စစ်ကောင်မရှင်ဟာအရေးပေါ်ကာလကို သက်တမ်းမတိုးတော့ပေမယ့်တနိုင်ငံလုံးကို မြို့ပေါင်း၆၃မြို့ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါမယ်။အများစုကတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့မြို့တွေပါ။ထူးခြားတာကတော့ ထိုမြို့တွေထဲမှာ စစ်ကောင်မရှင်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့အချို့ ပါဝင်လာတယ်။အရေးပေါ်အခြေအနေ ကြေညာထားမှုအရထိုမြို့တွေကို စစ်ကော်မရှင်ကလက်လွတ်ထားရတယ်လို့ တရားဝင်ကြေညာလိုက်တဲ့သဘောပဲ။ကျိန်းသေးတာကတော့ ထိုမြို့တွေမှာရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ပါဘူး။တော်လှန်ရေးအင်အားစုတွေကတော့ လေကြောင်းကနေပိုမိုအကြမ်းဖက်လာလိမ့်မယ်လို့ သတိပေးထားတယ်။
ဇူလိုင် ၃၁၊ ၂၀၂၅။ (ကြာသပတေး)
ဒီနေ့မှာစစ်ကောင်စီဟာ သူတို့ရဲ့ခြောက်လတစ်ကြိမ်ပုံမှန် သက်တမ်းတိုးနေကြနေ့ဖြစ်တယ်။ဒါပေမယ့်ဒီတကြိမ်မှာတော့ အရေးပေါ်ကာလဆိုတာကြီးကို သက်တမ်းမတိုးတော့ပါဘူး။...