တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးခေါင်းစဥ်တပ်ပြီး စစ်ကော်မရှင်ဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ထားပါတယ်။အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံလမ်းကြောင်းရော ထိုင်းနိုင်ငံလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားတာပါ။တရုတ်နယ်စပ်ကဆင်းလာတဲ့ ကုန်ကားတွေကိုလားရှိုးမြို့မှာ ပိတ်ဆို့ဖမ်းဆီးနေတယ်။ထိုင်းနယ်စပ်ကိုဖြတ်လာတဲ့ ကုန်ကားတွေကိုလဲ ကားချင်းချိန်းတဲ့အဓိကနေရာဖြစ်တဲ့ ကရင်ပြည်နယ်ဘားအံမြို့မှာ တားဆီးဖမ်းဆီးနေတယ်။စစ်အုပ်စုကနယ်စပ်တွေကဆင်းလာတဲ့ ကုန်ကားတွေမှန်သမျှဖမ်းဆီးနေတာကြောင့် ကုန်သည်တွေရော၊ကုန်ကားတွေပါ ဒုက္ခရောက်နေကြတယ်။
ဒါ့အပြင်ပြည်တွင်းကို တင်သွင်းခွင့်မပြုတဲ့ကုန်ပစ္စည်း၃၅မျိုးစာရင်းတွေ လူမှုကွန်ယက်ပေါ်မှာပေါက်ကြားလာတယ်။ထိုပစ္စည်းစာရင်းမှာ ဘူဒိုဇာလိုယာဥ်တွေကအစတစ်ရှူးတွေ၊အမွေးတိုင်တွေ အဆုံးလူသုံးကုန်ပစ္စည်းမျိုးစုံပါဝင်နေတယ်။ထိုပစ္စည်းတွေ အကုန်ပြည်တွင်းကိုတကယ်မရောက်တော့ဘူးဆိုရင် မြန်မာပြည်ဟာကျောက်ခေတ်ကို ပြန်ရောက်သွားလိမ့်မယ်။


