စစ်ကောင်စီသာဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေအတွက် အခြေအနေပိုဆိုးလာနိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် စစ်ကောင်စီဟာ နိုင်ငံရေးအရ ဒီထက်ပိုပြီး တရားဝင်မှုတွေရလာမယ်။ နိုင်ငံရေးအရ တရားဝင်မှု ပိုရလာတာနဲ့အမျှ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ဖို့ တရုတ်နဲ့အတူ ပိုကြိုးစားလာလိမ့်မယ်။ စစ်ကောင်စီရဲ့ကြပ်တည်းနေတဲ့ နိုင်ငံခြားဝင်ငွေရရှိမှုအခွင့်အလမ်း ပိုလာရမယ်။ ရွေးကောက်ပွဲကနေ စစ်အစိုးရသပ်လျှို လွတ်တော်နဲ့ အစိုးရတရပ်ပေါ်လာရင် သံတမန်ရေးမှာ ပိုအားကောင်းလာပြီး နိုင်ငံတကာဆက်ဆံရေး စီးပွားရေးအပြင် ကဏ္ဍအစုံမှာ အခွင့်အလမ်းတွေ ပိုရလာလိမ့်မယ်။ တရုတ်က စစ်ကောင်စီအပေါ် ဒီထက်မပြောင်ပြောင်တင်းတင်း စစ်ရေးထောက်ပံ့လာလိမ့်မယ်။ တရုတ်ဖိအားနဲ့ နယ်စပ်နဲ့ ပြည်မထဲ စစ်ရေးလိုအပ်ချက်ကို ပိုပိတ်ဆို့လာလိမ့်မယ်။ ထိုင်း အိန္ဒိယ အာဆီယံနိုင်ငံတချို့က စစ်ကောင်စီဘက် ပိုယိမ်းလာလိမ့်မယ်။
ရွေးကောက်ပွဲသာ ကျင်းပနိုင်ခဲ့ရင် စစ်ကောင်စီဟာ သံတမန်ရေးမှာ ပိုအားကောင်းလာတာနဲ့အမျှ လက်လွတ်ထားရတဲ့နယ်မြေတွေကို စစ်မျက်နှာပြန်ဖွင့်လာနိုင်မယ်။ အထူးသဖြင့် မညီမညွှတ်ဖြစ်နေတဲ့ ဗမာတိုင်းဒေသကြီးထဲ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့နယ်မြေတွေ ရပ်ရွာတွေကို ပိုပြီးတော့ အကြမ်းဖက် ဖျက်ဆီးခံရမှာကို မြင်နေမိတယ်။ ဒီ ၆ အတွင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေ မလုပ်ပြနိုင်ရင် တော်လှန်ရေးဟာ ထင်ထားတာထက် ပိုအချိန်ယူရတော စစ်ဟာ မိုတီတွေပေး လေနဲ့တိုက်ရမယ့်အချိန်မဟုတ်တော့ပဲ မြေပြင်မှာ လက်တွေ့တိုက်ပြရမယ့်အချိန်တခုရောက်နေပြီဖြစ်တယ်။