေါက်မရှိစစ်ကူလဲပေးမရတဲ့ထိုစခန်းမှာ...

Read moreDetails

ဒီဇင်ဘာ ၀၆၊ ၂၀၂၄။ (သောကြာ)

တောင်ကိုရီးယားနိုင်ငံမှာအာဏာသိမ်းမှုမအောင်မြင်တဲ့နောက် ဆီးရီးယားနိုင်ငံကအာဏာရှင် အာဆတ်နဲ့တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကြောင့် နိုင်ငံကထွက်ပြေးသွားရပါပြီ။ဆီးရီးယားတော်လှန်ရေးတပ်တွေဟာထိုးစစ်ကြီးတစ်ခုကိုဆင်နွှဲပြီး၂ပတ်အကြာမှာပဲ မြို့တော်ဒမတ်စကပ်ကိုသိမ်းပိုက်နိုင်ခဲ့တယ်။အာဏာရှင်အာဆတ်ကတော့ ရုရှားကိုထွက်ပြေးသွားခဲ့တယ်။၂၀၁၁ခုနှစ်ကစတင်ခဲ့တဲ့ ပြည်တွင်းစစ်မှာအာဆတ်ဟာ ပြည်သူပေါင်း၃သိန်းခန့်ကိုရက်စက်စွာသတ်ဖြတ်ခဲ့သူပါ။အခု၁၃နှစ်အကြာမှာတော့သူ့ဘဝလဲနိဂုံးချုပ်သွားပါပြီ။ မြန်မာပြည်ရဲ့အခြေအနေကလဲ ဆီးရီးယားနဲ့ဆင်တူပါတယ်။စစ်အာဏာရှင်မင်းအောင်လှိုင်ကို တော်လှန်နေတာလဲ လေးနှစ်ပြည့်ပါတော့မယ်။နောက်ဆုံးမှာတော့မင်းအောင်လှိုင်ကို ဖြုတ်ချနိုင်ဖို့မျှော်လင့်ချက်ရှိနေပေမယ့် ဆီးရီးယားလို၁၃နှစ်လောက်ကြာမသွားဖို့တော့ ဆုတောင်းမိတယ်။  

Read moreDetails

ဒီဇင်ဘာ ၀၅၊ ၂၀၂၄။ (ကြာသပတေး)

အရင်ကတိုက်ပွဲတွေကြိုကြားကြိုကြားသာ ဖြစ်လေ့ရှိတဲ့ချင်းပြည်နယ်မှာလဲ ဒီလတွေထဲမှာတိုက်ပွဲကြီးတွေဆက်တိုက်ဆိုသလို ပြင်းထန်လာနေပါတယ်။ချင်းပြည်နယ်က ချင်းတော်လှန်ရေးအဖွဲ့နှစ်ဖွဲ့လုံးစစ်ကောင်စီတပ်တွေကို တပြိုက်နက်လိုလိုစစ်ဆင်ရေးတွေ ဖော်ဆောင်နေကြတယ်။ ချင်းတောင်ပိုင်းကချင်းညီနောင်အဖွဲ့ဟာ မင်းတပ်နဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေပြီး အောင်မြင်မှုတစ်ချို့ရထားတယ်လို့ထုတ်ပြန်ထားတယ်။အသေးစိတ်အခြေအနေကို​တော့ မပြောသေးပါဘူး။ချင်းမြောက်ပိုင်းမှာလဲ ချင်းပြည်နယ်ကောင်စီအဖွဲ့ကထန်တလန်မြို့ကို သိမ်းယူနိုင်ဖို့ကြိုးစားနေတယ်။ဒါ့အပြင်မြို့တော်ဟားခါးနဲ့ထန်တလန်ကြားလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီနဲ့အပြိုင် ကြိုးစားနေတယ်။အခုလောလောဆယ်တော့ ထိုလမ်းကြောင်းကို​ချင်းတော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်တယ်။ထန်တလန်မြို့ပေါ်မှာလဲ စစ်ကောင်စီတပ်တွေတပ်ဆွဲထားတဲ့ နေရာနှစ်ခုလောက်သာကျန်တော့တယ်။နွေဦးတော်လှန်ရေးစချိန်ကတည်းက ဒီကာလဟာ...

Read moreDetails
Page 12 of 158 1 11 12 13 158

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist