စစ်ကော်မရှင်ဟာတနိုင်ငံလုံးမှာ စစ်ရေးအရပြန်လည်ခေါင်းထောင်လာတာဟာ လူအင်အားဖြည့်ဆည်းနိုင်မှုနဲ့ဒရုန်းနည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မှုတို့ကြောင့်ဖြစ်ပါတယ်။လူအင်အားလိုသလောက်ဖြည့်နိုင်မှုကြောင့် ထိုးစစ်ဆင်ရာမှာအင်အား အများအပြားအသုံးပြုလာနိုင်တယ်။ပေါ်တာဆွဲလာတဲ့ လူငယ်တွေရဲ့အသက်ကို လုံးဝအရေးမထားပဲတိုက်ပွဲရှေ့ဆုံးက တက်ခိုင်းပြီးလူလှိုင်းစစ်ဆင်ရေးပုံစံမျိုးလုပ်လာနိုင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဆုတ်ခွာပေးလိုက်ရတာမျိုးတွေ ဖြစ်လာတယ်။
နောက်တချက်ကတော့ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်တယ်။အရင်ကဒရုန်းဆိုတာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက်တိုက်ပွဲမှာ အဓိကအားသာချက်ဖြစ်တယ်။အခုတော့ ပြောင်းပြန်ဖြစ်သွားပြီ။နိုင်ငံတော်ဘဏ္ဏာကို ဖင်ခုထိုင်ထားတဲ့စစ်ကော်မရှင်ဟာ ဒရုန်းတွေကိုလိုသလောက်ဝယ်ယူအသုံးပြုနိုင်တယ်။နည်းပညာပိုင်းကိုလဲ တရုတ်နဲ့ရုရှားကကူညီပေးနေတယ်။မြေပြင်တိုက်ပွဲတွေမှာဗုံးကြဲလေယာဥ်တွေထပ် ဒရုန်းတွေကပိုမိုထိရောက်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေပြန်ခံရတဲ့ အလှည့်ရောက်လာတယ်။စစ်တပ်ရဲ့နည်းပညာမြင့် ဒရုန်းတွေကို တန်ပြန်နိုင်ဖို့ဂျန်ဘာတွေအတွက် ရုန်းကန်နေရတယ်။ဒါ့အပြင် စစ်တပ်လို လက်နက်ခဲယမ်းဖောဖောသီသီ မသုံးကြပါဘူး။ဒီအချက်တွေကြောင့်ပဲတော်လှန်ရေးအင်အားစုတွေဟာ တိုက်ပွဲတွေမှာကြီးမားတဲ့ အခက်အခဲတွေရင်ဆိုင်နေရတယ်။