ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ တပြိုင်နက်တိုက်ခိုက်နေတာပါ။ဗန်းမော်မြို့အရှေ့ဘက်ကမိုးမောက်မြို့ကို KIAကပြီးခဲ့တဲ့လတွေကတည်းက သိမ်းပိုက်ထားပြီးဗန်းမော်ရဲ့ကာကင်းတပ်ရင်းတစ်ခုကိုလဲ သိမ်းပိုက်ထားသေးတယ်။ဒါ့ကြောင့်စစ်ကောင်စီတပ်တွေဟာမိုးမောက်မြို့ကိုပြန်ရဖို့ ဆက်တိုက်ဆိုသလိုစစ်ကြောင်းထိုးနေစဥ်မှာပဲ အခုဗန်းမော်မြို့တိုက်ခိုက်ခံနေရတာပါ။ဒီနေ့မှာပဲဗန်းမော်တက္ကသိုလ်နဲ့တကွ မြို့ဝန်းကျင်ကစစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်လိုက်တယ်။အခုစစ်ဆင်ရေးဟာ KIAသမိုင်းတလျှောက်အကြီးဆုံးစစ်ဆင်ရေးလို့လဲဆိုကြတယ်။
Read moreDetailsတောင်ကိုရီးယားနိုင်ငံမှာ သမ္မတကစစ်တပ်ကိုအာဏာလွဲပေးခဲ့တာကြောင့် အာဏာသိမ်းမှုဆန်ဆန်ဖြစ်ပွားခဲ့တယ်။ဒါပေမယ့်ညတွင်းချင်းပဲလွှတ်တော်အမတ်တွေနဲ့ ပြည်သူတွေညီညွတ်စွာတုန့်ပြန်ခဲ့ကြလို့ထိုဖြစ်ရပ်ဟာ လေးနာရီလောက်နဲ့ပဲအဆုံးသတ်သွားတယ်။တောင်ကိုရီးယားစစ်တပ်ဟာ သမ္မတပေးတဲ့အမိန့်တချို့ကိုဖီဆန်ခဲ့တာလဲပါတာပေါ့။ဒါ့အပြင်တောင်ကိုရီးယားစစ်သားတွေဟာ နိုင်ငံကိုချောက်ထဲဆွဲချမယ့်လုပ်ရပ်မျိုးကို အသိဥာဏ်ရှိစွာနဲ့မကျူးလွန်ကြဘူး။ဒါတောင်စတော့ရှယ်ယာစျေးကွက်မှာ ညတွင်းချင်းပဲရှယ်ယာစျေးတွေကျဆင်းကုန်ပြီး တောင်ကိုရီးယားငွေတန်ဖိုးပါထိုးကျသွားတယ်။နိုင်ငံရေးအလှည့်အပြောင်းဟာ စီးပွားရေးကိုချက်ချင်းထိတာပဲ။ မြန်မာနိုင်ငံမှာတော့အာဏာသိမ်းပြီးလေးနှစ်နီးပါးကြာတဲ့အချိန်အထိ တော်လှန်စစ်ကိုဆင်နွှဲနေရတုန်းပဲ။ဦးနှောက်မရှိ၊အာဏာကိုငမ်းငမ်းတက်လိုချင်နေတဲ့ မင်းအောင်လှိုင်လိုစစ်ဗိုလ်ချုပ်တွေကြောင့်တိုင်းပြည်လဲစုတ်ပြတ်သတ်နေပါပြီ။ဒီတော်လှန်စစ်ကြီးဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ပြီးဆုံးမလဲဆိုတာလဲအခုထိမှန်းဆမရသေးပါဘူး။တိုင်းပြည်ဟာအမှောင်ထဲမှာတဝဲလည်လည်နဲ့ ဆက်လက်ဖြတ်သန်းနေရဦးမှာပါ။
Read moreDetailsတကယ်တော့YouTubeကခရီးသွားဟာ မြန်မာပြည်ကိုရူးလို့ရောက်လာတာပါ။ကမ္ဘာမှာခရီးမသွားသင့်ဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါတယ်။ရန်ကုန်မြို့ဟာလဲ အဆိုးရွားဆုံးမြို့တော်တွေစာရင်းမှာနံပါတ်၂ချိတ်ပါတယ်။ မြန်မာခရီးသွားလုပ်ငန်းဟာ လုံးဝပြိုလဲသွားပါပြီ။ကိုဗစ်စကတည်းကရပ်တန့်သွားတဲ့ ဒီလုပ်ငန်းဟာအာဏာသိမ်းပြီး၃နှစ်ကျော်ကြာလာတဲ့အထိ ဘယ်လိုမှတောင့်ခံနိုင်စွမ်းမရှိပါဘူး။နိုင်ငံအနှံအပြားမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လည်ပတ်စရာနေရာဆိုလို့ ပုဂံနဲ့ရှမ်းပြည်တောင်ပိုင်း ကလော အင်းလေးလောက်သာကျန်ပါတော့တယ်။ထိုဒေသတွေကဟိုတယ်တွေတောင် ခရီးသွားဝင်ရောက်မှုမရှိတာကြောင့်ရောင်းထုတ်ကုန်ကြပြီ။ရန်ကုန်မှာတောင် နာမည်ကြီးကြယ်ငါးပွင့်ဟိုတယ်ကြီးတွေဖြစ်တဲ့ ရှမ်ဂီလာတို့၊ဆီဒိုနားဟိုတယ်တို့တောင် ပိတ်ထားရတာလေးနှစ်ခန့်ရှိသွားပါပြီ။ထိုဟိုတယ်တွေဟာ အရင်စစ်အစိုးရလက်ထက်မှာတောင် ရအောင်ရှင်သန်ခဲ့တဲ့ဟိုတယ်ကြီးတွေပါ။လက်ရှိအခြေအနေတွေကြောင့် ခရီးသွားလုပ်ငန်းနဲ့သက်ဆိုင်သူအားလုံးလဲ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးကုန်ကြတာပေါ့။...
Read moreDetailsYoutube ကနေမြန်မာပြည်အကြောင်းရိုက်ထားတဲ့Documentary လေးတစ်ခုကြည့်ရတယ်။မြန်မာနိုင်ငံကိုလာလည်တဲ့နိုင်ငံခြားသားခရီးသွားတစ်ဦး ရိုက်ထားတာပါ။သူကဘန်ကောက်ကနေ မြန်မာပြည်ကိုလေကြောင်းကဝင်လာတယ်။မလာခင်မှာမြန်မာပြည်အကြောင်းလေ့လာထားလို့ လာဖို့လဲကြောက်နေတယ်။ဒါပေမယ့်လဲအတွေ့အကြုံတစ်ခုရအောင် အရဲစွန့်ပြီးလာခဲ့တာလို့ဆိုတယ်။သူသိထားတဲ့မြန်မာပြည်ဟာ ပြည်တွင်းစစ်ကြားမှာအတော်အခြေအနေ ဆိုးရွားနေပါတယ်။နိုင်ငံတကာကအခြားသူတွေလဲ ဒီလိုပဲသိထားကြတယ်။ ရန်ကုန်လေဆိပ်ကနေရန်ကုန်မြို့ကိုရောက်ပြီး မြို့တပတ်လည်ပြီးတော့ အခြေအနေတွေထင်ထားသလောက်မဆိုးဘူးလို့ သုံးသပ်ထားတယ်။ဒါပေမယ့်သူလည်ပတ်လို့ရတာကရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေလောက်ပါပဲ။စစ်ကိုင်း၊ရှမ်းမြောက်၊ရခိုင်စတဲ့ဒေသတွေကို သူသွားလို့မရပါဘူး။ထိုဒေသတွေကိုသွားခွင့်ရရင်တော့ မြန်မာပြည်ရဲ့ငရဲတွင်းတွေအကြောင်း သေချာသိသွားလိမ့်မယ်။ရန်ကုန်ကပြည်သူတွေကလဲ ကိုယ့်အပူတွေနဲ့ကိုယ်ရုန်းကန်နေရတာပါ။ဒီအချိန်မှာဘယ်သူမှ အေးအေးချမ်းချမ်းရှိမနေနိုင်ပါဘူး။
Read moreDetailsNUG ယာယီသမ္မတက ပြည်ပရောက်နေတဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို ပြည်တွင်းကိုပြန်လာဖို့တိုက်တွန်းလိုက်တယ်။ နွေဦးတော်လှန်ရေးအပေါ် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ပိုပြီးအတင့်ရဲလာချိန် ၊ စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာရွေးကောက်ပွဲလုပ်ပြီးနိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေချိန် ၊ NUG/PDF အပါအဝင်...
