စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရှိမ္မကား-ကျောက်မြောင်း ဗျူဟာ လမ်းမကြီးပေါ်မှာ ရှိနေတဲ့ ခရီးသွား ကားတန်းကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် ငါးစီးနဲ့ အကြိမ် ၂၀ခန့် ဗုံးကြဲ တိုက်ခိုက်လို့ ပြည်သူ ၁၆ဦးအထိ သေဆုံးပြီး ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရသွားပါတယ်။ ထိုယာဥ်တန်းဟာစစ်ကိုင်းမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ပိတ်မိနေတဲ့ ကားတွေပါ။ ထိုကဲ့သို့ ပိတ်မိနေချိန်မှာစုဂျက်ဖိုက်တာ ငါးစီးနဲ့ ထင်တိုင်းကျဲ ဗုံးကြဲခဲ့တာပါ။ ယာဥ်တန်းထဲမှာ ဆီသယ်ယာဥ်တွေပါ ပါဝင်နေလို့ထိခိုက်သေဆုံးမှုကြီးမားပါတယ်။ လမ်းပေါ်မှာ မီးလောင်နေတဲ့ ဆီကားတွေနား ပြန့်ကြဲနေတဲ့အလောင်းတွေကိုတောင် မကောက်နိုင်ကြဘူး။ တချို့အလောင်းတွေဆို မြင်မကောင်းအောင်ပျက်စီးသွားတယ်။
စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို ဦးတည်ပြီးဗုံးကြဲသတ်ဖြတ်နေတာကြာပါပြီ။ ဒါပေမယ့်အခုလိုပိတ်မိနေတဲ့ အရပ်သားယာဥ်တန်းကို စိမ်ပြေနပြေစိတ်ကြိုက်ဗုံးကြဲသတ်ဖြတ်မှုမျိုးကတော့ ဒါပထမဆုံးဖြစ်ပါပဲ။ စစ်အုပ်စုရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကတော့ ကမ်းကုန်ပါပြီ။