Read moreDetailsICCကမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးမယ့် မြန်မာပြည်ထဲအထိ လာဖမ်းလို့တော့မရပါဘူး။သူပြည်ပခရီးစဥ်တွေသွားတဲ့အချိန်ကျမှ သူသွားရောက်တဲ့နိုင်ငံကဖမ်းပေးမှရမှာပါ။ လက်ရှိမှာလဲမင်းအောင်လှိုင်ကို ရုရှားနဲ့တရုတ်ကလွဲပြီး ဘယ်နိုင်ငံမှလက်မခံပါဘူး။ထိုဖမ်းဝရမ်းဟာ မင်းအောင်လှိုင်ရဲ့နိုင်ငံရေးသိက္ခါကျစေရုံလောက်သာဖြစ်စေလိမ့်မယ်။တော်လှန်ရေးအတွက်တော့ ဘာသက်ရောက်မှုမှရှိမယ်မထင်ဘူး။ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြရမှာပါပဲ။
Read moreDetailsအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးICCက အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းလိုက်ပါပြီ။ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးICCရဲ့ တရားသူကြီးချုပ်ကိုယ်တိုင်အဆိုတင်တာပါ။လုပ်ထုံးလုပ်နည်းတွေအရ ဖမ်းဝရမ်းထွက်လာဖို့တော့ သုံးလလောက်ကြာမယ်လို့သိရတယ်။ ICCဟာဒီနှစ်ထဲမှာပဲ ကမ္ဘာပေါ်ကနာမည်ကြီးခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ရုရှားသမ္မတပူတင်နဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။မင်းအောင်လှိုင်သာဝရမ်းထုတ်ခံရမယ်ဆိုရင် အရှေ့တောင်အာရှနဲ့အာရှမှာပထမဆုံးICCရဲ့ဖမ်းဝရမ်းထုတ်ခံရတဲ့စစ်ခေါင်းဆောင်ဖြစ်လာမှာပါ။နိုင်ငံခေါင်းဆောင်ဖြစ်ချင်တဲ့ မင်းအောင်လှိုင်အတွက်လူမိုက်ခေါင်းဆောင်တော့ တရားဝင်ဖြစ်လာတော့မှာပေါ့။
Read moreDetailsပေါ်တာဆွဲခံရတဲ့လူငယ်တွေရှေ့တန်းမှာ သေဆုံးနေတာများနေပါပြီ။စစ်ကောင်စီရဲ့အဓ္ဓမလူသစ်စုဆောင်းနေမှုကြောင့် ပုံမှန်လူနေမှုဘဝတွေပြောင်းလဲလာနေတာ သတိထားမိတယ်။အနီးစပ်ဆုံးကတော့ရပ်ကွက်ထဲက ထိုင်နေကြလက်ဖက်ရည်ဆိုင်မှာ လူငယ်တွေလာထိုင်တာသိသိသာသာနည်းသွားတယ်။အရင်ကဆိုရင်အသက်၂၀ပတ်ဝန်းကျင်လူငယ်လေးတွေဟာ ညဦးပိုင်းလောက်ဆိုရင်လက်ဖက်ရည်ဆိုင်ကို အုပ်စုလိုက်ရောက်လာကြတယ်။ဂိမ်းဆော့ရင်ဆော့မယ်၊စကားပြောရင်ပြောမယ်၊သူတို့ဘဝဟာလွတ်လွတ်လပ်လပ်ပဲ။အခုတော့အဲ့ဒီအုပ်စုလေးတွေ တဖြည်းဖြည်းနဲ့ပျောက်ကုန်ကြပြီ။လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကိုမေးကြည့်တော့ အတော်များများကနိုင်ငံခြားကို ရရာနည်းလမ်းနဲ့ထွက်သွားကြပြီတဲ့။တချို့တွေကတော့ ဘယ်ရောက်မှန်းမသိပျောက်သွားကြတယ်။သူတို့လေးတွေဝိုင်းမှာလဲ အရင်လိုလူမစုံတော့ဘူး။အရင်လိုမပေါ့ပါးတော့ဘူး။အရင်လိုမပျော်ရွှင်တော့ဘူး။ဘယ်တော့စစ်မှုထမ်းထဲစာရင်းပါမလဲ ထိတ်လန့်နေရတယ်။ဒါဟာသက်ရောက်မှုပါးပါးလေးမျှသာဖြစ်တယ်။အခုဆိုအသက်၂၀နဲ့၃၀ကြားဝန်းကျင်လူငယ်တွေတွေ့ရင် စစ်ကောင်စီရဲ့သားကောင်တွေဖြစ်တော့မှာပဲဆိုတဲ့ အတွေးတွေမကြာခဏဝင်လာတယ်။သူတို့အစားကိုယ်ပါ ရင်မောတတ်နေပြီ။
Read moreDetailsအေအေတပ်တော်ရဲ့ အပြင်းအထန်ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့ကို စစ်ကောင်စီက မကွေးတိုင်းဘက်ကနေ အင်အားထောင်ချီစစ်ကူပေးဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့်လဲ စစ်ကူပေးဖို့ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်းဟာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ရခိုင်ရိုးမထဲမှာကစဉ့်ကလျား ထွက်ပြေးနေရတယ်။ ထိုစစ်ကြောင်းဟာ စစ်ကား ၂၂...
Read moreDetailsအရှေ့တောင်အာရှမှာအဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ကုန်းတွင်းပိတ်လာအိုနိုင်ငံကိုမြန်မာတွေသွားပြီးအလုပ်လုပ်နေရပါပြီ။လာအိုမှာလုပ်ခလစာအဖြစ်ဒေါ်လာ၂၀၀ခန့်သာရရှိပါတယ်။ဒေါ်လာ၂၀၀ဆိုတာမဖြစ်စလောက်လစာလေးပါပဲ။အာဏာမသိမ်းခင်ကငွေလဲနှုန်းနဲ့ဆိုရင်မြန်မာငွေနှစ်သိန်းကျော်သာရှိပါတယ်။အခုတော့ဒေါ်လာ၂၀၀ကမြန်မာငွေဆယ်သိန်းနားကပ်သွားပါပြီ။စီးပွားရေးချွတ်ခြုံကျနေတဲ့မြန်မာပြည်မှာဘယ်အခြေခံအလုပ်သမားမှဆယ်သိန်းလောက်မရပါဘူး။အဲ့ဒီတော့မြန်မာလူငယ်လေးတွေဟာဒေါ်လာ၂၀၀လောက်နဲ့လာအိုထိသွားအလုပ်လုပ်နေရတယ်။အာဏာသာမသိမ်းခဲ့ရင်မြန်မာပြည်ရဲ့အခြေခံလုပ်အားခဟာဒေါ်လာ၂၀၀မကရှိနေမှာပါ။အရင်ကလာအိုတို့၊ကမ္ဘောဒီးယားတို့ဟာအရှေ့တောင်အာရှမှာအဆင်းရဲဆုံးနိုင်ငံတွေပါ။အခုတော့မြန်မာပြည်ဟာသူတို့အောက်ရောက်သွားပါပြီ။
Read moreDetailsYou can copy without credits to our site. We Need Freedom.